Tuesday, February 23, 2016

၂၀၁၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၂၃ ရက် ------------------------------------------ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒသမနေ့အစီအစဉ် ========================================== ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒသမရက်မြောက်နေ့ကို အစီအစဉ် (၁၀)ခုဖြင့် ကျင်းပမည်။

၂၀၁၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၂၃ ရက် ------------------------------------------ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒသမနေ့အစီအစဉ် ========================================== ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒသမရက်မြောက်နေ့ကို အစီအစဉ် (၁၀)ခုဖြင့် ကျင်းပမည်။ * ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာယူခြင်း၊ * ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ ပေးပို့လာသော ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို လွှတ်တော်က မှတ်တမ်းတင်ခြင်း- (က) ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အောက်လွှတ်တော်(State Duma) ဥက္ကဋ္ဌ H.E.Mr. Sergei E.Naryshkin ထံမှ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာ။ (ခ) ဗီယက်နမ်နိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Nguyen Sinh Hung ထံမှ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာ၊ * ဒေါက်တာမောင်သင်း၊ မိတ္ထီလာမဲဆန္ဒနယ်၏ “ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာခြင်းနှင့် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အယ်လ်နီညို အကျိုးသက်ရောက်မှုကြောင့် မြန်မာနိုင်ငံ တစ်ဝှမ်း ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်စီမံဆောင်ရွက်နိုင်ရေးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပူးပေါင်းပါဝင်ဆောင်ရွက်ရေးကို ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အရေးကြီးအဆိုကို အမည်စာရင်းတင်သွင်းထားသော လွှတ်တော် ကိုယ်စားလှယ်(၂၂)ဦးက ဆွေးနွေးခြင်း- * အဆိုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ * ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုး တိုးတက်ရေးကော်မတီတို့တွင် ပါဝင်မည့်အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ အတည်ပြုချက် ရယူခြင်းနှင့် ကော်မတီများ ဖွဲ့စည်းကြောင်း ကြေညာခြင်း၊ ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး ဒသမနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး (၁၁)ရက်မြောက်နေ့ ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာမည်။

No comments: