Wednesday, December 17, 2014

အာဏာပြန်သိမ်းနိုင်တယ် ဆိုတဲ့အောက်တန်းစားတို့ကပြောနေ Ko Htike စစ်တပ်ကနေ ပြောင်းလာတဲ့ ဘောင်းဘီချွတ်ကောင်တွေရဲ့ အောက်တန်းကျတဲ့ စိတ်ဓါတ်က ဘာမှ မပြောင်းလဲဘူး။ ဒီမိုကရေစီ ပြောင်းလဲဖို့ လုပ်ကိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ထက် ... အာဏာကို မက်မက်မောမောနဲ့ အာဏာ လက်မလွှတ်ရရေး .... အာဏာကို ချုပ်ကိုင်ထားရေး ... ဆိုတဲ့ ကိုယ်ကျိုးရှာ အောက်တန်းကျတဲ့ အတွေးအခေါ်တွေနဲ့ စိတ်ဓါတ်တွေက အပြည့်ရှိနေသေးတယ် ဆိုတာ သူတို့ ပြောသမျှ စကားလုံးတိုင်းမှာ ဖေါ်ပြနေတယ်။ ဒီမိုကရေစီ အပြောင်းအလဲအတွက် ဘယ်လို လုပ်လိုက်မယ် ဆိုတာ တစ်ကောင်တစ်မြီးမှ မပြောကြဘူး။ ပြောသမျှ ... “အာဏာပြန်သိမ်း.နိုင်တယ်၊“ “အာဏာသိမ်းလိုက်ရမလား“ “အာဏာသိမ်းခွင့် ရှိဖို့ လိုတယ်။“ “အရင်က အကြာကြီး အာဏာသိမ်းတာ အခုက ခဏပဲ သိမ်းခွင့်ယူထားတာ“ “အာဏာမသိမ်းချင်လို့ တမတ်သားထည့်ထားတာ“ “တိုင်းပြည် မတည်ငြိမ်ရင် အာဏာသိမ်းမယ်“ “စစ်တပ်ကို ချော့မပေါင်းရင် နောက်ကြောင်းပြန်လှည့်နိုင်တယ်“ “တပ်မတော်က အနာဂါတ် နိုင်ငံရေးရဲ့ ဦးဆောင်တဲ့ ကဏ္ဍမှာ ပါဝင်ရမယ်“ “စစ်တပ်က လူတွေကို အတိုက်အခံ လုပ်ရင် အာဏာသိမ်းလို့ရတယ်“ .... စတဲ့ .. စကားလုံးတွေပဲ သူတို့ ပါးစပ်ကထွက်တယ်။ အာဏာကို ငမ်းငမ်းတပ် လိုချင်နေကြတယ် ဆိုတာ ...အထင်အရှားပဲ။ ဒီမိုကရေစီ အပြောင်းအလဲ အတွက် ဘာလုပ်မလဲ ဆိုတာ ... ဘယ်ကောင်မှ မပြောဘူး။ (ကိုထိုက်)

No comments: