Monday, December 29, 2014

မခ ၊ မလိခ စတင်စီးဆင်းခဲ့သည့် အမုန်းရေခဲမြစ်ရေများ

 မခ ၊ မလိခ စတင်စီးဆင်းခဲ့သည့် အမုန်းရေခဲမြစ်ရေများ

ဒီဇင်ဘာလ ၂၉ရက်၊ ၂၀၁၄ မြစ်ဖျားဧရာစတင် စီးဆင်းခဲ့သော မေခ၊ မလိခ မြစ်နှစ်သွယ်ရဲ့ရာဇ၀င်လေးပါ။ ၂၀၁၂ ခုနှစ်က လူတွေလူတွေ လမ်းမတွေပေါ်မှာ….ခန်းမတွေထဲ မှာ… သံ ရုံးတွေရှေ့ေ တွမှာ မြစ်ဆုံရေကာတာကြီး မတည်ဆောက်ရေး ကြွေးကျော် ဆန္ဒပြခဲ့ကြပါတယ်။ KIA လူတစ်စုရဲ့၎င်းတို့၏ စားကျက်မြေ မပျောက် ကွယ်ရေး မေခ၊ မလိခဆုံစည်းရာ တန်ဖဲရွာကနေ စတင်ပေးလိုက်ပါသည်။ တန်ဖဲရွာ တန်ဖဲရွာဆိုသည်မှာ မြစ်ကြီးနားမှ ဆိုင်ကယ်ဖြင့်သွားလျှင် ၂-နာရီနီးပါးမျှသာ သွားရသော မေခ၊ မလိခဆုံစည်းရာ မြစ်ဆုံနားကရွာလေးတစ်ရွာဖြစ်ပါသည်။ တန်ဖဲရွာသားများမှာ ရွှေတြိဂံနယ်မြေ ဟုခေါ်သော မေခ၊ မလိ ခမြစ်နှစ်ကြား တောင်ပေါ်ဒေသ၌ KIA တို့၏ အနိုင်ကျင့်နှိပ်ဆက် မှုကြောင့် ပြောင်းရွှေ့နေထိုင်ကြသော ကချင်လူမျိုးစု အများဆုံးနေထိုင်သော ရွာလေးဖြစ်ပါသည်။ ရွှေတြိဂံနယ်မြေ ရွှေတြိဂံနယ်မြေ၌ KIA တပ်မဟာ(၁)စခန်းချရာ စခန်းများတည်ရှိပါသည်။ ၎င်းနေရာတွင် KIA ၏အဓိက စီးပွားရေးဖြစ်သော ဘိန်းစိုက်သောတောင် တန်းများ၊ ဘိန်းချက်စက်ရုံများအများဆုံး တည်ရှိ သောနေရာလည်းဖြစ်ပါသည်။ အထက်ပါပြထားသည့် ပုံမှအနီပြထားသောနေရာသည် မေခ၊ မလိခ မြစ်နှစ်ဖြတ်သန်းပြီး ရေအားလျှပ်စစ်ထုတ်လုပ်မည့် ရေကာတာတည်ဆောက်မည့်နေရာဖြစ်ပါသည်။ တည်ဆောက်ပြီးပါက တြိဂံနယ်မြေအတွင်းသို့ သတင်းသမားများဝင်ရောက်လာခြင်း၊ လုံခြုံရေး ၀န်ထမ်းများ ၀င်ရောက် လာခြင်းများကို စိုးရိမ်သောကြောင့် KIAတို့အနေဖြင့် ၎င်းတို့၏ ဘိန်းချက် စခန်းများ၊ မှောင်ခိုသစ်လုပ်ငန်းများ၊ တရားမ၀င်ရွှေတူးဖော်ရေးလုပ်ငန်းများကို အများပြည်သူများ မသိစေခြင်းအလိုငှာ တန်ဖဲရွာ သားများကို ဓါစာခံလုပ်ခိုင်း ခဲ့ပါသည်။ KIA ကြိုးကိုင်ထားသောတန်ဖဲရွာသားများအနေဖြင့် မြစ်ဆုံအလှများပျက်သွားပါမည်တို့…နှုံး မြေများပျောက်ဆုံးသွားမည်တို့…တန်ဖဲရွာပျောက်သွားပါမည်တို့ဟာ KIA တို့၏ စနက်များသာဖြစ် ပါသည်။အမှန်မှာ မြစ်ဆုံအလှမှာမိုးရာသီတွင် ရေလွှမ်းမိုးမှုကြောင့်ပုံမှန်အလှတရားကိုနွေရာသီတွင်သာ မြင်တွေ့ရမည်ဖြစ်ပါသည်။ ရေကာတာရှိလျှင် ၁၂ရာသီပတ်လုံး မြစ်ဆုံရှိကျောက်တုံးအလှတရား များကို တွေ့မြင်ရ မည်ဖြစ်ပါသည်။ နှုံးမြေများပျောက်ဆုံးသွားမည်ဆိုရအောင်လည်း မေခ၊မလိခမြစ်နှစ် စင်းမပါ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ ထိ နှုံးမြေများပါဝင်သော ချောင်းငယ၊် ချောင်းလတ်၊ ချောင်းမကြီး၊မြစ်ငယ်၊မြစ်ကြီးများ မရေတွက်နိုင်အောင် စီးဝင်လျက်ရှိပါသည်။ တန်ဖဲရွာပျောက်မှာ…. မစိုးရိမ်ပါနှင့် ရွာမဖယ်ခိုင်းခင်ကတည်းက အောင်မြင်သာရွာ၌ ပလန (ပြန်လည်နေရာခြထားရေး)ကျေး ရွာ ရှိ လုံးချင်းအိမ်ရာများ၊ လယ်လုပ်စားရန်လည်း အင်ခိုင်ဘွမ်တောင်အခြေက မြေပြန့်လွင်ပြင်တွင် လယ်ကွက်များသတ်မှတ်ပေးခြင်း၊ အိမ်ရာများဆောက်လုပ်ပေးခြင်းမျာ လုပ်ဆောင်ပေးခဲ့ပါသည်။အ ဆင်သင့်လယ်လုပ်နိုင်အောင် ထွန်ပါမွှေပေးထားပါသေးသည်။ လျော်ကြေးများပါပေးခဲ့ပါသည်။ အခြားနိုင်ငံများတွင်ရောက်ရှိနေသော KIA ပြည်ပြေးများ၊ ၎င်းတို့၏ဆွေ မျိုးများက KIAတို့ ရွှေတြိဂံနယ်မြေအတွင်း မှောင်ခိုလုပ်ငန်းများ ဆက်လက် တည်ရှိနိုင်အောင် မီဒီယာမျာ၊ အင်တာနက် များမှတဆင့် လူထုလမ်းပေါ် တက်လာအောင်အမျိုးမျိုးလှုံ့ဆော်ခဲ့ကြပါသည်။ သို့ပေမဲ့ ပြည်သူ့ဆန္ဒကိုအလေးထားသော သမ္မတကြီးမှ မြစ်ဆုံရေကာတာလုပ်ငန်း ကြီးကိုရပ်ဆိုင်းထား ခဲ့ပါသည်။ မြန်မာလူမျိုးတွေကအကျင့်တစ်ခုရှိတယ်ဗျ။ သတင်းအရင်းအမြစ် ကို သေချာမလေ့လာဘူး အရှေ့ကလူက “ဒို့အရေး..ဒို့အရေး” အော်တာ ကို သေသေချာချာနားမထောင် ဘဲ အရှေ့ကလူဘာပြောတယ်မသိ သံယောင် ၀ါးလိုက်ပြီး “ရေးအဒို့…ရေးအဒို့” လိုက်အော်တဲ့ အကျင့် က ပျောက်ဖို့တော့သင့် ပါသည်။ KIA က အများအတွက်မပြောနဲ့ ကချင်ပြည်နယ်အတွက်တောင် သနားငဲ့ညှာ လှည့်ကြည့်ဖူး တာမဟုတ်ဘူး။ အခုတောင် ငြိမ်ချမ်းရေး လမ်းကြောင်းပေါ် ကနေ ပြန်ခေါက်နေပါပြီ။ KIA တို့ အနေဖြင့် ဧရာဝတီမြစ်ကြီးမပျက်ဆီးအောင် စိတ်ရင်းအမှန်ဖြင့်ပြောခဲ့ပါလျှင် တစ်နိုင်ငံလုံးအတွက်အကျိုးပြုနေ သော ဧရာဝတီမြစ်ကြီးကဲ့သို့ ငြိမ်းချမ်းရေးကိုအမြန်ဆုံး ဖေါ်ဆောင်သင့်ပြီဖြစ်ကြောင်း တင်ပြလိုက်ရပါ သည်။ နော်လေး(မြောက်ပိုင်းတံခွန်)

No comments: