Saturday, October 1, 2016

ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေ ရပ်တန့်ဖို့ အမေရိကန်သံရုံးက မေတ္တာရပ်ခံ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲများ ရပ်တန့်ဖို့ တိုက်ပွဲများပါဝင်ပတ်သက်နေသူအားလုံးကို မေတ္တာရပ်ခံကြောင်း မေရိကန်သံရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့နဲ့ ထုတ်ပြန်တဲ့ အဲဒီထုတ်ပြန်ချက်မှာ အရပ်သားတွေကို ကာကွယ်ဖို့အတွက် လိုက်နာရမယ့် တာဝန်ဝတ္တရာတွေကို တိတိကျကျ လိုက်နာကြပါဖို့နဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ အကူအညီပေးရေး အဖွဲ့တွေကိုလည်း အဟန့်အတားမရှိ အမြန်ဆုံးဝင်ရောက်ခွင့်ပေးဖို့ သက်ဆိုင်ရာအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် မကြာသေးမီက စတင်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံမှ ရရှိခဲ့သည့်တိုးတက်မှုများနှင့် ချစ်ကြည်မှုများကို ပျက်ပြားစေနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Share this:

No comments: