ဆီးရီးယားတြင္ IS ကို တိုက္ခိုက္ေရး ၿဗိတိန္ ေအာက္လႊတ္ေတာ္ အတည္ျပဳ
လန္ဒန္၊ ဒီဇင္ဘာ ၃ ရက္ (ဆင္ဟြာ)
ဆီးရီးယားရွိ အိုင္အက္စ္ (IS) စစ္ေသြးၾကြမ်ားအား ေလေၾကာင္း တိုက္ခိုက္မႈ ခ်ဲ႕ထြင္ေရး အစိုးရ၏ အဆိုျပဳ ခ်က္ အား ၁၀ နာရီၾကာ အႀကိတ္အနယ္ ေဆြးေႏြးခဲ႔ၿပီး မဲခြဲ ဆံုးျဖတ္ၿပီးေနာက္ ၿဗိတိန္ ေအာက္လႊတ္ေတာ္က အတည္ျပဳ လိုက္သည္။
IS စစ္ေသြးၾကြမ်ားအား အထူးသျဖင့္ ေလေၾကာင္းက တိုက္ခိုက္မည့္ စစ္ေရး အစီအစဥ္ အဆိုျပဳခ်က္အား ၿဗိတိန္ ေအာက္လႊတ္ေတာ္က ေထာက္ခံမဲ ၃၉၇ မဲ၊ ကန္႔ကြက္မဲ ၂၂၃ မဲျဖင့္ အတည္ျပဳလိုက္ေၾကာင္း သိရသည္။
ယင္း ခြင့္ျပဳခ်က္သည္ ၿဗိတိန္ စစ္ေလယာဥ္မ်ားအား အီရတ္မွ ဆီးရီးယားသို႔ တိုက္ခိုက္မႈ အစီအစဥ္ ခ်ဲ႕ထြင္ေရး လမ္းဖြင့္ေပးလိုက္ျခင္း ျဖစ္သည္။
ဆီးရီးယား အေရးႏွင့္ ပတ္သက္၍ ၿဗိတိန္က စစ္ေရး စြက္ဖက္မႈ အေပၚ ဆန္႔က်င္ ဆႏၵျပမႈမ်ား ရွိေနသည့္ ၾကားမွ ထိုသို႔ အတည္ျပဳခ်က္ ေပၚထြက္လာျခင္း ျဖစ္သည္။
အီရတ္တြင္ ISIS ဟု လူသိမ်ားသည့္ IS အဖြဲ႕အား ၂၀၁၄ ခုႏွစ္ ကတည္းက ၿဗိတိန္က ဗံုးၾကဲတိုက္ ခိုက္မႈ လုပ္ခဲ႔သည္။
ၿဗိတိန္ လႊတ္ေတာ္၏ ထို ဆံုးျဖတ္ခ်က္အား အေမရိကန္ သမၼတ ဘားရတ္ အိုဘားမားက ႀကိဳဆိုခဲ႔ၿပီး ဆီးရီးယား တြင္ ၿဗိတိသွ် စစ္အင္အားႏွင့္ မဟာမိတ္ဖြဲ႕ ေပါင္းစည္းေရးအား ျဖစ္ႏိုင္သမွ် ျမန္ျမန္ လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။ (Xinhua)
-----------------------------------------
(Unicode Version)
ဆီးရီးယားတွင် IS ကို တိုက်ခိုက်ရေး ဗြိတိန် အောက်လွှတ်တော် အတည်ပြု
လန်ဒန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
ဆီးရီးယားရှိ အိုင်အက်စ် (IS) စစ်သွေးကြွများအား လေကြောင်း တိုက်ခိုက်မှု ချဲ့ထွင်ရေး အစိုးရ၏ အဆိုပြု ချက် အား ၁၀ နာရီကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ပြီး မဲခွဲ ဆုံးဖြတ်ပြီးနောက် ဗြိတိန် အောက်လွှတ်တော်က အတည်ပြု လိုက်သည်။
IS စစ်သွေးကြွများအား အထူးသဖြင့် လေကြောင်းက တိုက်ခိုက်မည့် စစ်ရေး အစီအစဉ် အဆိုပြုချက်အား ဗြိတိန် အောက်လွှတ်တော်က ထောက်ခံမဲ ၃၉၇ မဲ၊ ကန့်ကွက်မဲ ၂၂၃ မဲဖြင့် အတည်ပြုလိုက်ကြောင်း သိရသည်။
ယင်း ခွင့်ပြုချက်သည် ဗြိတိန် စစ်လေယာဉ်များအား အီရတ်မှ ဆီးရီးယားသို့ တိုက်ခိုက်မှု အစီအစဉ် ချဲ့ထွင်ရေး လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။
ဆီးရီးယား အရေးနှင့် ပတ်သက်၍ ဗြိတိန်က စစ်ရေး စွက်ဖက်မှု အပေါ် ဆန့်ကျင် ဆန္ဒပြမှုများ ရှိနေသည့် ကြားမှ ထိုသို့ အတည်ပြုချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
အီရတ်တွင် ISIS ဟု လူသိများသည့် IS အဖွဲ့အား ၂၀၁၄ ခုနှစ် ကတည်းက ဗြိတိန်က ဗုံးကြဲတိုက် ခိုက်မှု လုပ်ခဲ့သည်။
ဗြိတိန် လွှတ်တော်၏ ထို ဆုံးဖြတ်ချက်အား အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက ကြိုဆိုခဲ့ပြီး ဆီးရီးယား တွင် ဗြိတိသျှ စစ်အင်အားနှင့် မဟာမိတ်ဖွဲ့ ပေါင်းစည်းရေးအား ဖြစ်နိုင်သမျှ မြန်မြန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)
No comments:
Post a Comment