Thursday, December 31, 2015

လက်သန်းကမှင်ပြာ ရင်နာလို့ မဆုံး

လက်သန်းကမှင်ပြာ ရင်နာလို့ မဆုံး
30-12-2015
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲပေးခဲ့တာ လူထုခေါင်းဆောင်ကို လေးစားခဲ့လို့ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။ ကျုပ်တို့မဲပေးခဲ့တာ လူထုခေါင်းဆောင်ကို တန်ဘိုးထားလို့ပါ။ ကျုပ်တို့ဘယ်လောက် မဲပေးပေး NLD ခေါင်းဆောင်ဟာ လူထုခေါင်းဆောင် မဟုတ်ခဲ့ရင် ခင်ဗျားတို့ပြောပြောနေတဲ့"သောင်ပြိုကမ်းပြို"ဆိုတာ ပြတိုက်မှာသွား ကြည့်ရလိမ့်မယ်ဆို သိသင့်ပါတယ်။ ကျုပ်တို့လက်သန်းတွေ အစွန်းအထင်းခံခဲ့တာလူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့်ပါ။ ကျုပ်တို့ လက်သန်းတွေ အစွန်းအထင်းခံခဲ့တာ NLD အမှတ်တံဆိပ်အတွက် မဟုတ်ဘူးပါဘူး။ အာဏာအတွက်လည်း မဟုတ်ခဲ့ပါဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်သူလူထုအတွက် အလုပ်လုပ်နိုင်ဖို့ဆိုတာ သိထားစေချင်ပါတယ်။
ဒီလိုမှမဟုတ်ဘဲ ရွေးချယ်ခံ အာဏာရှင်ဖြစ်မှ နိုင်ငံရေးသိက္ခာကိုကြည့်ပြီး နိုင်ငံရေးသိက္ခာကျမှာကို စိုးရိမ်နေတယ် ဆိုရင် ကိုယ့်ကိုယ်ကို အာဏာရူးတစ်ယောက်ဆိုတာဝန်ခံလိုက်ဖို့ကောင်းပါတယ်။ ကိုယ့်နိုင်ငံရဲ့ဂုဏ်သိက္ခာထိပါးနေတဲ့ ထိုင်း တရားစီရင်မှုကို မကျေနပ်လို့ ပြည်တွင်းနေ မြန်မာတွေအားလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အကုန်လုံး လမ်းပေါ်ထွက်နေတဲ့ အချိန်အာဏာအပွန်းအပဲ့ မခံနိုင်လို့ရေငုံနှုတ်ပိတ်နေတာကို ဘယ်လိုအကြောင်းပြချက် ပေးချင်သေး လဲဆိုတာ သိချင်သေးတယ်။ တစ်သက်လုံးလမ်းပေါ် တက်လာတဲ့လမ်းသရဲအုပ်စုကအခုမှ သိက္ခာတော်ရပုဂ္ဂိုလ်လို နှုတ်ဆိတ်နေ တာက အခွင့်သာမှဆီဆမ်းဆားဖြူးလုပ်ဖို့ မြေခွေးလိုစောင့်နေတယ်ဆိုတာကို ငြင်းနိုင်မယ်မထင်ပါဘူး။
လက်ရှိအခြေအနေမှာ လက်ရှိအစိုးရ အာဏာမလွှဲရသေးလို့ အာဏာမရှိသေးလို့ လိပ်ကျွန်းပြဿနာကို ၀င်ရောက် ကူညီမပေးဘူးဆိုရင် မဘသသံဃာတွေ အမျိုးသားရေးလုပ်နေတာ အာဏာရှိလို့ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ ဒီလိပ်ကျွန်းပြဿနာနဲ့ ပတ်သက်ပြီး မဟာချိုင်ကမြန်မာတွေ ထိုင်းအစိုးရအမိန့်ကို ဆန့်ကျင်နေတာ အာဏာရှိလို့မဟုတ်ပါဘူး။ တာချီလိတ်ကပြည်သူတွေ ဆန္ဒပြနေတာ အာဏာရှိလို့မဟုတ်ပါဘူး။ ရန်ကုန်ကပြည်သူတွေ ပြည်လမ်းမှာပြည့်နေတာ အာဏာရှိလို့ မဟုတ်ဘူး။ အဲဒီမြန်မာနိုင်ငံသားတွေ အာဏာရှိလို့လုပ်နေတာ မဟုတ်ဘူး ဆိုတာ သိပြီးဖြစ်ပါတယ်။ NLD ပါတီဥက္ကဋ္ဌ လူထုခေါင်းဆိုလို့ အမည်ခံထားတဲ့သူတစ်ယောက်အနေနဲ့ အာဏာရှိတော့မှာမို့ ဒီဇာတ်ခုံပေါ် တက်လာခိုင်း တယ်မထင်စေချင်ပါဘူး။ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့လိုက်တဲ့ လူထုလိုလားတောင်းတတဲ့ အကျိုးတစ်ခုကို လူထုနဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးစေချင်တဲ့ သဘောပဲဖြစ်ပါတယ်။ ရခိုင်-ကုလားပြဿနာတွေ ဖြစ်တုန်းက အာဏာမရှိလည်း လူနည်းစုမို့ အနိုင်ကျင့်ခံရတယ်ဆိုပြီး နိုင်ငံတကာကို အကူအညီတွေတောင်းလို့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု တွေလုပ်ခိုင်းခဲ့ဖူးတာ အားလုံးသိပါတယ်။ အခုပြဿနာမှာမလုပ်ချင်၊ မပါဝင်ချင်တော့ အာဏာမရှိသေးလို့ ဆိုတဲ့အကြောင်းပြချက်တစ်ခုအတွက်နဲ့ ရှောင်ဖယ်နေတာဟာ လူထုခေါင်းဆောင်ကို ယုံကြည်အားကိုးလို့ ပေးခဲ့ရတဲ့ ဆန္ဒမဲတစ်ခုအတွက် ကိုယ့်လက်သန်းကို ကြည့်မိတိုင်း ရင်နာလို့မဆုံးဖြစ်ရမိပါတယ်။
မင်းထွဋ်

No comments: