Sunday, December 27, 2015

လက်ရှောင်တာနဲ့ အာဏာမရှိတာနဲ့ အကွာကြီး

လက်ရှောင်တာနဲ့ အာဏာမရှိတာနဲ့ အကွာကြီး

မြန်မာပြည်သူလူထုကြီးဟာ ထိုင်းသံရုံးရှေ့ကို တစ်စုံတစ်ဦးရဲ့ ဦးဆောင်မှုမပါဘဲ ညီညွှတ်စွာနဲ့ ဆန္ဒပြနေကြပါ ပြီ။ မြန်မာနိုင်ငံနေရာ အနှံ့အပြားမှာလည်း စည်းကမ်းရှိစွာ ဆန္ဒပြနေကြပါပြီ။ ဆန္ဒပြနေရင်းနဲ့ ပြည်သူလူထု ကြီးက အားမလို အားမရစွာနဲ့ တာဝန်ရှိသူများကို မေးခွန်းများ အဆက်မပြတ်မေးနေပါတယ်။ ဘယ်သူတွေ ဘာလုပ်နေသလဲ ?? ဒီလို အမိန့်ချမှတ်ခံရခြင်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်တာဝန်ရှိသူများကလည်း ချက်ချင်း လက်ငင်း တုံ့ပြန်ပေးခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတရုံးကတော့ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် အဆင့် ၄ ခု နဲ့ လုပ်ဆောင်မှာ ဖြစ်ပြီး အပြစ်မရှိကြောင်း သက်သေပြနိုင်အောင် ကြိုးစားမယ်လို့ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်နဲ့ သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဋ္ဌေးတို့က ပြည်သူလူထုကို ထုတ်ဖော်ကြေညာခဲ့ပါတယ် … ၈၈ မျိုးဆက်များ၊ ရခိုင်တိုင်းရင်းသားပါတီများ၊ လွှတ်တော်ဥက္ကဋ္ဌများကလည်း ကြေညာတွေ ထုတ်ပြန်ပေးပြီး အမှန်တရားပေါ်ပေါက်အောင် တောင်းဆိုထားပါတယ်။ ရုပ်ရှင်အသိုင်းအဝိုင်းမှာဆိုရင် ဟာသသရုပ်ဆောင် ဦးခင်လှိုင်မှာလည်း ဒါဟာနိုင်ငံရေးမဟုတ်ဘူး၊ မြန်မာပြည်အရေးဖြစ်တယ်ဆိုပြီး ဆန္ဒပြရာမှာ ကိုယ်တိုင်ပါဝင် ကာ အခြားသူများကိုလည်း လိုက်ပါဖို့စည်းရုံးပေး နေပါတယ်။ ဒီအချိန်မှာ မြန်မာပြည်သူတွေအတွက် အားအရ ဆုံး သတင်းစကားတစ်ခုကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သတင်းပဲ ဖြစ်ပါတယ်။ ယခုဖြစ်ရပ်များ မဖြစ်ပွားမီ အောက်တိုဘာလ အတွင်းကတည်းက ဗိုလ်ချုပ်မှူးကြီးဟာ ထိုင်းနိုင်ငံက စွပ်စွဲဖမ်းဆီးခံလူငယ် နှစ်ဦးနဲ့ ပတ်သက်လို့ မြန်မာသံရုံးအထူးအဖွဲ့ကို ထိုင်းအနေနဲ့ မှန်မှန်ကန်ကန်ဆောင်ရွက်ပေးဖို့၊ တိကျမှန်ကန် တဲ့ သတင်းအချက်အလက်ရရှိဖို့ ထိုင်းဒုဝန်ကြီးချုပ်ကို ပြောကြားခဲ့ဖူးတဲ့ သတင်းဖြစ်ပါတယ်။
သို့သော်လည်း အနိုင်ရပါတီ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဝေဖန်သူတွေ မြင့်တက်လာနေတာကို တွေ့ရ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာအပေါ် သြဇာညောင်းသူလို့ ပြောကြားခဲ့မှုတွေ ရှိတာကြောင့် အခု အဲဒီသြဇာပါဝါတွေကို ဘာလို့ အသုံးမချတာလဲဆိုတဲ့ မေးခွန်းတွေကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ တိတ်ဆိတ် နေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ဇွန်လမှာ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံရောက် မြန်မာများ အခွင့်အရေးအပြည့်အဝရရှိရေး ဆောင်ရွက်ပေးမယ်လို့ ကတိပြုခဲ့ဖူးပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရခဲ့လို့ ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများ လစာတိုးဆိုပြီး မြန်မာမီဒီယာ အချို့က ရေးသားခဲ့ဖူးပါတယ် ။ ဒီလိုမျိုးတွေ ရှိခဲ့တာတောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သေဒဏ်ချမှတ် ခံရတဲ့ လူငယ်နှစ်ဦးကိစ္စမှာ တစ်ခွန်း တစ်ပါဒမှ မဟခဲ့တာဟာ နောက်ဆုံးဖြစ်နိုင်စရာ အခြေအနေ ၂ ရပ်ကို သွားတွေ့ရပါတယ်။ အဲဒါတွေက …
၁ ။ ဖမ်းဆီးခံ ကလေး၂ယောက်ဟာ ရခိုင်လူမျိုးများ ဖြစ်နေခြင်း။
၂။ အသတ်ခံရတဲ့ စုံတွဲဟာ ဗြိတိသျှလူမျိုးများ ဖြစ်နေခြင်း။
သုံးသပ်စရာကလည်း အလားတူ ၂ ချက်တွေ့ရပါတယ်…။
၁။ နာမည်ရစရာရှိတော့ လူထု ခေါင်းဆောင် ။
၂။ လက်ရှောင်ချင်ရင်တော့ အာဏာမရသေးလို့ပါ။ ကျွန်တော်တို့ ဘယ်လိုခေါင်းဆောင်ကို ရွေးမိတာပါလိမ့်… လက်သန်းပြန်ကြည့်တိုင်း စိတ်နာလို့ကို မဆုံးဘူး။

Credit to Min Thiha

No comments: