Thursday, December 18, 2014

ဒို့ဘိုးဘွား အမွေအနှစ်မို့ **********************

ဒို့ဘိုးဘွား အမွေအနှစ်မို့ **********************

ဒို့ပြေ(ပြည်) ဒို့မြေ၊ ဒို့ပိုင်ရေသည် သန္ဓေအနှစ်၊ အမွေစစ်တည့်။ သမိုင်းတစ်ခေတ်၊ အရိုင်းစစ်ကြောင့် ကျွန်ဖြစ်ခဲ့ရ၊ “ အ ” ကာလ၀ယ် “ ထလော့ မြန်မာ၊ ပါလော့ စစ်တွင် ၀င်လော့ စစ်ထဲ၊ နွှဲလော့ ပြည်ကျိုး ” တပ်လှန့်နှိုး၍၊ ဒို့ဘိုးဒို့ဘေး အသက်သွေးတို့၊ ပေးဆပ်ဆင်မြန်း လွတ်လပ်ပန်းလျှင် ပွင့်လန်းဝေစည် မြန်မာပြည်။ ခြောက်ဆယ့်ခုနစ်တာ တိုင်ခဲ့ပြီ။ တစ်မြေတည်းနေ၊ တစ်ရေတည်းသုံး ဒို့အားလုံးသည်၊ “ မြန်မာ ” ပီစွာ ညီညွတ်ခြင်း၏ အားကိုသိလျက် စည်းလုံးခြင်း၏ အားကိုသိလျက် ပြည်၏အနာဂတ်၊ ဖြောင့်မှန်လတ်အောင် မပြတ်စိတ်မွေး၊ ဇာတိသွေးဟေ့ နွေးထွေးထက်သန်၊ မျိုးချစ်မာန်ဟေ့ ဖန်ဖန်ယိုဖိတ်၊ ပြည်ချစ်စိတ်ဟေ့။ သို့မှသာလျှင် ဒို့ညီနောင်ထု၊ တည်ထောင်ပြုသည့် ပြည်ထောင်စုကြီး၊ ရှေ့ခရီးဝယ် ဥလည်းမကွဲ၊ သိုက်လည်းမပျက် တွဲလက်ခိုင်မာ၊ ကိုယ့်အချုပ်အခြားနှင့် “ မြန်မာ ” ဟူဘိ၊ ကမ္ဘာသိကာ သိတိုင်းလေးစား၊ လွန်ခံ့ညားသည့် ဘိုးဘွားအမွေစစ် ဖြစ်မည်တကား။ ။ (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုလျက် မျိုးမြတ်မြတ်မြင့်မောင်

No comments: