"ဥပဒေအတိုင်းလုပ်တဲ့ အခါ တဖက်ကဖိအားပေးလို့ လွှတ်လိုက်ရတယ်. ပြန်ဖြေလျှော့ပေးရတယ်လို့ ဖြစ်သင့်လား.. ကမ္ဘာပ်ါက ဥပဒေတွေကရော အဲ့လို လုပ်ပေးတာ မြင်ဖူးလား တွေ့ ဖူးလား။ဥပဒေအတိုင်း ဆက်လုပ်မယ်။ အယူခံဝင်ခွင့်ရှိတယ်။ ပြန်စစ်ပေးဖို့ တော့ လုံးဝမဖြစ်နိုင်ဖူး" (ထိုင်းဝန်ကြီးချုပ်ပြောကြားချက်)
[ "ဒီအမှုနဲ့ပတ်သက်လို့ အယူခံဝင်နိုင်ကြောင်း" ပြောကြားချက်က အဓိက Message ဖြစ်ပါတယ်။]
[ထိုင်းဝန်ကြီးချုပ် ပြောတဲ့ စကားတွေကို တလွဲ ဘာသာပြန်ပြီး ရန်တိုက်ပေးနေကြသလားမှတ်ရတယ်။ သူ ပြောသွားတဲ့အထဲမှာ ကာချုပ်တို. ဒေါ်စု တို. တောင်းဆိုလာလဲ ဂရုမစိုက်ဘူး ဆိုတာ မပါပါဘူး ။ ထပ်တလဲလဲ နားထောင်ပါတယ် မပါပါဘူး ။ Saw အဖွဲ.က ဘာသာပြန်တာက အနီးစပ်ဆုံး အဓိပ္ပါယ်တူညီမှု.ရှိပါတယ်။ေ အာက်မှာဖတ်ကြည့်ပါ။]
ထိုင်းနိုင်ငံ တရားစီရင်ရေးနဲ့  ပါတ်သက်၍ ထိုင်းဝန်ကြီးချုပ် ကာကွယ်ပြောကြား
Breaking news on 28-12-2015
မြန်မာနိုင်ငံမှာ လိပ်ကျွန်း အရေးတော်ပုံကြီး ပေါ်ပေါက်နေပြီး ဆန္ဒပြနေကြ တာတွေနဲ့  ပါတ်သက်ပြီး သတင်းထောက်တွေရဲ့ အမေးကို ယနေ့  မနက် ပိုင်းမှာ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ် ပရယု ကျန်အိုချာ Gen. Prayut Chan-ochaက ထိုင်းနိုင်ငံက တရားစီရင်ရေး စနစ်နဲ့ ပါတ်သက်ပြီး ကာကွယ်ပြောကြားခဲ့ပါတယ်။
အဓိကပြောသွားတဲ့အချက်တွေကတော့ မြန်မာအစိုးဘက်က တရားစီရင်ရေး နဲ့ ပါတ်သက်ပြီး ပြန်လည် စစ်ဆေးတာ ကြားနားပေးဘို့  တောင်းဆိုတာမျိုးက လက်ခံပါတယ်၊ ဒါပေမယ့် ကွင်းလုံးကျွတ်လွတ်ပေးဘို့  တောင်းဆိုတာမျိုးကို လိုက်လျှောလို့ မရသလို ဘယ်နိုင်ငံမှာမှ ဒါမျိုး လုပ်ပေးမှာမဟုတ်ပါဘူးလို့ ဖြေ ကြားခဲ့ပါတယ်။
သူ့ အနေနဲ့  ခုလို့  ဖြစ်လာတာတွေဟာ အရင်အစိုးရဟောင်း တွေ လက်ထက်က လုပ်တပ်တဲ့ အောက်လမ်းနည်းတွေပါ လို့  ပြောခဲ့ပါတယ်။
သူပြောသွားတဲ့ရည်ရွယ်ချက်ကတော့အစိုးရပြုတ်ကျရေးအတွက် ပြည်တွင်းမှာ ဆူပူအုံကြွမှုတွေ ဖြစ်အောင်မ လုပ် နိုင် ခဲ့လို့  ကံမ္ဘောရီးယား နိုင်ငံနဲ့  ထိုင်းနိုင်ငံအကြားအန်ကောဘုရားကျောင်းနယ်မြေကိုသူပိုင်ငါပိုင်အငြင်းပွားလာအောင်ပြန် ဖေါ်ပြီး နှစ်နိုင်ငံစစ်ဖြစ်အောင်ရန်တိုက်ပေးတဲ့နည်းကိုသုံးခဲ့ပြီးဒါလည်းမအောင်မမြင်ဖြစ်ခဲ့ပါ တယ်။နောက်ပိုင်း ထိုင်းအစိုရနဲ့  ကံမ္ဘောရီးယား အလုပ်သမားတွေအကြားမှာ ပြသနာ တွေ တက်အောင်လုပ်ခဲ့ပြီးအလုပ်သမားတွေ ပြည်တော်ပြန်ခိုင်းတဲ့ နည်းကို နိုင်ငံရေးလက်နက်တခုအဖြစ်သုံးခဲ့ဘူးတာကိုရည်ညွှန်းပြောဆိုတာပါ။
ထိုင်းအစိုးရက ထောက်ပြတာကတော့ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ ဖြစ်ပွားခဲ့တဲ့ ပြစ်မှုကြီးပေါင်း၂၆၀ရှိခဲ့ရာမှာခုလိုဆန္ဒပြကန့် ကွက်မှုတွေမမြင်တွေ့ ရဘဲ လိပ်ကျွန်းအမှု တခုတည်းမှ ခုလို အရေးတော်ပုံကြီးဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံပျက်ပြားအောင် လုပ်ခဲ့တာဟာ လူတစုက ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားပုံ ရပါတယ်။
(ကိုးကား CH 3 ,Bangkok post)
Credit - Thet Noung
No comments:
Post a Comment