Thursday, December 18, 2014

လက်နက်နှင့်အတူ KIA ဒုတပ်ကြပ်တစ်ဦး အလင်းဝင်ရောက် ----------

လက်နက်နှင့်အတူ KIA ဒုတပ်ကြပ်တစ်ဦး အလင်းဝင်ရောက် ----------

------------------------------------------------------------ တာလောကြီးဌာနေ ပြည်သူ့စစ်နှင့် အစိုးရတပ်မတော် ခလရ(၈၇)သို့ မောင်ကျော်ဇင် အသက် (၂၁) ၊ရှမ်းကချင် အဘ-ဦးကျော်စိုး၊ အမိ-ဒေါ်လုပိုင် ကိုယ်ပိုင်အမှတ် A-55906 သည် AK-47 တစ်လက်၊ အီဂျာ ဗုံးသီး(၈)လုံး၊ ပို့ကျည်(၉)ထောင့်နှင့်အတူ KIA ယူနစ်ဖောင်းဖြင့် လာရောက် အလင်းဝင်ခဲ့တယ်လို့ သိရှိရသည်။ မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်နေ ၄င်းဒုတပ်ကြပ်အဆင့်ရှိ မောင်ကျော်ဇင်သည် တာလောကြီးနှင့် မိုင်(၂၀)ခန့်ဝေးသော ပန်းတောင်းစခန်းမှ လာရောက်အ၀င်းတာဖြစ်ပြီး ဖားကန့် လုံးခင်းတွင် ကျောက်တူးနေစဉ် (၄.၁၁.၂၀၁၁)ရက်နေ့က KIA ၏ ဖမ်းဆီးစုဆောင်းခြင်းကို ခံခဲ့ရကာ KIA ကချင်လွတ်မြောက်ရေး တပ်မတော်ထံတွင် (၃)နှစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်လို့လည်း သိရှိရသည်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဖခင်ဖြစ်သူ ဦးကျော်စိုးက ၄င်း၏သားဖြစ်သူ ဖမ်းဆီးခံရတာ သုံးနှစ်ရှိပြီဖြစ်ကြောင်း ပြောဆိုထားပြီး အဆိုပါ ဒုတပ်ကြပ်အဆင့်ရှိ မောင်ကျော်ဇင်ကို သက်ဆိုင်ရာသို့ အပ်နှံပြီး မိဘများထံ ပြန်လည်ပို့ဆောင်သွားမည်ဟု တာလောကြီး ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။ #ဧရာဝတီမြစ်ဖျားဆီက #Kachin Daily News #ဒီမိုကရေစီ တူဒေး

No comments: