Sunday, December 27, 2015

ကြော်ငြာထဲကအလွဲ

ကြော်ငြာထဲကအလွဲ

||  ဟာကဏ္ဍ  ||

ကျွန်တော်တို့ဆရာကြီးတစ်ယောက်ရဲ့ ကိုယ်တွေ့လေးတစ်ခုကို ပြောပြပါရစေ။ ရုပ်မြင်သံကြား ကြော်ငြာတွေနဲ့ ပတ်သက်ပြီး အကဲဖြတ်စိစစ်ပေးရတဲ့ ပုဂ္ဂိုလ်တွေ
ထဲမှာ ဆရာကြီးလည်း ပါဝင်ပါတယ်။

တစ်ခါမှာတော့ ဆရာကြီးတို့အဖွဲ့ဟာ အချို့ရည်ကြော်ငြာတစ်ခုကို စိစစ်ကြည့်ရှု
ကြပါတယ်။ အဲဒီကြော်ငြာမှာ ကြော်ငြာမင်းသားက မြင်းကို ဒုန်းစိုင်းစီးလာပြီး
မင်းသမီးရှိတဲ့နေရာကို ရောက်တဲ့အခါ ဇက်သပ်လိုက်ပါတယ်။ မင်းသမီးက
မင်းသားကို အမောပြေအောင် အချိုရည်ဘူးတိုက်တယ်။ ဒီအချိုရည်ဘူးကို
သောက်ရလို့ အမောပြေ အားပြည့်သွားတဲ့ အကြောင်းလေးကို ကြော်ငြာ
ရိုက်ထားတာပါပဲ။

ဒါပေမဲ့ ဒီကြော်ငြာလေးကို ဆရာကြီးက ဘယ်လိုမှတ်ချက်ချလိုက်လဲဆိုတော့ ...

“ရိုက်ထားတဲ့ စိတ်ကူးလေးကောင်းပေမယ့် လွဲနေတယ်ဗျ။ အမှန်ပြောရရင်
မောတာက လူမဟုတ်ဘူး။ မြင်းမောတာ။ အချိုရည်တိုက်မယ်ဆိုရင် မြင်းကို
တိုက်သင့်တာပေါ့” တဲ့။

ဟုတ်ပါရဲ့ ။ ကြော်ငြာထဲကမြင်းခမျာ မော်လွန်းလို့ အမြှုပ်တစီစီထွက်နေမှာ
မြင်ယောင်မိသေးရဲ့ ။

- ဆောင်းဖြူ -
The Ladies News Journal

No comments: