Sunday, December 7, 2014

န်မာနှင့် အစ္စလာမ်နိုင်ငံများတွင်သာ မိန်းမတစ်ဦးထက်ပို၍ တရားဝင်လက်ထပ်ခွင့်ပြုထား


မြန်မာနှင့် အစ္စလာမ်နိုင်ငံများတွင်သာ မိန်းမတစ်ဦးထက်ပို၍ တရားဝင်လက်ထပ်ခွင့်ပြုထား

Sunday, December 7, 2014

အာဖရိက၊ အရှေ့အ လယ်ပိုင်းနှင့် အရှေ့တောင်အာရှ ရှိ အစ္စလာမ်နိုင်ငံများနှင့် မြန်မာ နိုင်ငံတို့တွင်သာ မိန်းမတစ်ဦးထက်ပို၍ တရားဝင်လက်ထပ်ယူခွင့်ပြု ထားကြောင်း အမျိုးသမီးများစွမ်း ရည်မြှင့်တင်ရေးနှင့် ကျား၊ မတန်း တူညီမျှရေးဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့၏ လေ့လာသုံးသပ်မှုစာတမ်းတွင် ဖော်ပြထားသည်။
ကမ္ဘာ့နိုင်ငံအများစုနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများအားလုံးနီးပါးတွင် တစ်လင်တစ်မယားစနစ်ကို ကျင့် သုံးလျက်ရှိပြီး အမျိုးသားများအ နေဖြင့် အမျိုးသမီးတစ်ဦးထက်ပို ၍ လက်ထပ်မင်္ဂလာဆောင်ခြင်း ကို ဥပဒေထုတ်ပြန်၍ ကန့်သတ် တားမြစ်ထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ၀င် အမျိုးသားများအား အမျိုးသမီးတစ်ဦးထက်ပို၍ တရားဝင် လက်ထပ်ထိမ်းမြားမှုကို ကန့် သတ်ထားခြင်းမရှိဘဲ ယခုအခါ တစ်လင်တစ်မယားစနစ်ကျင့်သုံး ခြင်းဆိုင်ရာ ဥပဒေကြမ်းထွက်ပေါ် လာခြင်း ဖြစ်သည်။
‘‘တစ်လင်တစ်မယားစနစ် ဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့် မလဲ သိချင်ပါတယ်။ မြန်မာစကား ပုံမှာလည်း တစ်ရွာတစ်ကျီဆောက် ဖို့ဆိုတာရှိနေတယ်။ ကျွန်မအနေနဲ့ကတော့ အဲ့ဒီဥပဒေကိုဆက်လက်စောင့်ကြည့်လိုပါတယ်။ အဲ့ဒီ ဥပဒေဖြစ်လာဖို့ဆိုရင်တော့ မြန် မာ့ဓလေ့ထုံးတမ်းဥပဒေကို ပြန် ပြင်ရပါမယ်’’ဟု ရောင်စုံမိန်းက လေးများအဖွဲ့မှ မနန့်သဇင်မင်းက ပြောသည်။
တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်း သည် ကွာရှင်းပြတ်စဲမှုမရှိဘဲ အိမ်ထောင်အပြိုင်ပြုခြင်းကို ကန့်သတ်ထားခြင်းဖြစ်ပြီး မြန်မာ့ဓလေ့ထုံး တမ်းစဉ်လာဥပဒေနှင့် ကွဲလွဲနေ ကြောင်း ဥပဒေပညာရှင်များက ပြောသည်။
‘‘မြန်မာ့ဓလေ့ထုံးတမ်းဥပ ဒေက ဗုဒ္ဓဘာသာအမျိုးသားတွေ မိန်းမအများအပြားယူခွင့်ရှိတယ်။ အမျိုးသမီးတွေအနေနဲ့ နောက် ထပ်အိမ်ထောင်ပြုတာဖြစ်ဖြစ်၊ ဖောက်ပြားတာဖြစ်ဖြစ် နောက်အ မျိုးသားကို မယားခိုးမှုနဲ့ တရားစွဲ ခွင့်ရှိတယ်။ အဲ့ဒီအမျိုးသားကို ထောင်ဒဏ် ငါးနှစ်ထိချမှတ်နိုင် တယ်။ အမျိုးသမီးကိုတော့ ပြစ် ဒဏ်မထိုက်စေရဘူး’’ဟု ဥပဒေ ပညာရှင် ဦးခင်ဇော် (မရမ်းကုန်း) က ပြောသည်။
တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်း အရ ပြစ်ဒဏ်မြင့်မားနေသလို မြန်မာ့ဓလေ့ထုံးတမ်းများနှင့် ဆန့်ကျင်နေပြီး တရားမ၀င်တိတ်တိတ်ပုန်းအတူနေထိုင်မှုများ မြင့်တက်ဖွယ်ရှိနေကြောင်း ၎င်းက ပြောသည်။
လက်ရှိအချိန်တွင်လွှတ်တော်သို့ ပေးပို့ထားသော တစ်လင်တစ်မယား စနစ်ကျင့်သုံးရေးဆိုင်ရာ ဥပဒေကြမ်း၌ တရားဝင်အိမ် ထောင်ရှိလျက် ကွာရှင်းပြတ်စဲ ခြင်းမရှိဘဲ ထပ်မံလက်ထပ်ပါက ထောင်ဒဏ် ခုနစ်နှစ်ထိ ချမှတ်နိုင်ကြောင်း ထည့်သွင်းရေးဆွဲထား သည်။
အမျိုးသား၊ အမျိုးသမီးအချိုးအစားကွာခြားချက် ကြီးမားနေမှုသည် တစ်လင်တစ်မယားစနစ်ကျင့်သုံး ရန်ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်နေကြောင်း ဥပဒေ ပညာရှင်များက သုံးသပ်သည်

No comments: