Monday, December 28, 2015

ကေအိုင်အေ(ကချင်)အဖွဲ့ ထောင်ထားသော မိုင်းအား တိုက်မိပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံး

ကေအိုင်အေ(ကချင်)အဖွဲ့ ထောင်ထားသော မိုင်းအား တိုက်မိပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံး

နေပြည်တော်၊ ဒီဇင်ဘာ ၂၈

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်တွင် မိုးကောင်းမြို့နယ်၊ ထိုပူးကျေးရွာနေ ဇော်ထွန်း ၃၄နှစ်၊ (ဘ)ဦးစောအောင် သည် ၀ါးခုတ်ရန် ထိုပူးကျေးရွာ၏ အရှေ့တောင်ဘက် ၄ မိုင်အကွာသို့ ရောက်ရှိစဉ် ကေအိုင်အေ(ကချင်)အဖွဲ့မှ ထောင်ထားသော တိုက်မိုင်း ၁ လုံးအား တိုက်မိပေါက်ကွဲခဲ့ပြီး ၄င်း၏ ခန္ဓာကိုယ် ၀ဲဘက်နံဘေး ပေါက်ပြဲဒဏ်ရာ ၂ ချက်၊ ၀ဲဘက်ကျောကုန်း ပေါက်ပြဲဒဏ်ရာ ၂ ချက်၊ ၀ဲဘက်မေးရိုး ပေါက်ပြဲဒဏ်ရာ ၁ ချက်နှင့် ၀ဲဘက်လက်သန်းကျိုးပဲ့ ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါ မိုင်းထိလူနာအား မိုးကောင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှု ခံယူစေလျက်ရှိရာ ကုသမှုခံယူနေစဉ်အတွင်း ည ၁၀ နာရီတွင် ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

No comments: