Sunday, December 28, 2014

တောင်ယာ အငှားလုပ်ကိုင်သူ တစ်ဦးလျင် (၅၀၀၀) ကျပ်နှုန်း KIO အဖွဲ့ ဆက်ကြေးကောက်

တောင်ယာ အငှားလုပ်ကိုင်သူ တစ်ဦးလျင် (၅၀၀၀) ကျပ်နှုန်း KIO အဖွဲ့ ဆက်ကြေးကောက်

ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၁၄ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)အဖွဲ့မှ ဒေသခံတောင်သူများထံမှ ခရစ္စမတ်ပွဲတော် နေ့မှစ၍ ဆက်ကြေးငွေ များ ဆက်လက်ကောက် ခံနေကြောင်း ဒေသခံတောင်သူ တစ်ဦး ထံမှ သိ ရသည်။ ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ ရွှေဂူမြို့နယ်အတွင်းရှိ KIO အဖွဲ့၏ဆွတ်လျံ တိုက်နယ်ရုံး နှင့် အနီးဝန်းကျင်ရှိ နောင်းဟိန်ကွင်း၊ နမ့်ခမ်းကွင်း၊ မပိန်းကွင်း၊ ကြံခင်းကွင်း၊ ဘမ်ချက်ကွင်း၊ ဘမ်ကောက်ကွင်းတို့တွင် လုပ်ကိုင် လျက် ရှိသော ဒေသခံတောင်သူများအား ဒီဇင်ဘာလ ၂၅ ရက်မှစ၍ လယ် ၁ ဧက လျင် ၇၀၀၀ ကျပ်နှင့် အငှားလုပ်ကိုင်သူတစ်ဦးလျင် ၅၀၀၀ ကျပ်၊ လယ် ၅ ဧက ပိုင်ရှင်တစ်ဦးလျင် ဆန်(၁)အိတ်နှင့် ငွေ(၂၀၀၀၀) ကျပ်၊ လယ်(၁၀)ဧက ပိုင်ရှင်တစ်ဦးလျင် ဆန်(၂)အိတ်နှင့် ငွေ(၃၀၀၀၀) ကျပ် အား ပေးဆောင် ရမည်ဖြစ်ပြီး ၎င်းတို့ သတ်မှတ်ထားသည့်အတိုင်း ပေးဆောင်ခြင်းမရှိပါက ဒေသ အတွင်းသို့ ဆန်စပါးများအား သယ်ယူခွင့်ပေးမည် မဟုတ်ကြောင်းနှင့် လူသစ် အဖြစ် ဖမ်းဆီးခြင်းခံရမည်ဖြစ်ကြောင်း ခြိမ်းခြောက်၍ ဆက်ကြေးငွေများ အတင်း အကြပ် ကောက်ခံလျက်ရှိကြောင်း နမ့်ခမ်းကွင်းတွင် လုပ်ကိုင် လျက် ရှိသော တောင်သူတစ်ဦးမှ ပြောသည်။ ထို့အပြင် စပါးတိုက်သည့်လှည်းများအနေဖြင့် တစ်စီးလျင် (၅၀၀၀) ကျပ်နှုန်းပေးဆောင် ရမည် ဖြစ်ကြောင်းနှင့် ဆွတ်လျံ အနီးတစ်ဝိုက်တွင် သစ်ခုတ်၊ ၀ါးခုတ်သူများကိုလည်းတစ်ဦးလျင် (၅၀၀၀)ကျပ်နှုန်းစီ ဆက်ကြေးပေး ဆောင်ရမည်ဖြစ်သည်ဟု KIO အဖွဲ့မှ ပြောကြားထားကြောင်း ၎င်းမှ ဆက်လက်ပြောပြ ခဲ့ပါသည်။ ယခုကဲ့သို့ KIO အဖွဲ့များ၏ ဒေသခံများအပေါ် ဆက်ကြေးကောက်ခြင်း၊ လူသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင်ခြင်း များကြောင့် ကျေးရွာများရှိ မိသားစုဝင်အချို့သည် ထွက်ပြေးတိမ်းရှောင် နေရကြောင်းနှင့် ရွာအတွင်း ကျန်ရှိ နေသူများမှာလည်း ကျီးလန့်စာ စားသလို ဖြစ်နေရကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးထံမှ သိရသည်။ မင်းသုနောင် (မြစ်ကြီးနား) Kachin Daily News

No comments: