အလိုအလျှောက်မောင်းနှင်တဲ့ကားတွေကို စတင်အသုံးပြုဖို့ရှိနေပေမယ့် အဲဒီကားတွေကို ပုဂ္ဂလိကပိုင်အနေနဲ့ အသုံး ပြုမှု မဖြစ်နိုင်သလောက်နည်းပါးဖွယ်ရှိနေပါတယ်။ ဖြစ်နိုင်ခြေရှိတာက သယ်ယူပို့ဆောင်ရေးကုမ္ပဏီတွေကနေ ကွန်ယက်ရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ အသုံးချတာမျိုးဖြစ်ဖို့များပါတယ်လို့ အမေရိကန်ကုမ္ပဏီ Lyft က သူတို့ရဲ့ အနာဂါတ်သယ်ယူပို့ဆောင်ရေးအမြင်ကို ပြောပါတယ်။
လာမယ့်နှစ်အနည်းငယ်အတွင်းမှာပဲ အမေရိကန်မြို့ကြီးတွေမှာ လူသားမောင်းနှင်တဲ့ကားတွေကို ရိုဘော့ကားတွေက ကျော်ဖြတ်စိုးမိုးသွားလိမ့်မယ်လို့ Lyft ကုမ္ပဏီရဲ့ဥက္ကဋ္ဌ ဂျွန်ဇီးမားက ဆိုပါတယ်။
သယ်ယူပို့ဆောင်ရေးကွန်ယက်ကုမ္ပဏီကြီးတွေ၊ ကားထုတ်လုပ်သူတွေနဲ့ နည်းပညာကုမ္ပဏီကြီးတွေက ရိုဘော့ကား ကို နောက်ထပ်အခွင့်အလမ်းကြီးတစ်ခုအနေနဲ့ ရှုမြင်နေကြတာပါ။ ယူဘာ – Uber နည်းပညာကုမ္ပဏီက သူတို့ရဲ့ မောင်းသူမဲ့ကားကို အမေရိကန်နိုင်ငံ၊ ပန်စနီဗန်းနီးယားမြို့က လမ်းတွေပေါ်မှာ စမ်းသပ်ခဲ့ပါတယ်။ အဲဒီလိုစမ်းသပ်မှု မှာ ယာဉ်မောင်းသူတစ်ဦးကတော့ အရေပေါ်အခြေအနေမှာ ရပ်တန့်နိုင်ဖို့ လိုက်ပါခဲ့ပါတယ်။
Lyft ကုမ္ပဏီက ဖိုးနစ်ဇ် မြို့နဲ့ ဆန်ဖန်စစ္စကိုမြို့တွေမှာ ဂျင်နလဲလ်မော်တာ GM ကုမ္ပဏီကြီးနဲ့ ပူးပေါင်းပြီး မောင်းသူမဲ့ ရိုဘော့ကားတွေကို စမ်းသပ်မယ်လို့ ပြောခဲ့ပါတယ်။ အဲဒီစမ်းသပ်မှုကို ဇန်န၀ါရီလအတွင်းမှာ ပြုလုပ်မှာဖြစ်ပြီး အဲဒီစမ်းသပ်မှုအတွက် Lyft ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှပ်နှံထားပါတယ်။
No comments:
Post a Comment