Monday, December 8, 2014

ကျားဖြူပါတီမှ လွှတ်တော်ကိုယ်စားလှယ် ကိုးဦးနှင့် ပါတီဝင်နှစ်ထောင်ကျော် ကျားခေါင်းပါတီသို့ပြောင်း

ကျားဖြူပါတီမှ လွှတ်တော်ကိုယ်စားလှယ် ကိုးဦးနှင့် ပါတီဝင်နှစ်ထောင်ကျော် ကျားခေါင်းပါတီသို့ပြောင်း

8.12.2014 ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)မှ လွှတ်တော်ကိုယ်စား လှယ်ကိုးဦး နှင့် ပါတီဝင်နှစ်ထောင်ကျော်သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ကျားခေါင်းပါတီ)သို့ ကူးပြောင်းဝင်ရောက်သွား ကြောင်း သတင်းရရှိသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျေးသီး၊ နမ့်ဆန်၊ မိုင်းကိုင်၊ လဲ ချား၊ တန့်ယန်း စသည့်မြို့နယ် များမှ ပါတီဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များက ပါတီကူး ပြောင်းခဲ့ခြင်းဖြစ်သည်။ လဲချားမြို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ နမ့်ဆန်နှင့်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ကျေးသီးမှ လွှတ်တော်ကိုယ်စားလှယ်သုံးဦး၊ တန့်ယန်းမှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မိုင်းကိုင် မြို့နယ်မှ လွှတ်တော်ကိုယ်စား လှယ်သုံးဦးတို့က ကျားခေါင်းပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၏ ရှမ်းပြည်နယ်ခရီးစဉ်အတွင်း ပါတီကူးပြောင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ကျားခေါင်းပါတီပြောခွင့်ရဦးစိုင်းလိတ်က ပြောသည်။ လွှတ်တော်ကိုယ်စားလှယ် များအပြင် ပါတီကူးပြောင်းသော မြို့နယ်ပါတီဝင်များမှာ အချို့မြို့ နယ်များတွင် မြို့နယ်လုံးကျွတ် ပါတီကူးပြောင်းခဲ့ခြင်းဖြစ်သည် ဟု သိရသည်။ ရှမ်းပြည်နယ်ရှိ ဒေသခံများ က ရှမ်းပါတီနှစ်ခုကို ပူးပေါင်း ရန် တောင်းဆိုထားသော်လည်း ၂၀၁၅ အလွန်မှသာ ပါတီပူး ပေါင်းရန် ဆက်လက်လုပ်ဆောင် နိုင်မည်ဟု ကျားဖြူဥက္ကဋ္ဌ ဦးစိုင်း အိုက်ပေါင်းက ပြောကြားသည်။ ကျားဖြူပါတီဝင် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်အချို့ နှင့် ပါတီဝင်များက ကျားခေါင်း ပါတီသို့ ဝင်ရောက်လာသော် လည်း ကျားခေါင်းပါတီက ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်းရှိ၊မရှိရှင်းလင်းစွာပြော ကြားထားခြင်းမရှိသေးပေ။ 7Day Daily ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၏ ပါတီဝင်အသစ်ဝင်ခွင့် လျှောက်လွှာစုပေါင်းပေးအပ်ပွဲအခမ်းအနားမြင်ကွင်း(ဓာတ်ပုံ - S.N.D.P)

No comments: