Wednesday, December 17, 2014

KIA ဖမ်းဆီးခံ ရှမ်းတိုင်းရင်းသူတစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ် အပိုင်း (၃) ꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊ

 KIA ဖမ်းဆီးခံ ရှမ်းတိုင်းရင်းသူတစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ် အပိုင်း (၃) ꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊꨊ

ꨊ ကျွန်မလည်း ထွက်ပြေးဖို့ အခွင့်မသာတာက တစ်ကြောင်း၊ ထွက်ပြေးပြန်ရင်လည်း လွတ်ဖို့လမ်းမမြင်တာ ကြောင့် တစ်ကြောင်းနဲ့ သင်တန်းပြီးတော့ သူတို့တာဝန်ခွဲဝေတဲ့အတိုင်း လုပ်ရပါတော့တယ်။ ကျွန်မ တပ်ရင်း (၅)မှာရှိတဲ့ ဆေးခန်းမှာ ဆေးအကူအဖြစ်တာဝန် ထမ်းဆောင်ရပါ တယ်ရှင့်၊ အဲဒီဆေးခန်းမှာ ဗိုလ် တူးဂျာ၊ ဆေးဆရာမ ခွန်ဆန်း၊ ဆေးဆရာမ မိုင်းရန်တို့နဲ့အတူ ကျွန်မနေရပါတယ်။ ဆေးခန်းကတော့ ၁၀ ပေ ပတ်လည်လောက်ပဲရှိပြီး ၀ါးကြမ်းခင်း၊ ၀ါးကာ၊ မိုးကာ မိုးထားတဲ့ တဲလေးပါ။ ကျွန်မ အဲဒီဆေးခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့အချိန် ၂၀၁၃ ခုနှစ် သြဂုတ်လရောက်တော့ ရန်ကုန်မြို့က ဆေးလာလှူတဲ့အဖွဲ့တွေ ရောက်လာတယ်။ လူ ၁၂ ယောက်လောက်တော့ပါတယ်။ သူတို့အမည်တွေကိုတော့ ကျွန်မ မသိခဲ့ရပါဘူး။ သူတို့ကို အကူအညီတောင်းပြီး KIA လက်ထဲက လွတ်မြောက်ဖို့ စဉ်းစားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ပါဘူးရှင်။ ကျွန်မလည်း ပုထုဇဉ်လူသားတစ်ဦးပေမို့ သဘာဝကို မလွန်ဆန်နိုင်ခဲ့ပါဘူး။ ရင်း (၅) ဌာနချုပ်က တပ်ကြပ် ဖော်လီ ဘရန်အောင်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ပြီးတော့ သားလေးတစ်ယောက် ထွန်းကားခဲ့ပြီးနောက် ကျွန်မ အတွက် အခွင့်အရေးလေးတစ်ခု ပေါ်လာခဲ့ပါတယ်။ အဲဒီ သတင်းကြားတော့ ကျွန်မဖြင့် ပျော်လိုက်တာ အရမ်းဘဲ။ ကျွန်မ မိဘတွေဆီ ပြန်ရတော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ ပျော်နေခဲ့ပါတယ်။ အိမ်ထောင်သည် အမျိုးသမီးတွေ စစ်မှုထမ်းသက် ၃ နှစ်ပြည့်ရင် ထွက်ခွင့်ပြုတဲ့စနစ် ရှိတဲ့အတွက် ကျွန်မ ထွက်ခွင့် ရခဲ့ပါတယ်။ တပ်ရင်း (၅) ကနေ ထွက်လာပြီး ကလေးတစ်ယောက်နဲ့ ယောင်လည်လည်ဖြစ်နေတဲ့ အချိန် ခင်ပွန်းသည်က KIA အဖွဲ့ထဲမှာပဲ ကျန်ခဲ့တော့ ကျွန်မမှာ ဒုက္ခရောက်ရပြန်ပါတယ်။ နောက်ဆုံး ခင်ပွန်း ဖြစ်သူရဲ့ မိခင်ရှိတဲ့ရွာမှာ ခဏတာ သွားပြီး နေထိုင်ခွင့်ရလိုက်ပါတယ်။ KIA အဖွဲ့ထဲမှာတော့ ကျွန်မနဲ့ ဘ၀တူအမျိုးသမီးတွေ ရှိနေပါသေးတယ်။ သူတို့တွေလည်း ပြန်လည် လွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်မိပါတယ်။ KIA တပ်ဖွဲ့ဝင်တစ်ဦးနဲ့ အိမ်ထောင်ကျခဲ့တဲ့ ကျွန်မအတွက် ကလေးတစ်ယောက် အဖတ်တင်ရုံကလွဲလို့ ဘာအကျိုးခံစားခွင့်မှ မရခဲ့ပါဘူးရှင်။ ဒီတော့ ကလေးတစ်ယောက်လက်ဆွဲပြီး အားကိုးရာမဲ့ဘ၀နဲ့ မိဘတွေဆီ ပြန်လာဖို့ စိတ်ကူးခဲ့ပါတယ်။ ယောက္ခမအိမ်ကနေ ၂၀၁၄ ခုနှစ် ဇူလိုင်လရောက်တော့ ကျွန်မထွက်လာခဲ့ပါတယ်။ မြို့တွေရွာတွေကို ကျွန်မ ဖြတ်သန်းခဲ့ရတယ်။ ဆိုင်ကယ်၊ စက်လှေ၊ ရထား တစ်ဆင့်ပြီး တစ်ဆင့် စီးလာရင်း နိုဝင်ဘာ ၁၂ ရက်နေ့မှာ မိုးညှင်းဘူတာကို ကျွန်မရောက်လာခဲ့ပါတယ်။ မိဘတွေဆီဖုန်းဆက်ပြီး လာခေါ်ခိုင်းတော့ အဖေကိုယ်တိုင် ဆိုင်ကယ်နဲ့ လာကြိုတယ်။ ကျွန်မကိုကြည့်ပြီး အဖေက ယူကျုံးမရ ငိုရှာတယ်။ အဖေနဲ့အတူ ကျွန်မလည်း လိုက်ငိုမိပါတယ်။ မိဘတွေနဲ့အတူ ဘ၀အသစ်ကို ပြန်စတော့မယ်လို့ ဆုံးဖြတ်ချက်ချပြီး ကျွန်မ အလင်းဝင်ခဲ့ပါ တယ်။ ကျွန်မဘ၀ အေးချမ်းသွားသလို ခံစားရပါတယ်။ ဒါ့ကြောင့် KIA နယ်မြေထဲက ရွှေမှော်၊ ကျောက်စိမ်းမှော်တွေမှာ အလုပ်သွားလုပ်ကြမယ့် ညီမငယ်တွေကို ကျွန်မကိုယ်တွေ့ဖြစ်ရပ်နဲ့ ယှဉ်ပြီး ပြောလိုက်ချင်ပါတယ်။ တစ်ခြားမြို့/ရွာတွေမှာ အလုပ်လုပ်စားတာ အန္တရာယ်ကင်းပါတယ်။ KIA နယ်မြေထဲ ကိုတော့ ယောင်လို့တောင် အလုပ်သွားမလုပ်ကြပါနဲ့လို့ ပြောချင်ပါတယ်။ နန်းမြင့်စန်း

No comments: