Wednesday, December 17, 2014

သမိုင်းဝင်ကွမ်းလုံရက်(၄၀)တိုက်ပွဲ ****************************

သမိုင်းဝင်ကွမ်းလုံရက်(၄၀)တိုက်ပွဲ ****************************

***** ၁၉၇၁ခုနှစ်၊ နိုဝင်ဘာလအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)တို့က ကွမ်းလုံမြို့အား အပြီးတိုင် သိမ်းပိုက်ရေး ထိုးစစ်ကြီးတစ်ရပ်ကို ဆင်နွှဲခဲ့ကြပါတယ်။ မြန်မာ့တပ်မတော်အနေဖြင့် ဗကပ တို့ ရဲ့ ထိုးစစ်ဆင်မှုကို ပြန်လည်တိုက်စစ်ဆင်ရာတွင် ဒေသခံပြည်သူလူထုများ၊ နယ်မြေခံခေါင်းဆောင်များရဲ့ အကူအညီနဲ့ တရားသောစစ်ပွဲကြီးကို အပြီးတိုင်ပြန်လည်တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ ရက်ပေါင်းအားဖြင့် ရက်(၄၀) ကြာမြင့်ခဲ့သော ကွမ်းလုံတိုက်ပွဲကြီးဟာ မြန်မာ့တပ်မတော်အတွက် သမိုင်းဝင်မော်ကွန်းတစ်ရပ်ကို စိုက်ထူနိုင်ခဲ့ကြပါတယ်။ ထိုသမိုင်းဝင်မော်ကွန်းကို (၇၀)ပြည့်နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ဂုဏ်ပြုဇာတ်ကားအဖြစ် နောင်လာနောက်သားများနားလည်သိရှိနိုင်စေရန်အတွက် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ ထိုသို့ထုတ်လွှင့်ပေးနိုင်ရန်အတွက် သမိုင်းဝင်ကွမ်းလုံရက်(၄၀) ဇာတ်ကားကန်တော့ပွဲအခမ်းအနားအား မြန်မာ့ရုပ်ရှင်လုပ်ငန်း(ရုံးချုပ်)မှာ အောက်တိုဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်အပါအ၀င် ဇာတ်ကားရိုက်ကူးရေးနှင့်ပတ်သက်သည့် စစ်ဘက်၊ နယ်ဘက်မှတာဝန်ရှိပုဂ္ဂိုလ်များပါ စုံညီစွာတက်ရောက်ခဲ့ကြပါတယ်။ ဇာတ်ကားရိုက်ကူးရေးသတင်းနဲ့ပတ်သက်ပြီး ၀ါရင့်စာရေးဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်းက “ ဤသတင်းကိုဖတ်ရှုရသောအခါ အလွန်ဝမ်းမြောက်ရပါသည်။ ဖြစ်ပေါ်သောဝမ်းမြောက်မှုနှစ်ရပ်အနက် ပထမ၀မ်းမြောက်မှုမှာ မိတ်ဆွေကိုမမျှော်လင့်ဘဲတွေ့လိုက်သောကြောင့်ဖြစ်၏။ ဒုတိယ၀မ်းမြောက်မှုမှာ ဖြစ်သင့်ပါလျက်မဖြစ်ဘဲရှိရာမှ ရုတ်တရက်ထဖြစ်လာသော ဤဇာတ်ကားအတွက် အတိုင်းမသိကြည်နူးရပါသည်။ ” ကွမ်းလုံတိုက်ပွဲကြီးက နှစ်ပေါင်း(၄၄)နှစ်ခန့်ကြာခဲ့ပြီ။ ထိုစဉ်က ကွမ်းလုံမြို့ကို ရောက်တုန်းရောက်ခိုက် သတင်းသမားအထောက်တော်လှအောင်က ပူပူနွေးနွေးဆီးပြီး တိုက်ပွဲအကြောင်း မေး၏။ တပ်မတော်အရာရှိတစ်ယောက်က တိုက်ပွဲအကြောင်းပြောပြရုံသာမက “ ကျက် ” နေသောမြေပြင် ကိုပါပြသရန်အတွက် ကားဖြင့်လိုက်ပို့သည်။ ကျရောက်ပေါက်ကွဲကာလောင်သောမီးသည် အနည်းငယ်မျှ မဟုတ်၊ ခဏတာမျှသာလည်းမဟုတ်၊ အလွန်ကြီးမားပြင်းထန်သောကြောင့်သာ မြေကြီးပါကျက်ခြင်းဖြစ်ပေလိမ့်မည်။ ကွမ်းလုံတိုက်ပွဲက အလွန်လည်းပြင်းထန်သည်ဆို၏။ တစ်ဆက်တည်းမှာပင်မြို့၏တောင်ကုန်းဘက်များကို ငေးမောကြည့်နေမိသည်။ ငေးမောနေမိခြင်း မှာလည်း ရဲဘော်များနိုင်ငံတော်အတွက် အသက်မည်မျှပေးခဲ့ရသနည်းဟု အတွေးဝင်နေသောကြောင့်ဖြစ် သည်။ ထိုစဉ်ကတည်းကပင် ကွမ်းလုံတိုက်ပွဲအကြောင်းကို ရုပ်ရှင်ရိုက်ကူးထားသင့်သည်ဟု ဆရာစိန်ခင် မောင်ရီကိုပြောမိသည်။ မြို့ရွာများဖွံ့ဖြိုးတိုးတက်ရေး၊ ကူးသန်းရောင်းဝယ်မှုလွယ်ကူလျင်မြန်စေရေးတို့အ တွက် ရဲဘော်တွေက အသက်စွန့်ကာ တိုက်ပွဲဝင်နေကြရ၏။ အမိမြေတစ်လက်မအတွက် ရဲဘော်ရာပေါင်း များစွာ အသက်စွန့်ခဲ့ကြရ၏။ တစ်နည်းအားဖြင့် နိုင်ငံတော်အလံဆိုသည်မှာခေတ်အဆက်ဆက်တွင် နိုင်ငံတော်အတွက် အသက်ပေးသွားကြရသူများ၏ ၀ိညာဉ်များဖြစ်၏။ သို့ပါလျက်နှင့် နိုင်ငံတော်အလံကို အလေးပြုရကောင်း မှန်းမသိသောသူတွေများလာပါသည်။ ထိုသူတို့အတွက် ကွမ်းလုံရက်(၄၀) တိုက်ပွဲအကြောင်းကိုလည်း သိထားသင့်သည်။ ထို့ကြောင့် ကွမ်းလုံတိုက်ပွဲအကြောင်းကို လွန်ခဲ့သော နှစ်ပေါင်း (၄၀) ခန့်ကတည်းက ထွက်ပေါ်လာသင့်သည်ဟု ထိုစဉ်ကတည်းကပင် အတွေးပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။ ဘာကြောင့် လည်းဆိုတော့ အသက်ကို အသက်ဟုမထင်သူများကို ထိုရုပ်ရှင်ထဲတွင်မြင်ရမည်။ ထို့ကြောင့် ကွမ်းလုံရက်(၄၀) တိုက်ပွဲရုပ်ရှင်ဇာတ်ကားသတင်းကို ဖတ်ရှုရသောအခါ မိတ်ဆွေကိုမမျှော်လင့်ဘဲတွေ့လိုက်ရသကဲ့သို့လည်းကောင်း၊ ဖြစ်သင့်ပါလျက်မဖြစ်ဘဲနေခဲ့ရာမှ ရုတ်တရက်ထဖြစ်သည်နှင့် ကြုံရသကဲ့သို့လည်းကောင်း ၀မ်းမြောက်ရပါသည်ဟု ဆိုခဲ့ခြင်းဖြစ်ပေသည် ” ဟု ရေးသားခဲ့ပါတယ်။ ထိုသို့သမိုင်းဝင်ကွမ်းလုံရက်(၄၀)ဇာတ်ကားကြီးကို ကြယ်စင်မော်ကွန်းဇာတ်ကားအားရိုက်ကူးခဲ့သူ ထပ်ဆင့်အကယ်ဒမီဒါရိုက်တာပန်းချီစိုးမိုးကပဲ တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းများအား ရန်ကုန်တစ်ဝိုက်၊ ဗထူးတပ်မြို့နှင့် ကွမ်းလုံမြို့များသို့ သွားရောက်၍ ရိုက်ကူးလျက်ရှိ နေပါတယ်။ ဒါ့အပြင် ကွမ်းလုံတိုက်ပွဲကြီးတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့ပြီး သက်ရှိထင်ရှားရှိနေသေးသည့် စစ်ဘက်အငြိမ်းစားတပ်မတော်အရာရှိကြီးများ၊အခြားအဆင့်အငြိမ်းစားတပ်မတော်သားများ၊ နယ်မြေခံ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဒေသခံပြည်သူ့စစ်အဖွဲ့ဝင်များ စသည်တို့ထံ ဇာတ်ကားရိုက်ကူးရေးနှင့် ပတ်သက်သည့်တာဝန်ရှိသူများက ကိုယ်တိုင်ကိုယ်ကျသွားရောက်တွေ့ဆုံမေးမြန်းထားမှုများကို ဗွီဒီယို မှတ်တမ်းများဖြင့် စနစ်တကျထိန်းသိမ်းထားရှိကာ ကွမ်းလုံရက်(၄၀)ဇာတ်ကားကို ရိုက်ကူးလျက်ရှိနေပါ တယ်။ ယခုဆိုလျှင် ကွမ်းလုံရက်(၄၀)ဇာတ်ကား၏ အဓိကဇာတ်ဝင်ခန်းများဖြစ်တဲ့ ကွမ်းလုံမြို့တစ်ဝိုက် တိုက်ပွဲဖြစ်စဉ်များကို ရိုက်ကူးနေပါတယ်။ တိုက်ပွဲခန်းများပြီးတာနဲ့ ကျန်ဇာတ်ဝင်ခန်းများကို ဗထူးတပ်မြို့မှာ အပြီးသတ်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး အဓိကသရုပ်ဆောင်များအပြင် ဇာတ်ပို့ဇာတ်ရန်တို့၏ ရင်တွင်းစကားများကိုလည်းနောက်လများမှာ ဖော်ပြ ပေးသွားပါမယ်။ တာဝန်ခံအယ်ဒီတာ မြ၀တီမဂ္ဂဇင်း 

No comments: