Friday, January 22, 2016

ရုပ်ရှင်ဇာတ်ကောင် ဝတ်စုံနဲ့ လုံးကြီးပေါက်လှ ကယ်လီဘရွတ်

       အသက် ၃၆ နှစ် ဆိုပေမဲ့ ခန္ဓာကိုယ် အချိုးအစားကတော့ ပါးစပ်အဟောင်းသား ဖြစ်သွားလောက်အောင် လှနေတော့တာပါပဲ။


ကယ်လီဘရွတ်ကို Wonder Woman ဇာတ်ကောင်နေရာမှာထားရင် ဘယ်လိုနေမလဲလို့ တွေးကြည့်ဖူးတဲ့ DC Comic ပရိသတ်တွေ ရှိမှာပါ။

Wonder Woman နေရာမှာ သရုပ်မဆောင်ရပေမယ့် ကယ်လီဘရွတ်ကတော့ အဲ့ဒီဝတ်စုံနဲ့ အတော်လေးကို လိုက်ဖက်နေတာ တွေ့ရပါတယ်။ ရုပ်သံအစီအစဉ်တစ်ခုမှာ ကယ်လီက Wonder Woman  ဝတ်စုံကို ဝတ်ပြီး တင်းတင်းရင်းရင်းရှိတဲ့ သူမရဲ့ အပေါ်ပိုင်းအလှကို ထင်းခနဲ လှစ်ပြလိုက်ပါတယ်။ မြင်လိုက်ရတာနဲ့ ဟိုက်ရှားပါးလို့တောင် ရေရွတ်မိသွားမိမှာပါ။

ကယ်လီဟာ The Keith And Paddy Show ရိုက်ကွင်းရဲ့ နောက်ကွယ်က ပုံရိပ်အချို့ကို သူမရဲ့ အင်စတဂရမ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ရုပ်သံအစီအစဉ်မှာ သရုပ်ဆောင် ကိသ် လီမွန်က Thor ရဲ့ ဝတ်စုံကိုဝတ်ဆင်ပြီး ပါဝင်ခဲ့ပါတယ်။ Wonder Woman ရုပ်ရှင်ရဲ့ တကယ့်သရုပ်ဆောင်ကတော့ Gal Gadot ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ စတင်ပြသမှာဖြစ်ပါတယ်။
Source & Photo : Daily Mail

No comments: