Monday, December 29, 2014

စစ်သည်တစ်ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေ ဘောင်အတွင်းဝင်ရောက်

ကေအိုင်အေ (ကချင်)အဖွဲ့မှ စစ်သည်တစ်ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေ ဘောင်အတွင်းဝင်ရောက်

ကေအိုင်အေ (ကချင်)အဖွဲ့၊ တပ်ရင်း(၇)၊ တပ်ခွဲ(၂)၊ ဂျာရာယန်စခန်းမှ တပ်သားအဆင့်ရှိ စောအယ်ထူး ၂၄ နှစ်သည် ဒီဇင်ဘာ ၂၃ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ၎င်းကိုင်ဆောင်သော အမ်-၂၂ သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ၎င်းကျည် ၁၄ တောင့်တို့ဖြင့် ဆွမ်ပရာဘွမ် စခန်းတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော တပ်မတော် စစ်ကြောင်းထံသို့ ဝင်ရောက်ခဲ့သည်။ ၎င်းသည် ၂ဝ၁၃ ခုနှစ်၊ မေလအတွင်း မချမ်းဘောမြို့ အနီးရှိ အင်လွယ်ဟန်(ခ) အင်လျန်ရွှေမှော်တွင် အလုပ်လုပ် ကိုင်နေစဉ် ကေအိုင်အေ (ကချင်)အဖွဲ့၊ တပ်ရင်း(၇)မှ မှော်လုပ်သား ၄ဝ ဦးခန့်အား ဖမ်းဆီးခေါ်ဆောင်ရာ၌ ပါရှိခဲ့ သူဖြစ်ကြောင်း သိရှိရသည်။ မြ၀တီ 

No comments: