Thursday, December 18, 2014

ရဲ ကိုဘာကြောင့်မုန်းတာလဲ?????

 ရဲ ကိုဘာကြောင့်မုန်းတာလဲ?????



နိုင်ငံတိုင်းမှာ ရဲ မရှိတဲနိုင်ငံလို့မရှိပါဘူး နိုင်ငံတိုင်းမှာရှိနေတဲ့ ရဲ တွေရဲ့တာဝန်ထက် မြန်မာနိုင်ငံမှာရှိတဲ့ ရဲ တွေရဲ့တာဝန်ဟာပိုပါတယ်.. ကျွန်တော်တို့နိုင်ငံမှာ လူတော်တော်များများဟာ ရဲ ဆိုတာနဲ့ ကလေးကအစ လူကြီးထိ နှာခေါင်းရှုံ့ကျပါတယ် ဒါဘာကြောင့်ပါလဲ တချို့ကျတော့ ပြောတယ်။  သူတို့ကလဘ်စားလို့တဲ့ .. အဲ့တာဆိုသူတို့ကိုပေးဖူးပါသလား သူတို့ကမတရားဖမ်းလို့တဲ့ အဲ့တာဆို ဥပဒေဘောင်ထဲကပဲ နေဖူးပါသလား သူတို့ကအခွင့်ထူးခံတွေမို့တဲ့ အဲ့တာဆို ရဲ လာလုပ်ကြည့်လိုက်ပါလားလို့ တကယ်တော့ ရဲ ဆိုတာနိုင်ငံတွက်တွင်မကပဲ ပြည်သူပြည်သားတွေ အတွက်ပါ အချိန်ပြည့်တာဝန်ထမ်း ဆောင်နေရတာပါ နိုင်ငံဝန်ထမ်းချင်းတူပေမဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ထဲမှာပါနေတော့ တိုက်ပြိုလည်း သွားရမယ်။ မီးလောင်လည်းသွားရမယ်။ ခိုးမှုလည်းစစ်ရမယ်။ လူသတ်မှုလည်းဖမ်းရမယ် ။မဒိန်းမှုလည်း ထောင်ချရမယ် ။ဒါမျိုးတွေကို အကုန်လိုက်လုပ်နေရတဲ့သူပါ။ အမှုတခုဖြစ်ရင်လည်း တရားခံ နဲ့ တရားလိုဆိုတာရှိမယ်။ တစ်ယောက်ကနိုင်ရင် တယောက်မုန်းမယ်။ မှားတာမှန်တာကို သူတို့ကလက်မှ မခံကျပဲ လူသတ်မှုတရားခံကိုဖမ်းလို့ ပြန်ခုခံရင် အင်အားနဲ့ဖမ်းတာရှိမယ် ။တချို့ကဖမ်းတာပဲမြင်တယ် ။တရားခံလုပ်ခဲ့တာကိုမှမမြင်ကျတော့ပဲ ပွဲကျင်းပတာတွေမှာ လုံခြုံရေးအရစစ်မယ် အစစ်ခံတဲ့ သူတွေက ငြိုငြင်တယ်။ မစစ်လို့တခုခုဖြစ်လိုက်ရင် အလုပ်မှမလုပ်ပဲလို့ ပြောပြန်အုံးမယ်။ နေရာတကာမှာ ရဲ တွေဟာ ၀န်ထမ်းဆိုပေမဲ့ ပြည်သူတွေရဲ့ ငြိုငြင်မှုကိုခံပြီး မိမိတွက်မမျှော်ကိုးပဲ လုပ်ဆောင်နေရတာပါ။ ရဲ ဆိုတာ ပြည်သူထဲကဖောက်ဖွားလာတာပါ။ ပြည်သူ့တွက်ရဲတပ်ဖွဲ့ပါပဲ ။ကျွန်တော်စိတ်မကောင်းတာက ရဲ ဆိုတာနဲ့ မုန်းနေကျတယ် အဲ့မုန်းတဲ့သူတွေမှာ ဘာကြောင့်မုန်းတာလဲဆိုတဲ့ ခိုင်လုံတဲ့သက်သေပြချက် မရှိဘူး ။ဒါကြောင့် ခေတ်တွေ စနစ်တွေလည်း ပြောင်းနေပါပြီ။ ပြည်သူတွေအားလုံး မျက်လုံကိုဖွင့်ပါ ။နားကိုစွင့်ပါ ။မှားတယ်ဆိုရင် ထောက်ပြပါ ။မှန်တယ်ဆိုရင် ချီးကျူးပါ ။ဒါမှကျွန်တော်တို့အားလုံးဟာ တသွေးတည်း တသားထဲဖြစ်သွားမှာပါ။ အကြောင်းပြချက်မဲ့တဲ့ ရဲ ကိုမုန်းတဲ့အမုန်းတွေကိုလည်း ဆင်ခြင်တုံတရားလေးနဲ့ ကြည့်ပေးပါလို့ ပြောချင်ပါတယ် ‪#‎ကိုဘုန်း‬‪#‎KoBhone‬

No comments: