Saturday, October 1, 2016

အင်တာနက်သုံးစွဲမှု များပြားလာတာနဲ့အတူ မှုခင်းပုံစံသစ်တွေ အဖြစ်များလာ

အင်တာနက်လူမှုကွန်ရက်တွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာမှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ မူခင်းပုံစံသစ်တွေ ဖြစ်ပွားမှုများပြားလာတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်းက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလ ၁ ရက် ဒီကနေ့မှာ ပြုလုပ်တဲ့ (၅၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားမှာ အဲဒီလိုပြောကြားလိုက်တာပါ။

လူမှုကွန်ရက်တွေကို အသုံးပြုပြီး မတူကွဲပြားတဲ့ ဘာသာရေး၊ လူမျိုးရေးတွေကို ခုတုံးလုပ်ပြီး အမုန်းတရားကို အခြေခံတဲ့ ၀ါဒဖြန့်မှုတွေက တစ်ဆင့် အကြမ်းဖက်မှုခင်းကြီးတွေအထိ အန္တရာယ်ကြီးတွေ ဖြစ်ပေါ်လာနိုင်တာဖြစ်ပါတယ်။

ဒါ့အပြင် လူမှုကွန်ရက်တွေကတစ်ဆင့် လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို ကျဆင်းစေအောင် ဆောင်ရွက်ပြီး အတင်းအကြပ် စေခိုင်းမှုတွေ ငွေကြေးတောင်းခံမှုတွေ ကျူးလွန်းလာတယ်လို့ ရဲချုပ်က ပြောဆိုခဲ့ပါတယ်။

အထူးသဖြင့် ကလေးတွေနဲ့ အမျိုးသမီးငယ်တွေကို မှုခင်းရဲ့သားကောင်အဖြစ် ပစ်မှတ်ထား ဆောင်ရွက်နေတယ်လို့ ပြောဆိုခဲ့တာပါ။

No comments: