Friday, October 7, 2016

ဇနီးဟောင်းနှင့် ပြန်ပေါင်းခွင့် မပြုဘူးလို့ ပြောဆိုတဲ့ ယောက္ခကို ဓာတ်ဆီဖျန်း မီးရှို့ မှုဖြစ်ပွား


 

မိခင်ဖြစ်သူအား ဓာတ်ဆီဖျန်းမီးရှို့ခဲ့သော ခင်ပွန်းဟောင်းအား ဇနီးဟောင်းက တိုင်ကြားအမှုဖွင့်ရေစကြို အောက်တိုဘာ ၆

ရေစကြိုမြို့နယ် လောင်းရှည် ကျေးရွာတွင် ယခုလ ၄ ရက်က မိခင်ဖြစ်သူအားဓာတ်ဆီဖျန်းမီးရှို့ခဲ့ သောခင်ပွန်းဟောင်းအားဇနီးဟောင်း က တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း ရေ စကြိုမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာမတိုးမာဝင်း အသက် (၃၄ နှစ်)လောင်းရှည်ကျေးရွာ ရေ စကြိုမြို့နယ်နေသူသည် နေအိမ် တွင် ယခုလ ၄ရက် မွန်းလွဲ ၂နာရီ ခွဲက မိခင်ဖြစ်သူဒေါ်တင်အေး(၆၅ နှစ်) သားဖြစ်သူမောင်ကျော်သူတို့ နှင့်အတူ အမွှေးတိုင်လိပ်နေစဉ် စက်တင်ဘာ ၁၉ရက်တွင် အကြင် လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲ ထားသော ခင်ပွန်းဟောင်းဖြစ်သူ တစ်ရွာတည်းနေ ဝင်းချို(၄၇နှစ်) မှာ လက်ထဲတွင် အစိမ်းရောင် စပရိုက်ဘူးသေးအားကိုင်ဆောင်၍ ရောက်ရှိလာပြီး မတိုးမာဝင်းအား ပြန်လည်ပေါင်းသင်းလိုကြောင်း ပြောကြားရာ မတိုးမာဝင်းက ပြန် မပေါင်းနိုင်ကြောင်းပြောခဲ့ပြီး မိခင် ဖြစ်သူဒေါ်တင်အေးက ပြန်လည် ပေါင်းသင်းခွင့် မပြုနိုင်ကြောင်း ပြောကြားခဲ့သည်။

မတိုးမာဝင်းက ဆက်လက် စကားများ ရန်ဖြစ်မည်စိုးရိမ်သဖြင့် ကျေးရွာတာဝန်ခံထံသွားရောက် အကူအညီတောင်းခံရန်ထွက်သွား ရာ ဝင်းချိုမှာ နေအိမ်တွင်ကျန်ရစ် ခဲ့ပြီး မိခင်ဖြစ်သူဒေါ်တင်အေးအား လင်မယားပြန်မပေါင်းရအောင်ပြော ဆိုရမလားဟုဆိုကာ ၄င်းလက်ထဲ တွင် အသင့်ပါလာသော ဓာတ်ဆီ ဘူးဖြင့်ပက်ဖျန်း၍ မီးရှို့ကာ ထွက် ပြေးသွားသဖြင့် ဒေါ်တင်အေးတွင် ဝဲ/ယာလက်နှစ်ဖက်လုံး၊ ဝဲယာ ပေါင်၊ ရင်ဘတ်မီးလောင်ကျွမ်း (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ခြင်းဖြစ် ကြောင်း တရားလို၏ တိုင်ကြား ချက်အရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးရှို့သူ ဝင်းချိုအားအရေးယူပေးရန် မတိုး မာဝင်းက တရားလိုပြုတိုင်ကြား ခဲ့သောကြောင့် ရေစကြိုမြို့နယ် မြို့မရဲစခန်းမှ(ပ)၉၄၁/ ၂ဝ၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှု ဖွင့်ထားကြောင်းသိရသည်။

ကျော်ဇေယျ(မကွေး)
The Union Daily

No comments: