Saturday, October 1, 2016

အမုန်းစကား တားမြစ်ကာကွယ်ရေး ဥပဒေထွက်ဖို့ တစ်နှစ်လောက် ကြာမယ်

ဘာသာပေါင်းစုံ ချစ်ကြည်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ရေးဆွဲတဲ အမုန်းစကားတားမြစ်ကာကွယ်ရေး ဥပဒေ အပြည့်အစုံ ပေါ်ထွက်လာဖို့ အချိန် တစ်နှစ်လောက် ကြာဦးမယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။

အမုန်းစကား တားမြစ်ကာကွယ်ရေးဥပဒေကြမ်းကို ပထမဆုံးအနေနဲ့ ရှေ့နေချုပ်ရုံးက သဘောထားမှတ်ချက်နဲ့ ပြန်ချပေးထားပြီးပြီ ဖြစ်တဲ့အတွက် ဝန်ကြီးဌာနက ပြည်လည်ညှိနှိုင်းပြီး ဒုတိယအကြိမ် ထပ်တင်ပြတဲ့ အဆင့်ပဲ ရှိသေးတယ်လို့ သူရဦးအောင်ကိုက ပြောကြားခဲ့တာပါ။

ဥပဒေကြမ်းကို ခုတစ်ကြိမ် ထပ်တင်ရာမှာ ရှေ့နေချုပ်ရုံးကနေ ပြန်ကျလာရင် အစိုးရအဖွဲ့ကို တင်ပြပြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ လွှတ်တော်ကို တင်ပြသွားဖို့လည်း လိုသေးတာကြောင့် ဥပဒေအဖြစ် ထွက်ပေါ်လာဖို့ တစ်နှစ်လောက်ကြာဦးမယ်လို့ သူရဦးအောင်ကိုက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကိုသားကြီး(နေပြည်တော်)

Share this:

No comments: