နှာစေးကြသူများ
------------------
အနှစ် ၂၀ ကျော် ကိုယ်ယုံကြည်ရာကို စွဲကိုင်ကြရင်း ဘ၀ပျက်သူတွေပျက်၊ အသက်ပေးခဲ့သူတွေ ပေးခဲ့ရ ၊ ထောင်ကျသူတွေ ကျ လို့။ဒီလူတွေကို ဘာကြောင့်
ဒီလိုတွေ လုပ်ခဲ့ကြ ၊ လုပ်နေကြလဲ လို့ မေးတော့ တစ်ခုတည်းသော အဖြေက
အတူတူပဲ။"အာဏာရှင်စနစ်" ကို တိုက်ဖျက်ဖို့၊ အာဏာရှင် စနစ်ကို မကြိုက်လို့ဆို
တာပဲ။ဒီတော့ ဒီလို ခံယူချက်၊ အတွေးအမြင်၊ အယူအဆွဲတွေကို မှန်သည်မှားသည် အခြေခံမငြင်းပဲ၊ "အာဏာရှင်စနစ်" ကို မကြိုက်ကြသူများ
လို့ သတ်မှတ်ပေးပါတယ်။ဒီအကြောင်းကို စာအုပ်တွေ၊ ဂျာနယ်တွေမှာ Hero
အဖြစ်၊ သူရဲကောင်းအဖြစ် ကလောင်တွေနဲ့လည်း တစ်ဖက်ကနေ အသက်သွင်းပေးကြတယ်။ဘာကြောင့်လဲ။ "အာဏာရှင်စနစ်" ကို မကြိုက်လို့ပဲ
မဟုတ်လား။
ဟုတ်ပြီ။ ဒါဆို အာဏာရှင်စနစ်ကို မကြိုက်ဘူးဆိုတော့..တို့များအာဏာရှင်စနစ်
ကို တိုက်ထုတ်ကြပြီ၊ တိုက်နိုင်ခဲ့ပြီဆိုရင် ဘာဆက်လုပ်ကြမလဲဆိုတော့..လွယ်ပါ
တယ် ဒီမိုကရေစီ စနစ်ကိုဖော်ဆောင်ရမယ်၊ဖော်ဆောင်ကြမယ်တဲ့။ကောင်းပြီ။
ဒီမိုကရေစီ စနစ် နဲ့ အာဏာရှင် စနစ်ဆိုတာ ဘာတွေကွာခြားသလဲလို့မေးမိ
တယ်။ဒီမိုကရေစီဆိုတာ All inclusive အားလုံးပါဝင်နိုင်သောစနစ် ၊ အာဏာရှင်
စနစ် ဆို ဗဟိုချုပ်ကိုင်မှုနဲ့ စနစ် လို့ ဆိုရဲ့။ဟုတ်ပြီ။ ဒါဆို အားလုံပါဝင်နိုင်တဲ့
စနစ်ကို ကြိုဆိုဖို့အတွက်၊ အာဏာရှင်စနစ်ကို တွန်းကန်ကြတယ်။ဒီတော့ ဒီအထိကို နားလည်ပါတယ်။
အခု မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဆိုတဲ့ စကားကြားရင် NLD ကို တွဲမြင်ကြတယ်။
ဒီမိုကရေစီ ဆိုတာနဲ့ NLD ကို တွဲမိအောင်လည်း ဂျာနယ်တွေက ပုံသွင်းထား
တယ်။ ဆိုလိုတာက ပြည်သူတွေရင်ထဲမှာ NLD ဖော်ဆောင်မှ ဒီမိုကရေစီဖြစ်မယ်
ဆိုတာမျိုးကအထိတောင် ဖြစ်အောင်ပေါ့။ ဒီတော့ NLD မဟုတ်တဲ့ အခြားပါတီက
ဒီမိုကရေစီ စကားမပြောနဲ့ ၊ သူတို့နဲ့ပဲ မတန်သယောင် ဒီလိုထင်နေကြတယ်။
ဟုတ်ပါပြီ။ ဒါဆို NLD ဆိုတဲ့ ပါတီမှာရော ပြည်သူလူထုအတွက် မပြောနဲ့ သူ့ပါတီအတွင်းမှာတောင် ဒီမိုကရေစီ ရရဲ့လားလို့ မေးချင်တယ်။ကိုယ်စားလှယ်လောင်း တင်သွင်းချိန်မှာ သက်ဆိုင်ရာမြို့နယ်အလိုက်က တင်သွင်းတဲ့ကိုယ်စားလှယ်လောင်းကို ပယ်ဖျက်လို့ ဗဟိုက ချပေးတဲ့ ကိုယ်စား
လှယ်လောင်းကို အင်တင်တင်နဲ့ လက်ခံကြရတယ်။ လက်မခံတဲ့ ပါတီဝင်တွေ၊
ဆန္ဒပြတဲ့ ပါတီဝင် အားလုံးကို NLD ပေါ်ဘယ်လောက် နှစ်ကာလကြာမြေ့စွာ
အကျိုးဆောင်ခဲ့ပါစေ ဖြုတ်ထုတ်သတ် လမ်းစဉ်ပို့ခဲ့တယ်။ပါတီမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စကားတစ်ခွန်းကို ဘယ်သူလွန်ဆန်ဝံ့သလဲ။ သူ့ချုပ်
ကိုင်မှု၊ ဗဟိုချုပ်ကိုင်မှု အောက်မှာ ဘယ်ပါတီဝင်တွေများ မာထန်ရဲသလဲ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမှားတွေကို ဘယ်ဂျာနယ်ထောက်ပြရဲသလဲ။
ဒီတော့ အားလုံးက အာဏာရှင်စနစ်ကို မကြိုက်လို့ နှစ် ၂၀ ကျော် တွန်းလှန်လိုက်ကြတာ။ နောက်ဆုံးတော့ အာဏာရှင်တစ်ယောက် အတွက် အာဏာရှင် စနစ်ကို တွန်းလှန်ပေးနေသလိုပဲ။ ဒီလိုပဲ ခံစားရတယ်။ဒီလိုပဲ တွေးမြင်
မိတယ်။အခုလည်း လုပ်နေပြီ။ဘာတဲ့..သမ္မတကို သူက ဦးဆောင်မယ်တဲ့။အဲ့တော့
သမ္မတက သူ့ရဲ့ရုပ်သေးသမ္မတ ဖြစ်နေဘူးလား။ ခင်ဗျားတို့ ပြောတော့ ဗဟိုချုပ်ကိုင်မှု ဖြစ်တဲ့ အာဏာရှင်စနစ်ကို မုန်းတယ်ဆို။ဘယ်လိုကြီးလဲ ။ မောင်ဖြူ ကို ဗဟိုချုပ်ကိုင်မှုတွေရဲ့ အာဏာရှင်ဖြစ်လို့မုန်းတယ်ဆို ၊ မောင်မဲသည် ဗဟိုချုပ်
ကိုင်မှုတွေရဲ့ အာဏာရှင်ဖြစ်တာလည်း မုန်းရလိမ့်မယ်။ဒါမှ အာဏာရှင်စနစ်မုန်းတယ်ဆိုတာ ပီပီသသ ဖြစ်လိမ့်မယ်။မဟုတ်ရင် အာဏာရှင် မုန်းတာ မဟုတ်ပဲ အမည်နာမကို မုန်းတာပဲဖြစ်တယ်။
အခုတော့ သမ္မတ ကို တောင် ဦးဆောင်ကြိုးကိုင်မယ်ဆိုတဲ့ သတင်းကို အာဏာရှင်ကို မုန်းပါတယ်ဆိုတဲ့ ဂျာနယ်တွေက ဝေေ၀ဆာဆာ ရေးနေကြတယ်။
"ဟချိုး..ဟတ်ချိုးးးးး"
စာရေးရင်းနဲ့ နှာရေတွေ ကျလာတယ်။နှာစေး နေပြီထင်တယ်။
Photo credit- Thein Tun Oo & Hain Htike Zaw
No comments:
Post a Comment