Wednesday, December 17, 2014

ကချင်လူမျိုးတွေနဲ့ ကေအိုင်အေအဖွဲ့ငယ်သားတွေရဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်နေရတဲ့ အင်ဘန်လ

 ကချင်လူမျိုးတွေနဲ့ ကေအိုင်အေအဖွဲ့ငယ်သားတွေရဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်နေရတဲ့ အင်ဘန်လ

ကေအိုင်အေအဖွဲ့ရဲ့ ဒုဥက်္ကဋ္ဌတစ်ဦးဖြစ်ပြီ့း င်္ဃြ ဥက်္ကဋ္ဌလည်းဖြစ်တဲ့ အင်ဘန်လရဲ့လုပ်ဆောင် ချက်တွေကို ကချင်လူမျိုးတွေနဲ့ ကေအိုင်အေအဖွဲ့ငယ်သားတွေက ဝေဖန်နေကြတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကျောက်စိမ်းနှင့်သစ်မှောင်ခိုလုပ်ငန်းတွေကနေရထားတဲ့ တရုတ်ယွမ်ငွေသန်းပေါင်း များစွာကို နိုင်ငံခြားဘဏ်တွေမှာ အပ်ထားပြီး ကိုယ်ကျိုးအတွက် သုံးနေတာတွေ၊ ကေအိုင်အေ ငယ်သား တွေနဲ့စစ်ပြေးဒုက်္ခသည်တွေက တောတောင်ထဲမှာ စားစရာမရှိဘဲ နေနေရတဲ့အချိန်မှာ သူက နိုင်ငံခြားကို သွားပြီး မူးယစ်ပျော်ပါးကခုန်နေတဲ့ သတင်းတွေထွက်လာတာကြောင့် ကချင်လူမျိုးတွေနဲ့ ကေအိုင်အေ အဖွဲ့ငယ်သားတွေရဲ့ဝေဖန်မှုတွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်။          ကေအိုင်အေငယ်သားတွေအနေနဲ့ကတော့ အင်ဘန်လဆိုရင် အသံကြားတာနဲ့ကြောက်လန့် နေတတ်ကြတာကြောင့် သူ့အပေါ်မှာ ဝေဖန်မှုတွေ တော်ရုံပြုလုပ်ဖို့ ခက်ခဲကြပါတယ်။ အင်ဘန်လ အပေါ်မှာ ဝေဖန်မှုတွေဖြစ်လာခဲ့ရင်လည်း မကြာခင် ကေအိုင်အေအဖွဲ့ထဲမှာ ပြဿနာတစ်ခုခုလည်း ဖြစ်တတ်ပါတယ်။ ဖြစ်စဉ်တွေကိုကြည့်ရင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စင်ကာပူ၊ ထိုင်း၊ တရုတ်နဲ့ အိနိ္ဒယနိုင်ငံတွေကိုသွားပြီး သူ့သားသမီးတွေကို အဲဒီမှာ ကျောင်းတက်ခိုင်းတာ၊ အခြေချဖို့စီစဉ်တာတွေလုပ်လို့ ဝေဖန်ခံခဲ့ရပါတယ်။ နောက်တစ်ခုက ကေအိုင်အေ အဖွဲ့ထဲမှာ လီဆူး၊ ရ၀မ်နဲ့ အခြားတိုင်းရင်းသားစကားတွေမပြောရဘဲဂျိမ်းဖောစကားကိုပဲ ပြောရမယ် ဆိုပြီး အမိန့်ထုတ်ခဲ့လို့ ပြဿနာတွေဖြစ်ခဲ့ပါသေးတယ်။ ဂျိမ်းဖောလူမျိုးကြီးဝါဒကို အကောင်အထည်ဖော် ချင်ပေမယ့် အကြံကြီးတဲ့အင်ဘန်လဟာ အမိန့်တွေကို သူ့နာမည်နဲ့မထုတ်ဘဲ ကေအိုင်အေ ဦးစီးချုပ် ဂမ်ရှောင် နာမည်နဲ့ထုတ်ခိုင်းခဲ့တာပါ။ အဲဒီအချိန်တုန်းက ကေအိုင်အေအဖွဲ့ထဲမှာ တော်တော်လေး ဆူဆူပူပူဖြစ်ပြီး အဖွဲ့တွေကွဲထွက်မယ်ဆိုတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။     ကေအိုင်အေငယ်သားတွေအနေနဲ့ကတော့ သူတို့ရဲ့ဗိုလ်သင်တန်းကျောင်းကို တိုက်ခိုက်ခံခဲ့ရပြီး ကတည်းက စစ်ပြင်ဆင်မှုတွေကို နေ့တိုင်းလုပ်နေကြရပါတယ်။ တော်တော်များများကတော့ တိုက်ပွဲတွေ ဖြစ်မှာကို စိုးရိမ်နေပြီး ပိုက်ဆံကမရ၊ စားစရာကလည်းမရှိဆိုတော့ ထွက်ပြေးဖို့စီစဉ်နေတဲ့သူတွေလည်း အများကြီးရှိပါတယ်။ လက်အောက်ငယ်သားတွေ ဒီလောက်ဆင်းရဲနေတဲ့အချိန်မှာ စစ်တပ်ကို တိုက်ဖို့ အမြဲပြောနေတဲ့ အင်ဘန်လက တစ်ချက်လေးလှည့်မကြည့်ဘဲ နိုင်ငံခြားမှာပျော်မြူးနေတယ်ဆိုတဲ့သတင်း ကို သိရလို့ ဒီအကြောင်းကို ကေအိုင်အေအဖွဲ့ထဲမှာ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး ပြောနေကြ ပါတယ်။ လီဆူးမောင်

No comments: