Thursday, December 4, 2014

အားလီ သိတဲ့ ၀မ်ပေါင် နိုင်ငံတော် (သို့မဟုတ်) စာမတတ် ပေမတတ် တစ်ယောက် ရဲ့ စိတ်ကူးယဉ် အိပ်မက်

 အားလီ သိတဲ့ ၀မ်ပေါင် နိုင်ငံတော် (သို့မဟုတ်) စာမတတ် ပေမတတ် တစ်ယောက် ရဲ့ စိတ်ကူးယဉ် အိပ်မက်

ဒီနေ့ မြန်မာ နိုင်ငံ ရဲ့ငြိမ်းချမ်း ရေး လမ်းကြောင်း ကို ကြည့်မယ် ဆိုရင် အဓိ က ပြဿနာ က KIA ဆိုတာ တွေ့ရ လိမ့် မယ်။ လက်ရှိ အခြေ အနေ မှာ KIA ရဲ့ လုပ်ရပ် တွေ နဲ့ ပတ်သက် ပြီး ကျုပ် အနေ နဲ့ စိတ်ပျက် သလို ရှက်လဲ ရှက်တယ်။ ကျွန်တော် ဘယ်သူ လဲ ဆိုတာ ကတော့ ကျွန်တော့် မိသားစု ၀င်တွေ ရဲ့ အသက် တွေ အတွက် မပြော တော့ ဘူး။ ကိုယ့် ဂုဏ်ကို ဖော် မသူတော် လို့ပဲ ပြောချင် ပြောကြ ပါစေ။ ပွင့်ပွင့် လင်းလင်း ၀န်ခံ ရလျှင် ကျွန်တော်ဟာ စစ် အစိုးရ ကို ၁၂ နှစ် တိတိ တော်လှန် ခဲ့တဲ့ လူ တစ်ယောက် ပဲ။ ဒါပေမယ့် ဒီ တော်လှန် ရေး အောင်မြင် ပါ့ မလား လို့ မေးလာ တိုင်း ကျွန်တော် ဘာ ပြန်ဖြေ ရမှန်း မသိ ခဲ့ဘူး။ မင်း ဘယ်သူ့ အတွက် တော်လှန် နေ လဲ လို့ မေးတိုင်း ကျွန်တော့် မှာ အဖြေ ဆိုတာ ရေရေ ရာရာ မရှိ ခဲ့ ဘူး။ အခု ကျွန်တော် တော်လှန်ရေး မလုပ် တော့ဘူး။ စစ် နဲ့ ငြိမ်းချမ်းရေး ဘယ် အရာ ဟာ ကောင်း သလဲ ဆိုတာ သိ ခဲ့တဲ့ အတွက် ကျွန်တော့် ဘ၀ မှာ ငြိမ်းချမ်းရေး ဆိုတဲ့ ပန်းတိုင် ကို လျှောက်လှမ်း နေပြီ။ ကျွန်တော် ဟာ ဘယ် ပါတီ ဘယ် အဖွဲ့အစည်း မည်သူ မည်ဝါ ရဲ့ ပေးစာ ကမ်းစာ နဲ့ မှ ဒီစာ ကို ရေးသားခြင်း မဟုတ်ကြောင်း ဦးစွာ ပြော လို ပါတယ်။ ဒီစာ ကို တိုင်းပြည် မျက်နှာ တစ်ခု တည်း အတွက် KIA ဘာလဲ၊ ဘာတွေ လုပ်နေလဲ က စပြီး တပ်ဖွဲ့ တွင်း က အတွင်း သတင်း အားလုံး ထုတ်ဖော် ရေးသား ဖို့ ဆုံးဖြတ် လိုက်တာ ဖြစ် ပါ တယ်။ နောက် တစ်ခု အနေနဲ့ ကတော့ ယနေ့ နိုင်ငံရေး အဖွဲ့ အစည်း တွေ နဲ့ မီဒီယာ တွေ ဟာ စစ်တပ် ကို သင်းကွပ် ချင်တာ တစ်ခု နဲ့ KIA အကြောင်း နကန်း တစ်လုံး မှ မသိ ဘဲ အရူး ဘုံမြှောက် ပေး နေ တာ ကြောင့် KIA ဘာကောင် မှန်း သိအောင် ရေး ရတာ ဖြစ် ပါတယ်။ ပထမ ဦးစွာ ပြောချင် တာ ကတော့ KIA ဆိုတာ ဘယ် ကချင် ကို မှ ကိုယ်စား မပြုဘူး ကွ လို့ အော်ပြော လိုက်ချင် တာ ပါပဲ။ နောက် တစ်ခု ကတော့ KIA ပါးစပ် က တစ်ဖွဖွ ပြော နေတဲ့ ၀မ်ပေါင် နိုင်ငံတော် ဆိုတာ ဘယ် ကချင် လူမျိုး ရဲ့ ဆန္ဒ မှ မဟုတ် ဘူး။ နောက် ထပ် ရှိပါ သေး တယ် ခင်ဗျား တို့ အားလုံး မျှော်လင့် နေတဲ့ ဖက်ဒရယ် တပ်မတော်၊ ဖက်ဒရယ် ပြည်ထောင်စု ဆိုတာ KIA ရဲ့ စိတ် ထဲမှာ လုံးဝ (လုံးဝ) မရှိ ပါဘူး လို့ ပဲ ပြောချင် ပါတယ်။ ဒါတွေ ဟာ အစိုးရ ကို ထိပ်တိုက် လုပ်ချင် လို့ ဇာတ်ကွက် ဖန်တီး ထားသော၊ မဖြစ် နိုင်မှန်း သိတဲ့ အတွက် တောင်းဆို နေသော လုပ်ကွက် တစ်ခု သာ ဖြစ် ပါတယ်။ ဒါ ဆိုရင် KIA လိုချင် နေတာ ဘာလဲ၊ KIA ဖြစ်ချင် နေတာ ဘာလဲ ဒါတွေ အားလုံး ဟာ ဘယ်သူ့ အကြံ တွေ လဲလို့ မေး လာရင်တော့ တစ်ခါ တည်း ပြော လိုက် ပါမယ်။ KIA ၏ ရည်ရွယ် ချက် သည် မည်သည့် ဖက်ဒရယ် ပြည်ထောင်စု လည်း မဟုတ်၊ မည်သည့် ဖက်ဒရယ် တပ်မတော် မှ လည်း မဟုတ် ပါ။ သူတို့ လိုချင်တာ တစ်ခု တည်း ရှိပါ တယ်။ ကချင် ပြည်နယ် ကြီး တစ်ခု လုံး ကို သူတို့ လက်ထဲ လွှဲပေး ပြီး ၀မ်ပေါင် နိုင်ငံ တော်ကြီး တည်ထောင် လိုတဲ့ တစ်ခု တည်းသော ဆန္ဒ သာ ဖြစ် ပါတယ်။ ဒါတွေ အားလုံး ဟာလည်း မည်သည့် ကချင် လူမျိုး များ ၏ ဆန္ဒ မှ မဟုတ် ဘဲ အင်ဘန်လ ဆို သည့် အာဏာရှင် အရူး တစ်ယောက် ထဲ ရဲ့ အကြံ အစည် မူဝါဒ များသာ ဖြစ်ပါ တယ်။ အင်ဘန်လ ဆိုတာ လက်ရှိ KIO ရဲ့ ဒု ဥက္ကဌ ပါ။ ဒါဆို အင်ဘန်လ က ကြိုးကိုင် နေတယ် ပြောပြီး ဘာ လို့ ဥက္ကဌ မလုပ် သလဲ လို့ မေးလာ နိုင်စရာ ရှိ ပါတယ်။ ဘာလို့ မလုပ် သလဲ ဆိုရင်တော့ အင်ဘန်လ မှာ လူရှေ့ လုံးဝ ထွက်ပြ လို့ မရတဲ့ အားနည်း ချက် တစ်ခု ရှိနေ လို့ ပါပဲ ။ အဲဒါ ဟာ ဘာလဲ ဆိုရင် အင်ဘန်လ ဟာ စာ တစ်လုံး မှ မတတ် တဲ့ လူ တစ်ယောက် ဖြစ်နေ တာ ပါ ပဲ။ အင်ဘန်လ အနေ နဲ့ စာ တစ်လုံး မှ မတတ် တဲ့ အတွက် နိုင်ငံရေး မျက်နှာစာ မှာ လူလုံး ထွက်ပြ လို့ မရ နိုင် ပါဘူး။ နောက် တစ်ချက် ကတော့ နိုင်ငံ ရေး စာ မျက်နှာ ပေါ် မှာ သူ ချုပ်ကိုင် ထားတဲ့ လူတွေ ကို ထိုးကျွေး ထားခြင်း ပါဘဲ။ လက်ရှိ အခြေ အနေ မှာ အစိုးရ နဲ့ အဓိက ဆွေးနွေး နေသူ ကတော့ ဂွမ်မော် ပါ။ KIA ကို ကွပ်ကဲ နေတာ ကတော့ ဂမ်ရှောင် ပါ။ ဇောင်းဟရား ဆိုတာ ကတော့ အင်မတန် မှ သနား စရာ ကောင်းသော အမည်ခံ ဥက္ကဌ ကြီး ပါပဲ။ ဒီတော့ KIO / KIA နဲ့ ပက်သက် လာရင် ပြဿနာ တစ်ခုခု ဖြစ်တိုင်း ထို သုံးယောက် က ဒိုင်ခံ ဖြေရှင်း ရသလို ဒုက္ခ ပေါင်းစုံ လဲ ခါးစည်း ခံနေရ တဲ့ လူတွေ ပါပဲ။ ဗမာ နဲ့ ပြဿနာ တက်ရင် ဗမာ က ဂွမ်မော် ကို မုန်းမယ်၊ စစ် ဖြစ်ရင် ဂမ်ရှောင် ကို လက်ညှိုး ထိုး ကြမယ်၊ ဇောင်းဟရား ကတော့ ဥက္ကဌ ဆိုတော့ ပြဿနာ အားလုံး သူ့ ခေါင်း ပေါ် ပေါ့။ အင်ဘန်လ ကတော့ ဒု ဥက္ကဌ ဆိုတော့ အေးရာ အေးကြောင်း နေ တယ်။ ဒါပေမယ့် အားလုံး ဟာ သူ့ အကြံ တွေ ချည်း ဆိုတာ ဘယ်သူ မှ မသိ ကြဘူး။ ဒါ ဆိုရင် ထို သုံးယောက် က ဒီတိုင်း ငြိမ်ခံ နေသလား လို့ ပြန်မေး လာကြ မယ်။ ဟုတ်ကဲ့ ငြိမ်မခံ လို့ မရ ပါဘူး။ အဲဒီ သုံး ယောက် စလုံး ရဲ့ အနီးကပ် လုံခြုံရေး တပ်ဖွဲ့ အားလုံး ဟာ အင်ဘန်လ ရဲ့လူယုံ တွေ ချည်း ပါပဲ။ တစ်ခုခု လုပ်မယ် ကြံတာ နဲ့ ဂွမ်မော် တို့ အသက် ပျောက်သွား ဘို့ပဲ ရှိပါ လိမ့်မယ်။ ဒါဟာ အင်ဘန်လ ရဲ့ အင်မတန် ပိရိ တဲ့ အကြံ ဉာဏ် ပါ။ ကချင် မှာ တိုင်းရင်းသား ခေါင်းဆောင် တွေ တွေ့ဆုံ တုန်း က အင်ဘန်လ ပြောခဲ့တဲ့ စကား ဟာ ဂွမ်မော် တို့ ဂမ်ရှောင် တို့ ရင်ထဲ ခု ထိ ခံစား နေရ ဆဲ ပါဘဲ။ အင်ဘန်လ ဘာပြော ခဲ့သလဲ ဆိုတော့ "ကျုပ်ဟာ အာဏာရှင် ခေါင်းဆောင် ပဲ၊ ဂွမ်မော် တို့၊ ဂမ်ရှောင် တို့၊ ဇောင်းဟရား တို့ ဆိုတာ ကျုပ် လူတွေ၊ ကျုပ် ခိုင်းတာ သူတို့ လုပ်ယုံ ပဲ၊ ကျုပ်က KIO ရဲ့ ဥက္ကဌ နေရာ ကို အချိန် မရွေး ယူလို့ ရတယ်။ ဒါပေမယ့် ကျုပ် မ ယူဘူး၊ ကျုပ် တပည့် တွေကို ပဲ ခိုင်းမယ်" တဲ့။ အင်ဘန်လ ဟာ KIO ဥက္ကဌ မလုပ် ပေမယ့် UNFC မှာ တော့ ဥက္ကဌ လုပ် ပါတယ်။ ဒါ ကလဲ UNFC မှာ ပါလာ မယ့် တိုင်းရင်းသား ခေါင်းဆောင် တွေ ဟာ သူ ခိုင်းတာ လုပ်မယ့် ဂွမ်မော် တို့လို သူ့ တပည့် တွေ မဟုတ် လို့ ပါပဲ။ ဒါကြောင့် KIO အနေ နဲ့ UNFC ကို ချုပ်ကိုင် ချင်တာ ရော သူ့ ရဲ့အာဏာ စက် ကို ပြချင်တာ အတွက် ရော အင်ဘန်လ ဟာ ဥက္ကဌ လုပ်နေ တာပဲ။ အင်ဘန်လ ဟာ အာဏာ ရရင် ပြီးရော ဘာမဆို လုပ်မယ့် လူစား ပါ။ ၀မ်ပေါင် နိုင်ငံတော် အတွက် အင်အား ကြီးမား စေဘို့ ကုလား တွေ ကို တိုင်းရင်းသား ဆိုပြီး ကချင် ပြည်ထဲ ဆွဲထည့် တာ အင်ဘန်လ အကြံ ပဲ။ ဒီ ကိစ္စ နဲ့ ပက်သက် ပြီး ဂွမ်မော် နဲ့ အင်ဘန်လ အကြီး အကျယ် ပြဿနာ ဖြစ် ဘူးတယ်။ ဂွမ်မော် က ကုလား တွေ လာတာ ကို မကြိုက် ဘူး။ ဒါပေမယ့် နောက်ဆုံး တော့လဲ အင်ဘန်လ ကို မကျော် နိုင်တဲ့ ဂွမ်မော် အရှုံးပေး လိုက် ရတယ်။ ဒီလို နဲ့ RSO တွေ ကချင် ထဲမှာ စစ်ရေး လေ့ကျင့် နေတော့ တာပဲ။ တိုင်းရင်းသား တွေ့ဆုံ ပွဲမှာ အင်ဘန်လ က ပြောတယ်။ "ခင်ဗျား တို့ အစိုးရ ကို ပြန်ချ ပါ။ ကုန်ကျ သလောက် ကျွန်တော် ခံမယ်" တဲ့။ သူက ဘယ်က ရတဲ့ ငွေ နဲ့ ထောက်ပံ့ မှာ လဲ။ ကျောက်စိမ်း က လား။ ဘိန်း က လား။ မဟုတ် ဘူး။ ခင်ဗျား တို့ မသိတာ တစ်ခု ရှိ သေးတယ်။ ကျွန်တော် ဆက်ပြော ပါမယ်။ ဟုတ်ကဲ့။ KIO နဲ့ ဒီ တစ်သက် ငြိမ်းချမ်းရေး ယူဘို့ ဘယ် သကောင့် သား မှ မစဉ်းစား ပါနဲ့ လို့ ကျွန်တော် က ထပ်ဆောင်း အကြံပေး လိုက် ပါမယ်။ အင်ဘန်လ ဟာ အာဏာရှင် လို့ သူ့ကို သူ သတ်မှတ် နေပြီ။ တရုတ် က လက်မခံ တော့ မှာ ကို ကြို သိတဲ့ အင်ဘန်လ ဟာ ခု ဆိုရင် သူ့ရဲ့ နောက်ဆုံး ခံစစ် စခန်း ကို အိန္ဒိယ နယ်စပ် မှာ ဆောက် နေပြီ။ ကျွန်တော် သိ သလောက် ဆိုရင် ပန်ဆောင် တောင်ကြော မှာ ရှိတယ်။ အဲဒီ နေရာ ဟာ ရွှေတွေ ဖောခြင်း သောခြင်း ထွက် တဲ့ ရွှေ ကြောကြီး တစ်ခု ရဲ့ ထိပ် တည့်တည့် မှာ ရှိတယ်။ အဲ့ဒီ နေရာ ကို လေယာဉ် ပစ် တွေ ပါ ဆင်ထား တယ်။ စခန်း အခိုင် အမာ ဆောက် နေတယ်။ အင်ဘန်လ ဟာ တိုင်းရင်းသား ခေါင်း ဆောင် တွေ လာတုန်း က သူ ကိုယ်တိုင် ကြွားခဲ့တာ အသံ ဖိုင်ပါ သက်သေ ရှိတယ်။ ပြည်တွင်း ငြိမ်းချမ်း ရေး အလျှင် အမြန် ရချင် တယ် ဆိုရင် တော့ အဲ့ဒီ နေရာ ကို အစိုး ရ တပ်တွေ အနေ နဲ့ ဘယ်သူ့ မျက်နှာ မှ မထောက် ပဲ အခု အချိန် ကတည်း က အမြန် ဆုံး ထိမ်းချုပ် ထား နိုင်ဖို့ လိုမယ် ဆိုတာ ကို ကျွန်တော် ပြောထား ချင်တယ်။ နောက်ပိုင်း မှာ ငြိမ်းချမ်း ရေး လိုချင် နေတဲ့ KNU ဟာ အင်ဘန်လ အကြံတွေ သိလာ တဲ့ အတွက် UNFC ကနေ လုံးဝ ထွက်သွား တဲ့ အထိ ရုပ်ပျက် ဆင်းပျက် ဖြစ်ခဲ့ ရ တယ်။ ကရင် မပါ ရင် UNFC ဟာ သုံးစား မရတော့ မှန်း သိတဲ့ အင်ဘန်လ ဟာ KNU ကိုပါ နှစ်ခြမ်း ခွဲ ဘို့ ကြံစည် ခဲ့တယ်။ သဘော ထား တင်းမာ တဲ့ KNU တပ်မဟာ ကို သွေးခွဲ လှုံ့ ဆော် တယ်။ အဲဒီ ကနေ ခွဲထွက် လာမယ့် အဖွဲ့ ကို UNFC ထဲ ကောက်ထည့် ဘို့ အထိ ကြံ ခဲ့တယ်။ နောက် တစ်ခု ပြော သေးတယ်။ " အစိုးရ ကို တော်လှန်မယ့် သူ မှန်သမျှ KIA က ထောက်ပံ့ မယ် " တဲ့။ အဲဒီ စကား ဟာ အပြင် လူတွေ မသိသေး တဲ့ အင်ဘန်လ ပါးစပ် က ထွက်ခဲ့တဲ့ စကား အတိ အကျ ပဲ။ တစ် လောက ပါကြီး ကိစ္စ နဲ့ မြ၀တီ ကို ရောက်လာ တဲ့ ဗိုလ်ပြုတ် နေမျိုးဇင် ကို မဲဆောက် က နယ်လှည့် ကျောပိုး အိတ် စခန်း မှာ KNU က ဖဒို မန်းမန်း က ဘတ် ၄ သိန်း ထုတ်ပေး တယ်။ " ငါတို့ အတွင်း အပြင် ညှပ် တိုက်ရင် ဒီ အစိုးရ ၅ နှစ် မခံဘူး " လို့ ဖဒို မန်းမန်း ပါးစပ် က နေမျိုးဇင် ကို ပြော ခဲ့တာ ကျွန်တော့် နားနဲ့ ဆက်ဆက် ကြား ခဲ့ ရတယ်။ အဲဒီဘတ် ၄သိန်းက KIA ပိုက်ဆံပဲ။ ဖဒို မန်းမန်း ဆိုတဲ့ ကရင် လူလည် က ပိုက်ဆံ ရရင် ဘာမဆို လုပ်တဲ့ ကောင်။ KNU ကို ခွဲဘို့ အင်ဘန်လ ပိုက်ဆံ နဲ့ မွေး လိုက် တဲ့ ငတိ ပဲ။ နေမျိုးဇင် လို ကောင်မျိုး အတွက် အင်ဘန်လ က ဘတ် ၄ သိန်း ဖဒို မန်းမန်း ကို ထုတ်ပေး တာ သိပ် မဆန်း လှ ပါဘူး။ တစ်ခါ ထဲ ပြော လိုက်ချင် တာ က ဗိုလ်ပြုတ် နေမျိုးဇင်။ မင်း ကို ငါတို့ ငြိမ်းချမ်း ရေး လိုလား တဲ့ သူတွေ က မလိုလား ဘူး ဆိုတာ ပါပဲ။ ငါတို့ က သစ္စာ ဖောက် တွေ ဆိုရင် ဘယ်အဖွဲ့ အစည်း က ဖြစ်နေ ဖြစ်နေ မယုံ ဘူး။ ဒါက ထားပါ။ ဒီလောက် ဆိုရင် KIO / KIA ရဲ့ အတွင်း အပြင် လေး နဲနဲ စုံလောက် ပြီ ထင် တယ်။ KIA ထဲက သနား စရာ ဂွမ်မော်၊ ဂမ်ရှောင်၊ ဇောင်း ဟရား ဆိုတဲ့ လူကြီး သုံးယောက် ရဲ့ ဘ၀ ကိုလဲ နားလည် လောက် ရောပေါ့။ အဲတော့ ထပ် ပြောချင် တာက KIA ဟာ လုံးဝ ငြိမ်းချမ်း ရေး ယူလိမ့် မည် မဟုတ် ဘူး။ ၀မ်ပေါင် နိုင်ငံ ထူထောင် ဘို့သာ သူ တို့ ရဲ့ အဓိက ရည်ရွယ် ချက်။ ဖက်ဒရယ် ဘာညာ ဆိုတာ နား ထောင် ကောင်းအောင် လျှောက် ပြောတာ။ မဖြစ် နိုင်မှန်း သိတယ်။ ဒါကြောင့် မဖြစ် နိုင်တာ ကို ပြောပြီး ငြိမ်းချမ်းရေး ပျက်အောင် လုပ်နေ တာပဲ ဖြစ်တယ်။ သူတို့ မှာ ကျောက်စိမ်း မှောင်ခို အရောင်း အ၀ယ် တွေ ရှိနေတယ်။ ဘိန်းချက် လုပ်ငန်း တွေ နဲ့ မူးယစ် ဆေးဝါး လုပ်ငန်း တွေ ရှိနေ တယ်။ အခု နောက်ဆုံး အန္ဒိယ နယ်စပ် က ရွှေ အကြီး အကျယ် ထွက် တဲ့ နေရာ တစ်ခု ကို အယ်ဘန်လ အနေ နဲ့ ချုပ်ကိုင် ဖို့ ကြံစည် အားထုတ် နေပြီ။ သူ့ ရဲ့ အစီ အစဉ် တွေ ကို တပ်မတော် အနေနဲ့ အခု ကတည်း က မထိမ်းချုပ် ထား နိုင်ဘူး ဆိုရင် တော့ ကျွန်တော် တို့ နိုင်ငံ ရဲ့ တနိုင်ငံ လုံး အပစ် အခတ် ရပ်ဆဲ ရေး နဲ့ ငြိမ်းချမ်း ရေး ဆိုတာ ရွှေပြည်တော် မျှော်တိုင်း ဝေး ဆိုသလို ဖြစ်နေဦး မှာ ပါပဲ။ ဒါ တွေ အားလုံး ကို မှ မထိမ်းချုပ် နိုင် ရင်တော့ ဒီ ကိစ္စ တွေ ရဲ့ အဓိက လက်သည် ဖြစ်တဲ့ စာမတတ် ပေမတတ် ကောင် အင်ဘန်လ ရဲ့ စိတ်ကူးယဉ် ကမ္ဘာ ထဲက ၀မ်ပေါင် နိုင်ငံတော် ထဲမှာ တော့ ကချင် တစ်မျိုး သား လုံး နင်းပြား ဖြစ် ပြီး ဆင်းရဲ တွင်း နက်နေ ကြ ရ ဦးမယ် ဆိုတာ ကို သိစေ ချင်တာ ပါပဲ။ အားလုံး ကို ကျေးဇူး တင် ပါတယ်။ ကျွန်တော် အားလီ ပါ။

No comments: