Thursday, December 18, 2014

KIA (ကချင်) အဖွဲ့၏ တိုက်မိုင်း ပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိ

KIA (ကချင်) အဖွဲ့၏ တိုက်မိုင်း ပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိ

နေပြည်တော် ဒီဇင်ဘာ ၁၇ ကချင်ပြည်နယ်၊ မန်စီမြို့၊ ပြင်ဦးလွင် ရပ်ကွက်နေ မောင်မရန်နော်ဆိုင်း ၂၄ နှစ်သည် ဒီဇင်ဘာ ၁၄ ရက် ညနေ ၃ နာရီခွဲတွင် မန်စီမြို့၏ အရှေ့တောင်ဘက် လုံဂျာကြိုးဝိုင်း တောစပ်အနီးသို့ သွားရောက်စဉ်KIA (ကချင်) အဖွဲ့မှ ထောင်ထားသော တိုက်မိုင်းတစ်လုံးအား တိုက်မိ ပေါက်ကွဲခဲ့သည်။ အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် မောင်မရန်နော်ဆိုင်းသည် ဘယ်ဘက် လက်ကောက် ဝတ်ရိုးနှင့် ဘယ်ဘက် ခြေသလုံးရိုးကျိုးကာ ဝမ်းဗိုက်တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ညနေ ၅ နာရီခွဲတွင် ဗန်းမော်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

No comments: