Monday, December 28, 2015

ဆန္ဒပြသူများကို ထိန်းချုပ်ရန် မြန်မာအစိုးရအား ထိုင်းနိုင်ငံခြားရေးဝန်ကြီး တောင်းဆို ---------

ဆန္ဒပြသူများကို ထိန်းချုပ်ရန် မြန်မာအစိုးရအား ထိုင်းနိုင်ငံခြားရေးဝန်ကြီး တောင်းဆို
---------         ---------          --------

ထိုင်းနိုင်ငံ ခိုတောင်ကျွန်း လူသတ်မှုတွင် မြန်မာနိုင်ငံသား နှစ်ဦး သေဒဏ်ပေးခြင်း
ခံရသည့်အတွက် ကန်ချနာဘူရီဒေသနှင့် ထိစပ်နေသည့် နယ်စပ်မြန်မာဘက်ခြမ်း
တွင် တနင်္လာနေ့နံနက်က ဆန္ဒပြမှုများ ထပ်မံဖြစ်ပွားခဲ့ပြီးနောက် ထိုအမှုနှင့်
ပတ်သက်၍ ရန်ကုန်မြို့ အပါအ၀င် မြန်မာနိုင်ငံ အနှံ့၌ ဖြစ်ပေါ်နေသည့် ဆန္ဒပြမှုများ
ကို ထိမ်းချုပ်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်မှတစ်ဆင့် မြန်မာအစိုးရထံ
တောင်းဆိုခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွန်ဝီနိုင်က ယနေ့ နံနက်က
ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ်ချမှတ်ခံရခြင်းကို ပြန်လည်သုံးသပ်ရန် မြန်မာ
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တောင်းဆို
ခဲ့ခြင်းအပေါ် မှတ်ချက်ပေးရန် မေးမြန်းသည့်အခါ ၀န်ကြီး ပရာမွတ်ဝီနိုင်က
ထိုတောင်းဆိုမှုသည် မည်သည့် သက်ရောက်မှုမှ မရှိနိုင်ဟု ပြောကြားခဲ့သည်။

မည်သည့် နိုင်ငံကမျှ တရားစီရင်ရေး လုပ်ငန်းစဉ် မပြီးဆုံးဘဲ ရပ်ဆိုင်းမည်မဟုတ်ဟု
ဝန်ကြီးကဆိုသည်။

လက်ရှိတွင် တရားရုံးဆုံးဖြတ်ချက်အား ဆန္ဒပြမှုများ မြန်မာနိုင်ငံ၌ အများအပြား
ရှိနေပြီး ထိုသူများ၏ ရည်ရွယ်ချက်ကိုသိရှိရန် မဖြစ်နိုင်ဟု ၀န်ကြီး ပရာမွတ်ဝီနိုင်က
ဆိုသည်။ ကန်ချနာဘူရီနှင့် ထိစပ်နေသည့် ဘုရားသုံးဆူ နယ်စပ်ဂိတ်တွင်
တနင်္လာနေ့ နံနက် ၇ နာရီက ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး စနေနေ့ ဆန္ဒပြမှုအပြီး
ဒုတိယအကြိမ်မြောက် ဖြစ်သည်။

KHTun
Photo - Bankkok post
The Ladies News Journal

No comments: