Sunday, December 7, 2014

ကချင်ပြည်သူ၏ သဘောထားဆန္ဒနှင့် KIA ၏ သဘောတရား အယူအဆ -----------------------------------------------

ကချင်ပြည်သူ၏ သဘောထားဆန္ဒနှင့် KIA ၏ သဘောတရား အယူအဆ -----------------------------------------------

----------------- ငြိမ်းချမ်းရေးရယူနီးပြီဟူသော စိတ်ကူးအိပ်မက်တို့ဖြင့် မျှော်လင့်ထားခဲ့သော ကျွန်တော်တို့ ကချင်ပြည်သူတို့၏ စစ်မှန်သော ငြိမ်းချမ်းရေးသည် တဖြေးဖြေးေ၀၀ါးလာခဲ့ပြီဟု ဆိုချင်ပါသည်။ မျိုသိပ်ထားရပါများလွန်း၍ ပွင့်အန် ထွက်လာသော ကချင်ပြည်သူတို့၏ ခံစားချက်များက အရှိန်အဟုန်ပြင်းလာခဲ့ပါသည်။ KIO/KIA ခေါင်းဆောင်ကြီးများ၏ လုပ်ရည်ကိုင်ရည်နှင့် အရည်အချင်းများအပေါ်တွင်လည်း သံသယဖြစ်လာခဲ့ရပါသည်။ ယခင်အချိန်တုန်းက ကျွန်တော်တို့ ကချင်ပြည်သူများသည် KIO/KIA ခေါင်းဆောင်ကြီးများ၏ မက်လုံးပေး စည်းရုံးမှုစကားလုံးများအောက်မှာ ယုံမှတ်၍ပုံအပ်ခဲ့ကြပါသည်။ တစ်နည်းအားဖြင့် ၀မ်ပေါင်နိုင်ငံတော် အိပ်မက်ထဲတွင် ကျွန်တော်ကိုယ်တိုင် နစ်မြောခဲ့ရပါသည်။ သို့သော် တစ်ကျော့ပြန်စစ်ပွဲအတွင်း အစိုးရတပ် များ၏ထိုးစစ်ဆင်မှုကြောင့် စစ်တလင်းဖြစ်ချိန်တွင် ကျွန်တော်တို့မျှော်လင့်ထားသော ၀မ်ပေါင်နိုင်ငံတော် အိပ်မက်လည်း ပျက်စီးခဲ့ရသည်။ ထို့နောက် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲများ လုပ်မည်ဟု KIO/KIA က ဆိုလာခဲ့ပါသည်။ ထိုအခါ ကျွန်တော်တို့ ကချင်ပြည်သူများကလည်း ငြိမ်းချမ်းရင် အေးအေးဆေးဆေးနေရမှာပဲဟု တွေးကာ ၀မ်ပေါင်နိုင်ငံတော်အိပ်မက်ကိုလည်း မဖြစ်နိုင်မှန်းသိ၍ ပြည်ဖုံးကားချခဲ့ကြပါသည်။ အခြားတိုင်းရင်းသား လက်နက်ကိုင်များကြားထဲမှာ အထည်ကြီးပျက် KIA မဖြစ်စေရေး၊ မျက်နှာမွဲ KIA မဖြစ်စေရေးအတွက် ဘာသာရေးအဖွဲ့များနှင့် လူမှုကွန်ရက်များကပါ ကျွန်တော်တို့ကချင်ပြည်သူများ ကျေနပ်မှုရစေရန်အလို့ငှာ အားပေးချွေးသိပ်ခဲ့ဖူးပါသည်။ သို့သော် ကျွန်တော်တို့လိုချင်သော ငြိမ်းချမ်းရေးက မျှော်သာမျှော် ပေါ်မလာလေတော့ KIO/KIA ခေါင်းဆောင်ကြီးများဆီသို့ အကြည့်ရောက်လာပါသည်။ စူးစမ်းမိကြပါသည်။ သူတို့ ဘာလုပ်နေကြသနည်း ဟူသော အားမလို အားမရစိတ်ဖြင့် လေ့လာကြည့်ကြပါသည်။ KIA အဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်နှင့် ဒုစစ်ဦးစီးချုပ် ဂွမ်မော်တို့ကိုတော့ ပညာအရည်အချင်းဘွဲ့ရသူများမို့ လေးစားခဲ့ကြပါသည်။ ဗိုလ်ချုပ် ဂွမ်မော် ဆိုရင် NCCT အဖွဲ့မှာတောင် ခေါင်းဆောင်ဖြစ်လာသည်အထိ အရည်အချင်းရှိသူဟု မြင်ခဲ့မိပါသည်။ ဗိုလ်ချုပ် ဂွမ်မော်သည် ခေတ်ပညာတတ်၊ ဘွဲ့ရရှိသူဖြစ်၍ ဒုစစ်ဦးစီးချုပ်ရာထူးကိုပင် ခန့်အပ်ခံရပြီး စကားပြော လည်း အင်မတန်ကောင်းသူဖြစ်ပါသည်။ ဒါပေမဲ့ စကားပြောကောင်းခြင်းကို ခုတုံးလုပ်ပြီး ကတိကို လွယ်လွယ် ပေးတတ်ပါသည်။ ထိုကတိများကိုတည်အောင်တော့ မလုပ်ပြနိုင်ပါ။ ခပ်ရိုင်းရိုင်းပြောရရင် ခပ်ပေါ့ပေါ့ ကတိပေး တတ်သော နှုတ်ချို၊ အပြုံးချိုသူမို့ ကြောက်စရာကောင်းလွန်းလှသည်ဟု ဆိုချင်ပါသည်။ တစ်ဆက်တည်းပြောချင်တာက ဗိုလ်ချုပ် ဂွမ်မော်ကို KIA ကိုယ်စားအစိုးရအဖွဲ့၊ အခြားတိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် ခေါင်းဆောင်မှုပေးထားပေမယ့်အပြောကောင်းအဆိုကောင်းပြီး ကတိများပေးနေသော်လည်း အမှန်တကယ်မှာတော့ သူ့မှာအခွင့်အာဏာမရှိပါ။ တစ်နည်းအားဖြင့် လူအများရှေ့ လူလုံးထွက်ပြရုံအဆင့်သာ ရှိသူဖြစ်ပါသည်။ ဗိုလ်ချုပ်ဂွမ်မော်၏ နောက်ကွယ်တွင် သူ့အားကြိုးကိုင်နေသော Key Players နှစ်ဦး ရှိပါသည်။ သူတို့ကတော့ KIO ဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လ နှင့် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်တို့ပင်ဖြစ်ပါသည်။ ၎င်းတို့နှစ်ဦးသည် အဓိကအဆုံးအဖြတ်ပေးနိုင်သည့် Key Players ဖြစ်သည်နှင့်အညီ ကချင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးနှင့် ၀မ်ပေါင်နိုင်ငံတော်တစ်ရပ်ထူထောင်ရေးအတွက် စစ်ရေးနည်းလမ်းနဲ့ အသာစီး ရယူကာ နိုင်ငံရေးဆွေးနွေးမှုပုံစံကိုသာ လိုလားသော သဘောထားတင်မာသူများလည်း ဖြစ်ကြပါသည်။ ၎င်းတို့၏ အတွေးအေခ်ါသဘောတရားအရ အစွန်းရောက်သူများလည်းဖြစ်ကြပါသည်။ အစွန်းရောက်သူများဖြစ်တာကြောင့် အစိုးရအပေါ် ခြိမ်းခြောက်မှုများဖြင့် အကြပ်ကိုင်ရန် ကြိုးပမ်းသည့် အနေဖြင့် မွတ်ဆလင် လက်နက်ကိုင်တပ်များလက်ခံထားရှိသည်။ ထို့အပြင် ရှမ်းမျိုးနွယ်စု လူငယ်များအား အဓမ္မလူသစ်စု၊ ဆက်ကြေးကောက်၊ ကျွန်းသစ်၊ ကျောက်စိမ်း၊ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းများကို အသုံးချ ပြီး စစ်အင်အားတိုးချဲ့ခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်နေကြပါသည်။ အရှင်းဆုံးပြောရရင် ဗိုလ်ချုပ် ဂမ်းရှောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လတို့က ဗိုလ်ချုပ်ဂွမ်မော်ကို အသုံးချ နေခြင်းသာဖြစ်ပါသည်။ ခေတ်ပညာတတ်၊ ဘွဲ့ရလည်းဖြစ်၊ စကားပြောလည်းကျွမ်းကျင်တာကြောင့် ဗိုလ်ချုပ် ဂွမ်မော်ကို NCCT မှာနေရာပေးပြီး နောက်ကွယ်ကနေ Control လုပ်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း ဗိုလ်ချုပ်ဂွမ်မော်၏ အားနည်းချက်မှာ ကတိက၀တ်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းရှိသူတစ်ဦးကဲ့သို့ လွယ်လွယ် ကူကူပေးတတ်သူအဖြစ် တွေ့နေရပါသည်။ ထို့ကြောင့် KIA Key Players နှစ်ဦးနှင့် ဗိုလ်ချုပ်ဂွမ်မော်တို့ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ သဘောထားအမြင်ကွဲလွဲမှုများဖြစ်ပေါ်လာရပြီး သူတို့ခေါင်းဆောင်လုပ်နေသော UNFC နှင့် NCCT တို့၏ ဦးဆောင်မှုအောက်တွင် နောက်ကြောင်းပြန်လှည့်နိုင်သည့် ဖြစ်ရပ်များ ပေါ်ပေါက်လာ ခဲ့ပြီဖြစ်ပါသည်။ အချုပ်ပြောရလျှင် ကျွန်တော်တို့ကိုယ်တိုင်အထင်ကြီးခဲ့သော KIO/KIA ခေါင်းဆောင်များ၏ အရှုပ်အရှင်း ပြဿနာထဲမှာ ကချင်ပြည်နယ်ကိုတော့ မြေဇာပင်အဖြစ်မခံနိုင်ပါ။ သူတို့သာဆက်ပြီးခေါင်းဆောင်နေဦးမယ် ဆိုရင်လည်း ငြိမ်းချမ်းရေးရရန် အတော်ခက်ခဲသွားတော့မည်ဖြစ်ပါသည်။ ကျွန်တော်တို့ကတော့ သူတို့၏ ခေါင်းဆောင်မှုများကို လက်မခံချင်တော့ပါ။ ကချင်နှင့် ရှမ်းမျိုးနွယ်စုများကို လူသစ်စုဆောင်းသော အထောက် အထားများရှိနေပါလျက် ဗိုလ်ချုပ်ဂွမ်မော်က ဗြောင်ငြင်းသည်။ ထိုစိတ်ဓာတ်ကိုမကြိုက်ပါ။ လူသစ်စုဆောင်းခြင်း ခံရသော သက်သေအထောက်အထားများရှိပါသည်။ အကယ်၍ KIA လူသစ်မစုတာ မှန်ခဲ့လျှင် ဗိုလ်ချုပ် ဂွမ်မော်အနေနဲ့ လူအများရှေ့မှာ ထွက်ပြီးရင်ဆိုင်သင့်ပါသည်။ ရင်ဆိုင်ရဲမယ်ဆိုလျှင် ကျွန်တော်တို့ဘက်က လည်း အဆင်သင့်ဖြစ်ထားပြီးဖြစ်၍ ရှင်းလို့ရပါကြောင်း ကချင်ပြည်သူများ၏ကိုယ်စား ရေးသားလိုက်ရပါသည်။ နော်ဆိုင်း

No comments: