Tuesday, December 9, 2014

NLD ဖြေပေးပါ


NLD ဖြေပေးပါ

ယခင် စစ်အစိုးရလက်ထက် ...
ဦးသန်းရွှေ အပါအ၀င် ....
ဗိုလ်ချုပ်တစ်ချို့  ရဲ့  မသမာခြစားမှုတွေကို ...
ဘာမှ ငြင်းစရာ အကြောင်းမရှိပါဘူး ...
လူတိုင်းသိနေတဲ့  ကိစ္စပါပဲ ...

ကျန်းမာရေး ၊ ပညာရေး ...
စီးပွားရေး နိမ့်ကျနေတာလဲ ...
အငြင်းမပွားပါဘူး ....
လူတိုင်းသိနေတဲ့  ကိစ္စပဲ ....

လယ်ယာမြေ ပြသနာတွေ ဖြစ်တယ် ...
လယ်သိမ်းခံ တောင်သူတွေရှိတယ် ...
ဒါလဲ ဘာပြောစရာရှိလဲ ...
လူတိုင်း သိပြီးသားပဲ ....

ငြိမ်းချမ်းရေးက တိုးလိုးတန်းလန်း ...
တိုက်ပွဲတွေလဲ ရှိနေသေးတယ် ...
ဒါလဲ ထင်ထင်ရှားရှား ...
လူတိုင်းသိနေတဲ့  ကိစ္စပဲ ...

ကျွန်တော် ပြောချင်တာက ....
အခု အတိုက်အခံ အုပ်စုတွေ ...
တစ်ချိန်လုံး ထောက်နေတဲ့  ...
ဒီ အချက်တွေ ....
ဘယ်သူကများ ငြင်းနေလို့ လဲ ....

ဒါဆို အငြင်းပွားစရာ ကိစ္စက ဘာလဲ ???
ဟုတ်ကဲ့  ...
အငြင်းပွားစရာ ကိစ္စက ....
ဘယ်လို ဖြေရှင်းမလဲ ဆိုတဲ့  မူဝါဒ ၊ နည်းလမ်း ပါ ...

အခု အစိုးရက သူ့ မူဝါဒ ၊ သူ့ နည်းလမ်းနဲ့  ....
ဆောင်ရွက် ဖြေရှင်းတယ် ...
အတိုက်အခံ အုပ်စုက ပြောတယ် ...
မအောင်မြင်ဘူး ...
နည်းလမ်းက တလွဲ ...
ဥာဏ်မှ မရှိ ၊ ဘာမှမတတ် ...
ဘယ်ရမတုန်း ...
စသဖြင့် ... စသဖြင့် ....

ကြာလာတော့ ....
ကျွန်တော်တို့  ဘေးကလူတွေက ပြန်မေးတယ် ...
ဟုတ်ပြီ ... ဒါဆို ...
ခင်ဗျားတို့  အာဏာရတယ် ဆိုပါစို့  ...
ဘယ်လိုမျိုး ဖြေရှင်းမလဲ ပြန်မေးတယ် ...
ခင်ဗျားတို့  မူဝါဒက ဘယ်လိုလဲ ...???
နည်းလမ်းက ဘယ်လိုလဲ ???

အဲဒီအခါကျတော့ ...
ခင်ဗျားတို့ က မဖြေတော့ဘူး ...
ကိုယ့် မူဝါဒ နဲ့  ဖြေရှင်းမယ့်နည်းလမ်း မေးတာကို ...
စစ်အစိုးရ မကောင်းကြောင်း နဲ့ 
အမေစုကို ယုံတယ်လို့ ပဲ ပြောလို့ မရဘူးဗျ....
အဲဒီလို လုပ်နေရင် ...
ကလေးကလားနဲ့ အတော်ဂွကျတယ် ...

များများ မဟုတ်ဘူး ...
ကျွန်တော် နည်းနည်းပဲ ပြောမယ် ...

မြစ်ဆုံကို အပြီးဖျက်မလားဆိုတော့ ...
ဒေါ်စုက ယတိပြတ် မဖြေဘူးဗျ ...
ဝေ့လည် ဝေ့လည်ပဲ ဖြေတယ် ...

ရခိုင်ကိစ္စ အန်အယ်လ်ဒီ သဘောထားဆိုတော့ ...
လူနည်းစုကို စာနာဖို့  လောက်ပဲ ပြောတယ် ...
တစ်ခြား မပြောဘူး ...
လက်ရှောင်နေတယ် ...

ကျောက်ဖြူပိုက်လိုင်း ...
အန်အယ်လ်ဒီ တက်ရင် ဖျက်ပြစ်မှာလား ?
ဝမ်ပေါင်ကို အပြီးနှင်ထုတ်မလား ?
ဒါတွေ မေးတော့လဲ ...
အတိုက်အခံအုပ်စုတွေက ....
မသိချင်ယောင်ဆောင်နေတယ် ...

ခြစားမှု ၊ လာဘ်စားမှု ....
ဟုတ်တယ် ...
အများကြီး ဖြစ်နေတယ် ....
ကဲ ဘယ်လို ရှင်းမလဲ ....
နည်းလမ်းပြော ဆိုတော့ ...
တရားဥပဒေ စိုးမိုးဖို့ လိုတယ် ...
ဒါပဲ တွင်တွင်ပြောနေတယ် ...
စိုးမိုးဖို့  ဘယ်လို လုပ်မလဲဆိုတာ ...
ဘယ်တော့မှ မပြောဘူး ....

အမှန်ပြောရရင် ...
ကျွန်တော်တို့ က အဲဒါတွေ သိချင်တာ ...

အစိုးရ လုပ်သမျှ ...
မှန်တယ် ကောင်းတယ် မပြောပါဘူး ....
ဒါပေမယ့်  လုပ်သမျှ အပြစ်ပြောနေရင်တော့ ....
ခင်ဗျားတို့ ဆိုရင်ရော ...
ဘယ်လိုများ ရှင်းမလဲ လို့  ....
ပြန်မေးရမှာပဲ ခင်ဗျ ....

ကိုယ့် လက်ထက် မှာလဲ ...
ချက်ချင်းကောင်းအောင် မလုပ်နိုင်ဘူးနော် ...
ဒီလိုပဲ ဖြေးဖြေးချင်း လုပ်ရမှာပဲဆိုရင် ....
လက်ရှိ အစိုးရကို ...
နိုင်ငံရေးအကျပ်အတည်းတွေ မဖန်တီးနဲ့  တော့ ...
တိုင်းပြည် နာတယ်ဗျ ...

သူနဲ့  လက်တွဲပြီး ....
တိုင်းပြည်ကောင်းအောင်လုပ် ...
သူမှားတာတွေ ထောက်ပြ ...
ကိုယ်အစိုးရ ဖြစ်ရင် ...
သူ့ အမှားတွေ သင်ခန်းစာယူ ...
ကိုယ်က ပိုကောင်းအောင်လုပ် ...
ကျွန်တော်တို့ က ဒါမျိုး ဖြစ်စေချင်တာ ...

ဝေဖန်ရေး နဲ့  လေကန်ရေးကတော့ ...
လူတိုင်း လုပ်တတ်တာပေါ့ဗျာ...
လက်တွေ့ လုပ်ရတာပဲ ခက်တာ ...

မြန်မာတစ်ပြည်လုံး မပြောပါနဲ့  ...
အခု လက်ရှိ ...
ရန်ကုန်ကားကြပ်နေတဲ့  ပြသနာကိုပဲ ...
ကိုယ့်ရှိတဲ့  ဘက်ဂျက် နဲ့  ...
ဘယ်လိုရှင်းမယ် ဆိုတာ ...
Plan ချကြည့် ...
ပြောသလောက် လွယ်မယ်ထင်လား ...

မိုးပျံတံတားကြီး အစင်း ၃၀ နဲ့  ...
မြေအောက်ရထားတွေ ဆောက်ပြီး ...
ဖြေရှင်းမယ်တော့ လာမလုပ်နဲ့ ပေါ့ဗျာ ...

( ရဲမိုး )






No comments: