Monday, December 29, 2014

ဒေသခံ လယ်သမားများထံမှ KIA အဖွဲ့ ဆက်ကြေးကောက်ခံလျက်ရှိ

 ဒေသခံ လယ်သမားများထံမှ KIA အဖွဲ့ ဆက်ကြေးကောက်ခံလျက်ရှိ



ဒီဇင်ဘာလ ၂၆ရက်၊ ၂၀၁၄ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက KIA အဖွဲ့ ဖမ်းဆီးခြင်းခံရတဲ့ တာလောကြီးကျေးရွာနေ ဒေသခံတိုင်းရင်းသူ တစ်ယောက်၏ အဖြစ်က ကြားရသူတိုင်းအတွက် ရင်နင့်စရာ ကောင်းလှပါတယ်။ အခုချိန်ထိ KIA လက်အောက်ခံ ဒုက္ခသည်စခန်းမှာရှိနေပါတယ်။ ဒီဇင်ဘာ ၁၈ ရက်နေ့တုန်းက တာလောကြီးဒေသအတွင်း KIA အဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံရ သူ ဒါမှမဟုတ် အလင်းဝင်ရောက်သူ ရှိ/မရှိ မြ၀တီရုတ်မြင်သံကြားအဖွဲ့မှ လာရောက်မေးမြန်းတော့မှ ပေါ်ပေါက်လာ တာ ဖြစ်ပါတယ်။ KIA အဖွဲ့ ဖမ်းဆီးခံရသူ ၂ ယောက်ရှိပြီး မ၀င်းရီ ကတော့ အလင်းဝင်လာခဲ့ပါပြီ။ ကျန်နေတဲ့တစ်ယောက် ကတော့ KIA လက်ထဲမှာ ရှိနေဆဲ မညိုညို ဖြစ်ပြီး မိခင်ဖြစ်သူ ဒေါ်ရီစိန်ကို ခေါ်ယူမေးမြန်းရာကနေ အဖြစ်ဆိုးကြုံတွေ့နေရတာကို တာဝန်ရှိအဖွဲ့အစည်းတွေ သိခွင့်ရခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူကလည်း သမီးဖြစ်သူရဲ့ အဖြစ်ဆိုးကို မျက်ရည် စက်လက်နဲ့ ရှင်းပြရှာပါတယ်။ မညိုညိုဟာ ၂၀၁၂ ခုနှစ် ဇွန်လ ပထမပတ်တုန်းက တာလောကြီးကျေးရွာ မြောက်ဘက် ၄ မိုင်ခန့်အကွာ နမ့်မလွတ် (ခေါ်) လောကွမ်အခင်းကွင်းမှာ အလုပ်လုပ်နေချိန် KIA အဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ် ။ KIA တပ်ရင်း (၂၃)မှ ဘရန်ရှောင်အဖွဲ့က သူမကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး လမ်းမှာသူမကို အတင်းအဓမ္မပြုကျင့်ခဲ့ကြပါ တယ်။ အဲဒီလို ပြုကျင့်ခံရတဲ့ သူမဟာ ကြောက်အားလန့်အားနဲ့ ထွက်ပြေးလာပြီး အိမ်သို့ ပြန်ရောက်လာပါတယ်။ သူမ ကို ကြည့်ပြီး မိဘဆွေမျိုးသားချင်းတွေ ရင်ထုမနာ ဖြစ်ကြရပါတယ်။ ဒါ့ကြောင့် သူမရဲ့ အစ်မဖြစ်သူ ယောက်ျားက အဲဒီကိစ္စနှင့်ပတ်သက်ပြီး KIA အဖွဲ့ထံ သွားရောက်ဖြေရှင်းဖို့ KIA ဗဟို ဌာနချုပ် လိုင်ဇာကို ထွက်လာခဲ့ကြတယ်။ ဒါပေမယ့် သူမ ဘ၀ ကံဆိုးမိုးမှောင်ကျခဲ့ရပါတော့တယ်။ လိုက်ပြီး ဖြေရှင်းပေး မယ်ဆိုတဲ့ ခယ်အိုကလည်း ဘာတွေပြောသွားသလဲ သူမ မသိလိုက်ပါဘူး။ ခယ်အို ဘယ်အချိန် ပြန်သွားမှန်းတောင် မသိလိုက်ရဘဲ လိုင်ဇာမှာ သူမတစ်ယောက်တည်း မျက်နှာငယ်စွာ ကျန်နေရစ်ခဲ့ပါတယ်။ သူမကို အတင်းအဓမ္မကျင့်တဲ့ ကိစ္စကို ဖြေရှင်းပေးတဲ့အနေနဲ့ ဗဟိုဌာနချုပ်မှ ဒုဗိုလ် ဒွဲခန်း ဆိုသူနဲ့ အတင်းအကြပ် ပေးစားခြင်းကို ခံလိုက်ရရှာပါတယ်။ ၂၀၁၂ ခုနှစ် မတ်လထဲမှာ ခင်ပွန်းဖြစ်သူ ဒွဲခန်းက မညိုညိုကို လိုင်ဇာအနီး ဒုက္ခသည်စခန်းကို ပို့လိုက်တယ်လို့ သိရ ပါတယ်။ ဒုက္ခသည်စခန်းကို သူမရောက်ပြီး မကြာခင်မှာပဲ ခင်ပွန်းဖြစ်သူ ဒွဲခန်းဟာ နောက်ထပ် အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ မိန်းမ ၂ ယောက်ယူတဲ့ ဒွဲခန်းကို KIA ဗဟိုဌာနချုပ်က အချုပ် ၆ လ ချပြီး အရေးယူခဲ့တယ်။ ၂၀၁၃ ခုနှစ် မတ်လမှာတော့ မညိုညိုဟာ လိုင်ဇာဆေးရုံမှာ သားယောက်ျားလေး မွေးဖွားခဲ့ပေမယ့် ကလေးဟာ မွေးပြီးပြီးချင်း သေဆုံးသွားခဲ့ပါတယ်။ အချုပ်ကျပြီး ပြန်လွတ်လာတဲ့ ဒွဲခန်းကို မညိုညို သွားတွေ့ပြီး အိမ်ထောင်ရေး အကြောင်း ဆွေးနွေးတိုင်ပင်တဲ့အခါ သူမ ကို ဆက်လက်ပေါင်းသင်းလိုစိတ် မရှိတော့ဘူးလို့ ပြောလွှတ်လိုက်တယ်။ သူမကို ပစ်ထားခဲ့တဲ့ ဒွဲခန်းဟာ မကြာမီမှာပဲ KIA အဖွဲ့ကနေ ထွက်ပြေးသွားတယ်ဆိုပြီး သူမဆီ အကြောင်းကြားလာတယ်လို့ သိရပါတယ်။ အခုချိန်ထိ မညိုညိုဟာ KIA အဖွဲ့ရဲ့ အတင်းအဓမ္မပြုကျင့်ခြင်းကို ခံရ၊ KIA အရာရှိတစ်ဦးရဲ့ စွန့်ပစ်ခြင်းကိုလည်း ခံရပြီး ဒုက္ခသည်စခန်းမှာ အားကိုးရာမဲ့စွာ နေထိုင်ရဆဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိခင်ဖြစ်သူ ဒေါ်ရီစိန်ကို တာဝန်ရှိ ဌာနဆိုင်ရာအသီးသီးမှ ကရုဏာသက်စွာဖြင့် သမီးဖြစ်သူ ပြန်လည် လွတ်မြောက်ရေးအတွက် ကူညီနေကြတယ်လို့ သိရပါတယ်။ တရားဥပဒေအရ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက် နေတယ်လို့လဲ ကြားရပါတယ်။ ဘာပဲဖြစ်ဖြစ် လူမသိ သူမသိ ဘ၀နစ်မွန်း နေရရှာတဲ့ ဒေသခံတိုင်းရင်းသူတစ်ယောက်ရဲ့ ရင်နင့်စရာအဖြစ်ဆိုးကို သိခွင့်ရခြင်းက သူမလွတ်မြောက်အောင် ကယ်တင်နိုင်မယ့် လမ်းစလည်း ဖြစ်ပါတယ်။ မညိုညို နည်းတူ KIA စတေးခံ၊ အသုံးချခံ ဘ၀ရောက်နေရသော တိုင်းရင်းသူ ဘယ်နှစ်ယောက်တောင် ရှိနေပြီ မသိနိုင်ပါ။ ထိုကဲ့သို့ အတင်းအဓမ္မ ကျင့်ကြံသော၊ အပျော်မယားအဖြစ် အသုံးချနေသော KIA အဖွဲ့ကို မြန်မာပြည်သူတစ်ရပ်လုံးက စက်ဆုပ်ရွံရှာကြောင်းနဲ့ ပြင်းထန်စွာ အရေးယူပေးရန် လိုလားပါကြောင်း ကိုယ်ချင်းစာနာသော ပြည်သူတစ်ဦးအနေနဲ့ ရေးသားလိုက်ရပါတယ်။ အေးမြနှင်းဖွေး(မြစ်ကြီးနား)

No comments: