Saturday, December 20, 2014

အီရတ်နိုင်ငံရှိ ဆင်ဂျာ တောင်တန်း ဒေသကို ကာ့ဒ်တိုက်ခိုက်ရေး သမားများက ပြန်လည် သိမ်းပိုက် ဇူးမား ဒီဇင်ဘာ ၁၉ ကာ့ဒ်မျိုးနွယ်စု တိုက်ခိုက်ရေး သမားများသည် IS စစ်သွေးကြွများ သိမ်းပိုက်ထားသော အီရတ်နိုင်ငံ အတွင်းရှိ ဆင်ဂျာတောင်တန်း ဒေသကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းဒေသတွင်း ပိတ်မိနေခဲ့သော ဒေသခံပြည်သူ ၁ဝဝ ခန့်ကိုလည်း ပြန်လည် ကယ်ဆယ် နိုင်ခဲ့ကြောင်း အဆိုပါ မျိုးနွယ်စု ခေါင်းဆောင်တစ်ဦးက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြား သည်။ အဆိုပါ တိုက်ခိုက်ရေး သမားများသည် ၎င်းဒေသ အတွင်းသို့ ရောက်ရှိရန် နည်းလမ်းပေါင်းစုံ ကို အသုံးပြု၍ ထိုးဖောက် တိုက်ခိုက်ပြီးနောက် အဆိုပါ ဒေသကို ပြန်လည် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့၏ ထိုးစစ်ဆင်မှုများကို ဒီဇင်ဘာ ၁၇ ရက်တွင် စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ကာ့ဒ်ဒေသဆိုင်ရာ အမျိုးသား လုံခြုံရေး ကောင်စီမှ အကြီးအကဲ မက်စ်ရူ အာဘာဇာနီက ပြောကြားသည်။ ထို့ပြင် ယင်းထိုးစစ်ဆင်မှုအတွင်း IS အဖွဲ့ဝင် ၁ဝဝ ခန့် သေဆုံးခဲ့ပြီး ယခုအခါ ၎င်းဒေသအတွင်းရှိ စစ်သွေးကြွများ အန္တရာယ်ကို ဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် အခြားဒေသ ငယ်များကိုလည်း IS စစ်သွေးကြွတို့ထံမှ ပြန်လည် သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်မှုများကို ဆက်လက် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ဘာဇာနီက ထပ်လောင်း ပြောကြားသည်။ မြ၀တီ

No comments: