Friday, January 29, 2016

သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်း ပြည်သူ့လွှတ်တော်သဘောထားအတိုင်း ပြည်ထောင်စုလွှတ်တော် အတည်ပြု ----------------

သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်း
ပြည်သူ့လွှတ်တော်သဘောထားအတိုင်း ပြည်ထောင်စုလွှတ်တော်
အတည်ပြု
---------------------------------------------------------------
လွှတ်တော်နှစ်ရပ်သဘောထားကွဲနေသော နိုင်ငံတော်သမ္မတတာဝန်
ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှ
ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုလိုက်ကြောင်း လွှတ်တော်ကိုယ်စား
လှယ်များက ပြောကြားသည်။

ယနေ့(ဇန်နဝါရီလ ၂၈ရက်)ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင်
မဲခွဲဆုံးဖြတ်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။

ယင်းဥပဒေကြမ်းတွင် အမျိုးသားလွှတ်တော်က အစိုးရအဖွဲ့မှ ရေးဆွဲထား
သည့်အတိုင်း မူလအတိုင်းထားအတည်ပြုထားခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်က ပြင်ဆင်ထားခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက
ပြောသည်။

နိုင်ငံတော်သမ္မတ၏လုံခြုံရေးအတွက် ကာကွယ်ရေး သို့မဟုတ်
ပြည်ထဲရေးမှခန့်အပ်နိုင်ရန် ရေးဆွဲထားချက်ကို ပြည်သူ့လွှတ်တော်၏
အတည်ပြုသည့်အတိုင်း ပြည်ထဲရေးဝန်ကြီးဌာနကိုသာ လုံခြုံရေးအတွက်
တာဝန်ပေးခန့်အပ်ရန် အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

ယင်းအပြင် အမျိုးသားလွှတ်တော်ကနိုင်ငံတော်သမ္မတသည်
" နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်ပြီးနောက်ပိုင်းတွင် ထိုတာဝန်
ထမ်းဆောင်စဉ်ကဥပဒေနှင့်အညီ ဆုံးဖြတ်ခဲ့မှုများနှင့်စပ်လျှဉ်း၍
အနှောင့်အယှက်ပေးခြင်း၊ အန္တရာယ်ပြုခြင်းတို့မှကာကွယ်နိုင်ရန်"ဟု
အတည်ပြုထားသည်။

ပြည်သူ့လွှတ်တော်က "နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်ပြီး နောက်ပိုင်း
တွင် ထိုတာဝန်ထမ်းဆောင်စဉ်က ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့မှုများနှင့်
စပ်လျှဉ်း၍ အနှောင့်အယှက်ပေးခြင်း၊ အန္တရယ်ပြုခြင်းတို့မှ ကာကွယ်နိုင်ရန်"
ဟုပြင်ဆင်ထားပြီး လွှတ်တော်နှစ်ရပ်ကွဲလွဲချက်၌လည်း ပြည်သူ့လွှတ်တော်၏
ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲချက်၁၁ချက်ရှိခဲ့ပြီး ပြည်သူ့
လွှတ်တော်၏အတည်ပြုထားသည့်အတိုင်း ပြည်ထောင်စုလွှတ်တော်မှ
အတည်ပြုရန် ဇန်နဝါရီ၂၇ရက်နေ့က ဥပဒေကြမ်းပူးပေါင်းကော်မတီက
ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။


No comments: