Monday, December 29, 2014

ဒေသခံ လယ်သမားများထံမှ KIA အဖွဲ့ ဆက်ကြေးကောက်ခံလျက်ရှိ

 ဒေသခံ လယ်သမားများထံမှ KIA အဖွဲ့ ဆက်ကြေးကောက်ခံလျက်ရှိ

ဒီဇင်ဘာလ ၂၇ ရက်၊ ၂၀၁၄ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အတွင်းရှိ ဒေသခံတောင်သူလယ်သမားများထံမှ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ဒီဇင်ဘာလ (၂၆) ရက်နေ့ တွင် အရပ်ဝတ်များဖြင့် ရောက်ရှိလာပြီး ဆက်ကြေးငွေ များ ကောက်ခံ သွားကြောင်း ဒေသခံတောင်သူတစ်ဦးမှ ပြောသည်။ အဆိုဖြစ်စဉ်မှာ KIAအဖွဲ့မှ ဒီဇင်ဘာလ ၂၆ရက်၊ နေ့လည် ၁၂ နာရီအချိန်ခန့် တွင် မိုးညှင်းခရိုင်၊ ဆင်ဘိုမြို့ နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ ကချင်စု အပိုင်း(၁) တွင်နေထိုင်သော ဒါရှီနော်တောင်၏ လယ်တဲသို့ ရောက်ရှိလာပြီး လယ်သမား (၅) ဦးနှင့် တွေ့ဆုံကာ လယ်သမားတစ်ဦးလျှင် ဆန်(၁) အိတ်၊ ဆား(၁)ပြည်၊ ငွေကျပ် (၂၅၀၀၀) အား ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၅) ရက်နေ့နောက်ဆုံးထား၍ ခမ်းမော်ချောင်းစခန်းသို့ လာရောက် ပေးသွင်း ရမည် ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုသွားပြီး ဒီဇင်ဘာလ ၂၇ရက် နေ့တွင် ပြန်လည် ထွက်ခွာသွားကြောင်း လယ်သမားတစ်ဦး မှပြောပြခဲ့ပါသည်။ KIA အဖွဲ့၏ ဆက်ကြေးကောက်ခြင်းနှင့် လူသစ်စုဆောင်းခြင်းများ အား ဒေသ ခံများ အနေဖြင့် အလူးအလဲ ခံနေရကြောင်း၊ ၎င်းတို့တောင်းသော ဆက်ကြေးငွေများအားပေးဆောင်ခြင်း မရှိလျှင် ဖမ်းဆီး ခေါ်ဆောင် သွားပြီး ၎င်းတို့စခန်းတွင် ရေခပ်၊ ထင်းရှာခိုင်းခြင်း၊ အစားအသောက်များ ရှာခိုင်းခြင်း များအား အတင်းအကြပ် ခိုင်းစေမှုများ ရှိခြင်းကြောင့် ဒေသခံ များအနေဖြင့် ဆက်ကြေးငွေများမပေးချင်သော်လည်း ပေးနေရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးမှပြောကြားခဲ့သည်။ ယခုကဲ့သို့ ပြုမူ လုပ်ဆောင်ခြင်းများကြောင့် ဒေသခံများအနေဖြင့် ၎င်းတို့ မိသားစုစားဝတ်နေရေး အတွက် ကြိုးစားလုပ်ကိုင်နေရသော်လည်း အလုပ်လုပ်သလောက် အကျိုးကျေးဇူးကို အပြည့်အ၀ ခံစားရခြင်းမရှိပဲ KIA အဖွဲ့ အတွက် နေပူမရှောင် မိုးရွာမရှောင် လုပ်ကိုင်နေရသလို ဖြစ်နေကြောင်း ကိုလည်း ဒေသခံတောင်သူ တစ်ဦးမှ ပြောပြခဲ့ပါသည်။ ဇော်လတ်( မိုးကောင်း)

No comments: