Wednesday, January 20, 2016

မိုးညှင်းခရိုင် တရားရုံးအမှုတွဲခန်း အဆောက်အအုံဖွင့် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မိုးညှင်းခရိုင် တရားရုံးအမှုတွဲခန်း အဆောက်အအုံဖွင့် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®® မြစ်ကြီးနား ဇန်နဝါရီ ၁၉ ကချင်ပြည်နယ် မိုးညှင်းခရိုင် တရားရုံးအမှုတွဲခန်း အဆောက်အအုံသစ် ဖွင့်ပွဲကို ဇန်နဝါရီ ၁၆ ရက်က အရှေ့စုရပ်ကွက် (၄)လမ်းရှိ အဆိုပါ အဆောက်အအုံသစ်၌ ကျင်းပရာ မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုး၊ ခရိုင်တရားသူကြီး ဦးစောထွန်းနှင့် မိုးညှင်းမြို့နယ်တရားသူကြီး ဦးအောင်မင်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ အခမ်းအနားသို့ ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာ၊ ပြည်နယ်ဥပဒေချုပ် ဒေါ်မေရီမီနန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ပြုံးပြုံးအေးနှင့် ခရိုင်/မြို့နယ်တရားသူကြီးများနှင့် ရုံးဝန်ထမ်း ၁ဝဝ ခန့် တက်ရောက်ကြောင်း သိရသည်။ မိုဃ်းကျ(မြစ်ကြီးနား)

No comments: