Sunday, December 7, 2014

၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုး၍ ထောင်ကျသွားသည့် တပ်အရာရှိကို ပထမဆုံးအကြိမ်ထောင်ဝင်စာတွေ့ခွင့်ရ --

၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုး၍ ထောင်ကျသွားသည့် တပ်အရာရှိကို ပထမဆုံးအကြိမ်ထောင်ဝင်စာတွေ့ခွင့်ရ --

------------------------------------------------------------------- ၄၃၆ပြင်ဆင်ရေးလှုပ် ရှားမှုတွင် လက်မှတ်ရေးထိုးခဲ့သ ဖြင့် ထောင်ဒဏ်၂နှစ်ချမှတ်ခံရသည့် ဗိုလ်မှူးကျော်စွာဝင်းအား မန္တလေးအိုးဘိုထောင်သို့ ရွှေ့ပြောင်းလိုက်ပြီးနောက် ဒီဇင်ဘာ ၅ရက် တွင် မိသားစုက ပထမဆုံးအကြိမ် ထောင်ဝင်စာတွေ့ဆုံခွင့်ရရှိခဲ့ ကြောင်း သတင်းရရှိသည်။ ဗိုလ်မှူးကျော်စွာဝင်းကို ဒီဇင်ဘာ ၅ရက်က ပြင်ဦးလွင်စစ် တရားရုံးက တပ်မတော်အတွင်း ထုတ်ပြန်ထားသည့် ဒေသန္တရအ မိန့် ညွှန်ကြားချက်များကို လိုက် နာရန်ပျက်ကွက်ခြင်း ပုဒ် ၄၁(င) တပ်မတော်သားတစ်ဦးနှင့် မသင့်လျော်သောပြစ်မှုပုဒ်မ၆၅ စသည့်ပုဒ်မများဖြင့် ထောင်၂နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရပြီး ငါးလအတွင်း ယခုထောင်ဝင်စာမှာ မိသားစုက ပထမဆုံးအကြိမ်တွေ့ခွင့်ရခြင်းဖြစ်ကြောင်း ဗိုလ်မှူးကျော်စွာဝင်း၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ ဗိုလ်မှူးကျော်စွာဝင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တွင် တပ်မှူးအဖြစ်တာဝန်ထမ်း ဆောင်စဉ် ၂၀၁၄ခုနှစ် ဇူလိုင် ၇ ရက်က ပြင်ဦးလွင်သို့ တပ်တာဝန် ဖြင့်လာရောက်ရာ ပြင်ဦးလွင်အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နှင့် ၈၈မျိုးဆက်ပွင့်လင်းလူ့အဖွဲ့ အစည်းတို့ ပူးပေါင်းလုပ်ဆောင် နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ပြင်ဆင်ရေးတွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ် သည်။ လက်မှတ်ရေးထိုးခဲ့သည့် ဇူလိုင် ၇ရက်တွင်ပင် ဖမ်းဆီးခံရ ပြီးနောက် ပြင်ဦးလွင်တပ်မတော် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ သင်တန်းကျောင်း၌ ဖမ်းဆီးချုပ် နှောင်ခြင်းခံရသည်။ သြဂုတ်လတွင် တပ်တွင်းခုံရုံးဖွဲ့စစ်ဆေးပြီး နောက် ဒီဇင်ဘာတွင် ထောင် ၂နှစ် ချလိုက်ခြင်းဖြစ်ကြောင်း စုံစမ်းသိ ရှိရသည်။ ‘‘ထောင်ကျပြီဆိုတော့ တပ် အချုပ်ကနေ မန္တလေးအိုးဘို ထောင်ကိုရွှေ့ပေးတယ်။ အိုးဘို ထောင်မှာ မိသားစုနဲ့ နည်းနည်း ပါးပါးစကားပြောဆိုနှုတ်ဆက်ခွင့် ရတယ်။ ဖမ်းသွားပြီးကတည်းက ဒါ ပထမဆုံးအကြိမ်တွေ့ခွင့်ရ တာ။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ သူကတော့ ပုဒ်မ ၄၃၆လက်မှတ်ထိုးလို့ထောင်ကျခံ ရတယ်လို့ပြောတယ်’’ဟု ဗိုလ်မှူး ၏ မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ဗိုလ်မှူးကျော်စွာဝင်းစတင် ဖမ်းဆီးခံရသည့်သတင်းများထွက် ပေါ်စဉ် ပုဒ်မ ၄၃၆လက်မှတ် ရေးထိုးခြင်းကြောင့် မဟုတ်ဘဲ ၎င်း၏ပေါ့ဆမှုကြောင့် တပ်ကြပ် ကြီးတစ်ဦးသေဆုံးသွားသည့်အမှု အတွက် အရေးယူခြင်းဖြစ် ကြောင်း တပ်မတော်အရာရှိကြီး တစ်ဦးကပြောကြားခဲ့သည်။သို့ သော် ထိုပြစ်မှုမှာ ၂၀၁၃ခုနှစ်က တည်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တာဝန်ထမ်းဆောင်သက်ခံစား ခွင့်သုံးနှစ် လျှော့ချသည့်ပြစ် ဒဏ်ဖြင့် အရေးယူထားပြီးဖြစ် ကြောင်း အထက်ပါပုဂ္ဂိုလ်ကပြော သည်။ တပ်မတော်တွင် ပုဒ်မ ၄၃၆ ကို လက်မှတ်မရေးထိုးရန် တား မြစ်ထားခြင်းမရှိကြောင်း၊ သို့ သော် တပ်မိသားစုများအနေဖြင့် အထက်အဆင့်အကြီးအကဲများ ၏ ခွင့်ပြုချက်မရှိဘဲ လှုပ်ရှားမှု များတွင် ပါဝင်လေ့မရှိသည်မှာ အလိုအလျောက်လိုက်နာရမည့် တာဝန်တစ်ရပ်ကဲ့သို့ဖြစ်နေ ကြောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောကြား သည်။ တစ်ဦးတစ်ယောက်၏ စည်း ကမ်းမဲ့မှု၊ အကျင့်စာရိတ္တချို့ယွင်း မှုကြောင့် တပ်မတော်တစ်ခုလုံး ကို ထိခိုက်စေနိုင်သည့်၊ စည်းရုံး ရေးကို ထိခိုက်စေနိုင်သည့်လုပ် ရပ်များမဖြစ်ပွားရအောင် အထူး အလေးထားဆောင်ရွက်သွားကြ ရန်လိုကြောင်း ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ဒီဇင်ဘာ ၅ရက်က ပြုလုပ် သည့် စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၅၆)သင် တန်းဆင်းပွဲအခမ်းအနားမိန့်ခွန်း တွင် ထည့်သွင်းပြောကြားခဲ့ သည်။ ‘‘တကယ်တော့ သူက တပ် ကနေ ခံစားခွင့်သုံးနှစ်ထိထား တယ်။ နောက် ထွက်ခွင့်တင် တယ်။တပ်က ထွက်ခွင့်ကို ငြင်း ထားတယ်။ တကယ်တမ်းတပ်မှာ ပါတီနိုင်ငံရေးကင်းရှင်းရမယ်လို့ ပြောထားပြီးသား။ ဒီညွှန်ကြား ချက်ရှိရက်နဲ့ တပ်ယူနီဖောင်းနဲ့ ပါတီတစ်ခုရဲ့ လှုပ်ရှားမှုကိုသွား လက်မှတ်ထိုးရင် သေချာပေါက် အရေးယူခံရမယ်ဆိုတာသူသိပြီး သားပါ။ တပ်ရဲ့ ရိုးရိုးခွင့်မဲ့ပျက် ကွက်ရင်တောင်ထောင်တစ်နှစ်ချ လို့ရတယ်’’ဟု ယခင်တပ်မတော် သားဟောင်းတစ်ဦးက ပြော သည်။ အင်န်အယ်လ်ဒီနှင့် ၈၈တို့ ပူးပေါင်းသည့် ပုဒ်မ ၄၃၆ပြင်ဆင် ရေးလှုပ်ရှားမှုတွင် အစိုးရ၀န် ထမ်းများ၊ တပ်မတော်သား၊ အောက်ခြေအဆင့်ဝန်ထမ်းအချို့ နှင့် ရဲတပ်ဖွဲ့ဝင်အချို့ ပါဝင်လက် မှတ်ရေးထိုးမှုများရှိခဲ့သော်လည်း ဗိုလ်မှူးကျော်စွာဝင်းတစ်ဦး တည်းသာ လက်ရှိအချိန်တွင် အ ရေးယူခံရခြင်းဖြစ်သည်။ ဗိုလ်မှူးကျော်စွာဝင်းမှာ ထောင်၂နှစ်ချမှတ်ခံရချိန်တွင် တပ်မတော်သားအဖြစ်မှ ရပ်စဲ လိုက်သော်လည်း ၎င်း၏ စစ်မှု ထမ်းသက် ၁၄နှစ်၏ ပင်စင်ခံစား ခွင့်နှင့်လုပ်သက်လစာခံစားခွင့် များကို တပ်မတော်ကပေးအပ် မည်ဖြစ်ပြီး ထောင်ဒဏ်ကျခံနေ ချိန်တွင် ဇနီးနှင့်သားသမီးနှစ်ဦး ပြင်ပတွင် ကျန်ရစ်ခဲ့သည်။ 7Day

No comments: