Wednesday, December 3, 2014

ငွေတောင်း ၊ လူဖမ်းကောင်းသော KIA ကို ဘယ်လို တားဆီးမလဲ ? ငွေတောင်း ၊ လူဖမ်းကောင်းသော KIA ကို ဘယ်လို တားဆီးမလဲ ? ငွေတောင်း ၊ လူဖမ်းကောင်းသော KIA ကို ဘယ်လို တားဆီးမလဲ ?

 ငွေတောင်း ၊ လူဖမ်းကောင်းသော KIA ကို ဘယ်လို တားဆီးမလဲ ?

ဒီဇင်ဘာလ ၃ရက်၊ ၂၀၁၄ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နတ်ကြီးကုန်းရပ်ကွက်နေ ဒေသခံနှစ်ဦးအား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ဖမ်းဆီးသွားခဲ့ရာ ဒီဇင်ဘာ ၁ ရက်နေ့တွင် တစ်ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ “ ဖမ်းသွားတုန်းက နှစ်ယောက်၊ အခုတစ်ယောက်ပဲ ပြန်ရောက်လာတယ်၊ ကျန်တဲ့တစ်ယောက်ကို ဘယ်တော့လွှတ်ပေးမယ် မသိဘူး ၊ လွတ်လာ တဲ့လူကိုလည်း ငွေဘယ်နှစ်သိန်းနဲ့ ပြန်ရွေးခဲ့ရမှန်းမသိဘူး ” ဟု မြို့ခံ တစ်ဦးက ပြောသည်။ KIA အဖွဲ့မှ နိုဝင်ဘာ ၁၉ ရက်နေ့တွင် အဆိုပါ ရပ်ကွက်နေ ဦးဇော်တောင်နှင့် ဦးစဘော်နော် တို့အား ဖမ်းဆီးသွားခဲ့ပြီး ငွေ ၁၀ သိန်းပေးမှသာ ဦးဇော်တောင်အား ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။ အလားတူ မိုးညှင်းမြို့ ၊ အောင်သပြေရပ်ကွက်အနီးတွင် ဖမ်းဆီးခံရေ သာ ဒေသခံ ၃ ဦးသည်လည်း တစ်ဦးလျှင် ၁၀ သိန်းနှုန်းဖြင့် ငွေ သိန်း (၃၀) ပေးမှသာ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ပြန်လွတ်လာခဲ့ကြောင်း သိရသည်။ အဆိုပါအဖွဲ့မှ ဖမ်းဆီးခံရပြီး ငွေပေးမှုကြောင့် ပြန်လည်လွတ်မြောက်လာ သူ ဒေသခံ (၃) ဦးမှာ ဦးစိုးထွန်း (၃၆) နှစ်၊ ဦးအောင်စိုးထွန်း (၂၇) နှစ် ၊ မြေတိုင်းစာရေး အဆင့် (၄)၊ မိုးညှင်းခရိုင်မြေစာရင်းရုံး၊ ဦးကျော်ဝင်း (၅၈) နှစ်တို့ဖြစ်ကြောင်း သိရသည်။ “ ဒီရက်ပိုင်းအတွင်း ဖြစ်နေတဲ့ ကိစ္စပါ၊ KIA ကလူဖမ်းပြီး ငွေတောင်း တဲ့ ပြန်ပေးဆွဲ လုပ်ရပ်ကို ပေါ်ပေါ်တင်တင်ကို ကျူးလွန်နေ တာ၊ ဥပဒေမဲ့ လုပ်ရပ်ကို တားဆီးပေးဖို့လိုတာပေါ့၊ နယ်မြေမအေးချမ်းသေးတော့ ဌာနဆိုင်ရာရုံးတွေကလည်း မလုပ်နိုင်ဘူး၊ ဖြစ်နိုင်ရင် အဲဒီလို လူဖမ်းငွေတောင်းနေတဲ့ KIA အဖွဲ့ကို အစိုးရစစ်ကြောင်းတွေနဲ့ တားဆီးပေးစေချင်တယ်၊ ဒီဒေသမှာ KIA ကို နိုင်တာဆိုလို့ အစိုးရတပ်တွေပဲရှိတယ် ” ဟု ဒေသခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားသွားသည်။ ဇော်မိုင်

No comments: