Monday, December 28, 2015

ကသာမြို့နယ်ထွက် ငါးရံ့ခြောက်များ အရောင်းသွက် လာသဖြင့် ရောင်းဝယ်ဖောက်ကားမှု အဆင်ပြေ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ကသာမြို့နယ်ထွက် ငါးရံ့ခြောက်များ အရောင်းသွက် လာသဖြင့် ရောင်းဝယ်ဖောက်ကားမှု အဆင်ပြေ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

စစ်ကိုင်း ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်၌ ဧရာဝတီမြစ်ကို အမှီပြု၍ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မိသားစုဝင်ငွေတိုးပွားစေရန် ရေထွက်ကုန်ပစ္စည်းဖြစ်သည့် ငါးခြောက်ငါးအမျိုးမျိုး ငါးဆားနယ်တို့ကို ငါးပွဲရုံလုပ်ငန်းရှင်များထံမှ ဝယ်ယူ၍ ဈေးကွက်စီးပွားရေး အဆင်ပြေစေရန်အတွက် ရွှေ့ပြောင်းငါးရောင်းဝယ်သူများ အဝယ်လိုက်လာလျက်ရှိခြင်းကြောင့် ကသာမြို့ရှိ ငါးပွဲရုံများ တွက်ခြေကိုက်ကြကြောင်း သိရသည်။ကသာမြို့သည် ဧရာဝတီမြစ် ကို အမှီပြု၍ ငါးအင်းလုပ်သား များစွာ တည်ရှိသောမြို့ဖြစ်သည့် အတွက် ကောလင်း၊ ဝန်းသို၊ ပင်လည် ဘူး၊ အင်းတော်၊ ဗန်းမောက်မြို့များ သို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ သည့်အပြင် ဖားကန့်၊ ဆိုင်းတောင်၊ တာမခံ၊ လုံးခင်း၊ တောမှော်၊ ဝေခါ၊ ဆည်ဆင်း စသောကျောက်စိမ်း မှော်များ ရွှေများထွက်ရှိရာ ရွှေမှော် ဒေသကြီးများသို့ တင်ပို့ရောင်းချသူ များ ပေါများလျက်ရှိကြောင်း သိရ သည်။
ထို့အပြင် ငါးခြောက်များဖြစ် သည့် ငါးရံ့ခြောက်၊ ငါးနုသန်း ခြောက်၊ ငါးပြက်ခြောက်နှင့် ငါးဆား နယ်များကိုလည်း ကချင်ပြည်နယ် အထက်ပိုင်းမိုးညှင်း၊ ဟိုပင်၊ နန်းမား၊ ပင်းဘော၊ မိုးကောင်းနှင့် မြစ်ကြီးနား သို့လည်းတင်ပို့ကြသည်။ ကသာ ဒေသထွက်ငါးရံ့ခြောက်သည် ကသာ မြို့၏ အထင်ကရ ထွက်ကုန်ဖြစ် လေသည်။ ကသာငါးချဉ်ကိုလည်း ကသာခရိုင် ခုနစ်မြို့နယ်အပြင် ကချင်ပြည်နယ်အထက်ပိုင်း ဖားကန့် ကျောက်စိမ်းမှော်များသို့ နှစ်စဉ် တင်ပို့ရောင်းချလျက်ရှိရာ တချို့ ဖောက်သည်များက တယ်လီဖုန်းဖြင့် မှာယူကာ ကုန်ဖိုးငွေကို ငွေလွှဲ ပေးပို့ကြသကဲ့သို့ အချို့မှာ လူကိုယ် တိုင် သွားရောက်၍ ငွေတောင်းရ သည်လည်း ရှိသည်ဖြစ်ကြောင်း အမှတ် (၁)ရပ်ကွက် ဘုရားသုံးဆူ လမ်းမှ ငါးခြောက်ငါးချဉ်ပွဲရုံပိုင်ရှင် ဦးထွန်းထွန်းဦးက ပြောပြခဲ့သည်။
ကသာမြို့၏ နာမည်ကြီး ရေထွက်ပစ္စည်းတစ်မျိုးမှာ ကသာ ငါးရံ့ခြောက်ဖြစ်သည်။ ငါးရံ့အချို ခြောက်သည် ဧရာဝတီမြစ်ရိုးရှိ အင်းအိုင်များမှ ဖမ်းယူရရှိသော ရေချိုငါးခြောက်ဖြစ်သဖြင့် စားရ သည်မှာ အလွန်အရသာရှိလေ သည်။ အခြားမြို့နယ်မှ ရောက်ရှိ လာသူများသည် ကသာပြန်လက် ဆောင်ပေးလျှင် ကသာငါးရံ့ခြောက် နှင့် ကသာငါးချဉ်ကို ဝယ်ယူပေး လေ့ရှိသည်မှာ ထုံးစံတစ်ခုပင်ဖြစ် နေသည်။ ငါးရံ့ခြောက်တစ်ပိသာ ကို အရွယ်အစား အသေးအကြီး အလိုက် ငွေကျပ် ၁၅ဝဝဝ မှ ၃ဝဝဝဝ ဖြစ်ပြီး ယခုလိုဆောင်းရာသီ တွင် ယခင်အချိန်ထက် ပိုမိုအရောင်း သွက်ကြောင်း ပွဲရုံပိုင်ရှင် ဦးထွန်း ထွန်းဦးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် ကသာမြို့နယ်အတွင်းရှိ မြစ် ချောင်း၊ အင်းအိုင်များမှ ထွက်ရှိ လာသော ငါးအားလုံးသည် ဆောင်း ရာသီအချိန်၌ လှိုင်လှိုင်ပေါများကာ အရောင်းသွက်လှသဖြင့် ရောင်းဝယ် ဖောက်ကားကြသူများ စီးပွားရေး အရ တွက်ခြေကိုက်ကြောင်း သိရ သည်။

ကိုညီ(ကသာ)

No comments: