Apple သည် အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့အခြေစိုက် Tuplejump အမည်ရ startup ကုမ္ပဏီကို ဝယ်ယူလိုက်သည်။ Tuplejump သည် အချက်အလက်များကို သိရှိနားလည်ရန် artificial intelligence ကို အသုံးပြုကြောင်း TechCruch နှင့် Bloomberg မှဖော်ပြခဲ့သည်။ Apple သည် Tuplejump ကို ဇွန်လတွင် ဝယ်ယူခဲ့ကြောင်း Bloomberg မှ ဖော်ပြခဲ့သည်။
Tuplejump ကို ရိုဟစ်ရိုင်၊ ဆာယာပရာကတ်ရှ်ဘတ်ဟာဗာရာပူနှင့် ဒီပတ်အာလာတို့က တည်ထောင်ခဲ့ကြသည်။ ရိုဟစ်နှင့် ဆာယာပရာကတ်ရှ်တို့၏ LinkedIn ကိုယ်ရေးအချက်အလက်အရ ၎င်းတို့မှာ မေလကတည်းက Apple သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ Tuplejump ၏ ဝက်ဘ်ဆိုက်မှာလည်း မရှိတော့ကြောင်းသိရသည်။
“Apple အနေနဲ့ နည်းပညာကုမ္ပဏီလေးတွေကို အချိန်နဲ့အမျှ ဝယ်ယူနေပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်နဲ့ အစီအစဉ်တွေကို မဆွေးနွေးလိုပါဘူး” ဟု Apple ပြောရေးဆိုခွင့်ရှိသူ ကောလင်းဂျွန်ဆင်က TechCrunch သို့ ပြောကြားခဲ့သည်။
Tuplejump သည် Apple က ပထမဆုံးအကြိမ်အဖြစ် ဝယ်ယူလိုက်သော အိန္ဒိယအခြေစိုက် startup ကုမ္ပဏီတစ်ခု ဖြစ်သည်။
Ref: TechInAsia
No comments:
Post a Comment