Sunday, December 27, 2015

စိုးရွံ့ထိတ်လန့်မှုဟာ သွေးခဲမှုတွေ တကယ်ဖြစ်စေနိုင်

ထိတ်လန့်သည်းဖို ရုပ်ရှင်ကြိုက်သူတွေက မကြာခဏဆိုသလို မျှော်လင့်မထားတဲ့ ကြောက်လန့်စရာဇာတ်လမ်းဇာတ်ကွက်တွေ ကြည့်ရှုရတာ နှစ်သက်ကြောင်း ပြောတတ်ကြပြီး အဲလိုခံစားမှုမျိုးကို “ သွေးခဲသွားစေတယ် “ လို့ သုံးနှုန်းလေ့ရှိကြပြီး လေ့လာချက်အသစ်အရ ဒါဟာတကယ်ပဲ သွေးကြောအတွင်းစီးဆင်းနေတဲ့ သွေးတွေကို ခဲစေကြောင်း သိရှိခဲ့ရပါတယ်။
Netherlands ရှိ Leiden University Medical Center က သုတေသီတွေက ထိတ်လန့်သည်းဖို ရုပ်ရှင်ကြိုက်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကို လေ့လာစမ်းသပ်ခဲ့ရာ ထိတ်လန့်သည်းဖိုဇာတ်ကားရဲ့ ဇာတ်ရှိန်အနိမ့်အမြင့်ကိုလိုက်ပြီး ကြည့်ရှုသူတွေရဲ့ သွေးကြောအတွင်း သွေးခဲနှုန်းဟာလည်း ပိုပြီး မြင့်တက်လာတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။
သုတွေသီတွေဟာ အသက် ၃၀ အောက် ကျန်းမာသန်စွမ်းသူ ၂၄ ဦးမှ ၁၄ ဦးကို Insidious ဇာတ်ကားပြသပြီးနောက် တစ်ပါတ်အကြာမှာ A Year in Champagne လို့ခေါ်တဲ့ မှတ်တမ်းဇာတ်ကားတစ်ကားကို ပြသခဲ့ပြီး ကျန် ၁၀ ဦးကိုတော့ တစ်ပါတ်အတွင်းမှာပဲ ဇာတ်ကား ၂ကားလုံးကို စမ်းသပ်ပြသခဲ့တာဖြစ်ပါတယ်။ သုတေသီတွေဟာ ဇာတ်လမ်းတွေ မကြည့်ခင် ၁၅ မိနစ်ခန့်ကြိုပြီးယူထားတဲ့ သွေးနမူနာနဲ့ ရုပ်ရှင်ကြည့်ပြီး သွေးနမူနာတွေကို နှိုင်းယှဉ်လေ့လာခဲ့တာဖြစ်ပါတယ်။
သွေးခဲမှုဟာ ခန္ဓာကိုယ်ရဲ့ အလိုလျောက်တုံ့ပြန်မှုအရ ကြောက်ရွံ့ထိတ်လန့်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုကြောင့် ဖြစ်ပွားတာလို့ ဆိုပါတယ်။ လူတစ်ဦးဟာ တိရိစ္ဆာန်တစ်ကောင်ကောင်ရဲ့ တိုက်ခိုက်မှုကိုခံရတဲ့အခါ ခန္ဓာကိုယ်အတွင်း သွေးထွက်လွန်ခြင်းကို ရပ်တန့်စေဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သွေးခဲမှုကိုဖြစ်စေတယ်လို့ သုတေသီတွေက ရှင်းလင်းပြောပြထားပါတယ်။
( Michelle )



ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ... hlamgmg110@gmail.com သို့ပေးပို့နိုင်ပါသည်။

No comments: