Monday, December 28, 2015

ပါဂျဲရိုးယာဉ်ပေါ်မှကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိ

ပါဂျဲရိုးယာဉ်ပေါ်မှကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိ

ကချင်ပြည်နယ်အတွင်းရှိ ကျောက်စခန်းစုပေါင်းစစ်ဆေးရေးဂိတ်၌ ဒီဇင်ဘာ ၂၆ ရက်နံနက် ၈ နာရီခွဲခန့်တွင်သတင်းအရတပ်မတော်စစ်ကြောင်းနှင့်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့ကလူနှင့်ယာဉ်များအားရှာဖွေစစ်ဆေးစဉ် မိုးမောက်ဘက်မှ လွယ်ဂျယ်ဘက်သို့ သက် နောင် ၃၃ နှစ်(ဘ) ဦးခင်ဇော်၊တပ်ကုန်းရပ်ကွက်၊ မြစ်ကြီးနားမြို့နေသူမောင်းနှင်လာသော ယာဉ်အမှတ်၊၃ဂ/-----ပါဂျဲရိုးယာဉ်၏ရှေ့ထိုင်ခုံအောက်နှင့်နောက်ခန်းအတွင်းမှတရား မဝင်ကျောက် စိမ်းအရိုင်းတုံး ၃၂ တုံး(၄၉၃ ဒသမ ၁၄ ကီလို)ခန့်အားဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိ လူ၊ ယာဉ်နှင့်ကျောက်စိမ်းအရိုင်းတုံးများအား မိုးမောက်မြို့နယ်ရဲစခန်းသို့ စနစ်တကျအပ်နှံ၍ ဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

No comments: