Wednesday, January 20, 2016

Victoria's Secret နတ်မိမယ်ရဲ့ ဆက်စီကျတဲ့ ကော်ဇောနီ ဖက်ရှင်

       အက်ဒရီနာ လီမာဟာ ကလေးနှစ်ဦး မိခင်ဖြစ်ပေမယ့် ခန္ဓာကိုယ် အလှအပကို အကောင်းဆုံး ထိန်းသိမ်းထားနိုင်သူပါ။


ကမ္ဘာကျော် Victoria's Secret နတ်မိမယ်တစ်ဦးရဲ့ ဆက်စီကျတဲ့ ကော်ဇောနီဖက်ရှင်ကို ဂျီနီဗာက ပွဲတစ်ခုမှာ မြင်တွေ့ရတာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ အင်္ဂါနေ့ ညနေခင်းက ပြုလုပ်ခဲ့တဲ့ International Watch Company (IWC) ရဲ့ ပွဲကို Victoria's Secret နတ်မိမယ် ဖြစ်ခဲ့သူ စူပါမော်ဒယ် အက်ဒရီနာ လီမာ တက်ရောက်ခဲ့ပါတယ်။

သွယ်လျတဲ့ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေတဲ့ အနက်ရောင် ဝတ်စုံနဲ့ ဘရာဇီးလ် မော်ဒယ်ရဲ့ ကော်ဇောနီဖက်ရှင် IWC ပွဲတက်သူတွေကြား ထင်ရှားနေခဲ့ပါတယ်။

အက်ဒရီနာ လီမာဟာ ကလေးနှစ်ဦး မိခင်ဖြစ်ပေမယ့် ခန္ဓာကိုယ် အလှအပကို အကောင်းဆုံး ထိန်းသိမ်းထားနိုင်သူပါ။

မော်ဒယ်တစ်ဦးအဖြစ် အောင်မြင်ကျော်ကြားတဲ့ အက်ဒရီနာက ၂၀၁၅ ခုနှစ်ရဲ့ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး မော်ဒယ်စာရင်းမှာ အမေရိကန်ဒေါ်လာ ၉ သန်းဖြင့် နံပါတ် ၂ နေရာကနေ ရပ်တည်နိုင်ခဲ့သူ ဖြစ်ပါတယ်။

Source & Photo: Daily Ma

No comments: