စကားနာထိုးနေတာမဟုတ်ပါဘူး
ဂရုဏာလေးလိုအပ်လို့ပါ……။
အကွက်ခြောင်းနေတာမဟုတ်ပါဘူး
အသက်နှစ်ချောင်းကို ကယ်စေချင်လို့ပါ……။
မနာလိုတာမဟုတ်ပါဘူး
ကမ္ဘာမှာမြန်မာဆိုတာသိစေချင်လို့ပါ……။
တိုက်ခိုက်နေတာမဟုတ်ပါဘူး
တိုက်ရိုက်ပါဝင်စေချင်လို့ပါ……။
အပုတ်ချနေတာမဟုတ်ပါဘူး
အလုပ်လုပ်ပြစေချင်လို့ပါ……။
အထုတ်ဖြေပြနေတာမဟုတ်ပါဘူး
ယုတ်မာနေကြသူမဟုတ်ကြောင်း သိစေချင်လို့ပါ……။
နိုဘယ်လ်ကိုမစော်ကားပါဘူး
အလကားနေအလကားရတာ မဟုတ်ကြောင်း သက်သေပြစေချင်လို့ပါ……။
လူနည်းစုလို့ပြောပါ
လူနှစ်ယောက်ကပိုနည်းတယ်ဆိုတာ တွေးကြည့်စေချင်ပါတယ်……။
မြန်မာပြည်သားတွေပါ
ဗားမားတွေ မဟုတ်တော့ဘူးလို့ တွေးကြည့်စေချင်ပါတယ်……။
သားလေးနှစ်ယောက်မွေးထားပြီးမှ……
သားသမီးချင်း ကိုယ်ချင်းစာစေချင်လို့ပါ……။
ကျမက ပြည်သူတွေကို ချစ်ပါသတဲ့ရှင်တဲ့……
ဘယ်လို ချစ်သလည်းဆိုတာ သိချင်ရုံသက်သက်ပါ……။
တို့ခေါင်းဆောင်ဟာ တို့ခေါင်းရှောင်ကြီး
မဖြစ်စေချင်ဘူးဗျာ……။
ကိုရင်လူထွက် ငပိချက်
No comments:
Post a Comment