တော်လှန်ရေးမှာ လူထက်တန်ဖိုးရှိတာဘာမှမရှိဘူး ။ မော်စီတုန်း ( ခရီးရှည်ချီတက်ပွဲကာလ)
၁၉၄၂ ခုနစ် ၀န်းကျင်။ ခရီးရှည်ချီတက်ပွဲကလာမှ ချန်ကေရှိတ်တပ်တွေရဲ့ ထိုးစစ်တွေကြောင့် မော်ရဲ့တပ်နီတော်ဟာ အကျဆုံးအထိခိုက်တွေများနေတယ်။ စခန်းတွေကျ၊အခြေခံဒေသတွေလက်လွတ်ပေးလိုက်ရတယ်။ ဒီအချိန်မှာ အလွန် ရှားပါးနေတဲ့ကာလဖြစ်တဲ့အတွက် စားနပ်ရိက္ခာနဲ့  လက်နက်ကြီးတွေ ၊ လက်နက်ခဲယမ်းတွေ ဆုံးရှုံးကုန်ကြတယ်။
ခရီးကလည်းကြမ်းတမ်းတဲ့ခရီးကိုဆုတ်ခွာနေရတဲ့ကာလဖြစ်တဲ့အတွက်လက်နက်ကြီးတွေကြောင့်ဆုတ်ခွာလာတဲ့
စစ်ကြောင်းတွေက ခရီးမတွင်ဖြစ်နေတယ်။ နောက်ကလည်း ချန်ကေရှိတ်တပ် တရမန်းကြမ်းလိုက်လံတိုက်ခိုက်နေတယ်။ ဒီအခါမှာ ရဲဘော်တွေကို မော်က လေးလံတဲ့ လက်နက်ကြီးတွေစွန့် ပြစ်ခဲ့ဖို့ အမိန့် ပေးတယ်။ ရဲဘော်တွေက မစွန့် လွတ်ခြင်ကြဘူး။
ဒီအခါသူက တော်လှန်ရေးကာလမှာ လူထက်တန်ဖိုးရှိတာ ဘာမှမရှိဘူး။ လူအသက်ရှင်နေသမျှ လက်နက်တွေကိုပြန်လုပ်လို့ ရကြောင်း နဲ့  လက်နက်တွေကို ပြန်ရှာလို့ ရကြောင်း နားချခဲ့တယ်။ နောက်ဆုံးမှာ တပ်နီတော်ဟာ သူတို့ အတွက်တန်ဖိုးဝင်လှတဲ့လက်နက်ကြီးတွေကို တောင်စွန့် ပြစ်ခဲ့ရကြတယ်။ မော်အကြံပြုတဲ့အတိုင်းချီတက်ကြတယ်။
၁၉၄၂ ခုနစ်မှာ ယင်အန်းကိုရောက်တယ်။ လူနစ်သိန်းရှိတဲ့တပ်ဟာ ယင်အန်းကိုရောက်တဲ့အခါမှာလူထောင်ဂဏန်းပဲကျန်တယ်လို့ ဆိုတယ်။ ယင်အန်းကိုအခြေပြုပြီးတော်လှန်ရေးအခြေခံစခန်းကိုပြန်တည်ဆောက်တယ်။လူအင်အားတွေတိုးတက်လာတယ်။
ယင်အန်းကိုအခြေခံပြီး ထိုးစစ်ပြန်လုပ်ခဲ့ရာ ၁၉၄၈ ခုနစ်မှာ ပီကင်းကိုသိမ်းနိင်ရာက တရုပ်တပြည်လုံးပေါ်မှာ အောင်ပွဲခံခဲ့တယ်။
သင်ခန်းစာကတော့ ခေါင်းဆောင်ဟာ အကြပ်အတည်းကာလမှာ ဘယ်ဟာ က အဓိက လည်း ဘယ်အရာက သာမညလည်းဆိုတာကို ဆုံးဖြတ်ပေးနိင်စွမ်းရှိဖို့ လိုပါတယ်။ ဒီလိုဆုံးဖြတ်နိင်တဲ့ သူကိုခေါင်းဆောင်လို့ လူတွေက ခေါ်ကြခြင်းဖြစ်တယ်။
မိုးသီး
No comments:
Post a Comment