Wednesday, January 20, 2016

ပါကစ္စတန်က တက္ကသိုလ်တစ်ခု အကြမ်းဖက်သမားတွေ ဝင်တိုက်လို့ လူ ၂၀ ထက်မနည်း သေဆုံး

       လူ ၅၀ ခန့် ဒဏ်ရာရရှိထားပါတယ်။


ပါကစ္စတန် အနောက်မြောက်ပိုင်းက တက္ကသိုလ်တစ်ခုကို အကြမ်းဖက်သမားတွေ ဝင်ရောက်တိုက်ခိုက်နေပါတယ်။ သေဆုံးသူပေါင်း ၂၀ ထက်မနည်း ရှိတယ်လို့ သိရပါတယ်။

အကြမ်းဖက်သမား ၄ ဦးကို သုတ်သင်ရှင်းလင်းခဲ့ပြီး နောက်ထပ် ရှိနေနိုင်သေးတယ်လို့ ပါကစ္စတန် စစ်ဘက်အရာရှိက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းက ဘချာခန် တက္ကသိုလ်ကို လူ ၄ ဦး ပါဝင်တဲ့ အကြမ်းဖက်အုပ်စုက ဝင်ရောက်ပစ်ခတ်သွားတာပါ။ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူဟာ အဆိုပါတက္ကသိုလ်ရဲ့ ဓာတုဗေဒ ပါမောက္ခက ဖြစ်တယ်လို့လည်း သိရပါတယ်။

ကျောင်းသားမိဘတွေနဲ့ မိသားစုဝင်တွေကလည်း တက္ကသိုလ်ဝင်းအပြင်ဘက်မှာ စိုးရိမ်တကြီးနဲ့ ရောက်ရှိနေကြပါတယ်။ ပါကစ္စတန်စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကလည်း တက္ကသိုလ်အပေါ်ကနေ ပျံသန်းပြီး အခြေအနေကို စောင့်ကြည့်နေပါတယ်။


ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက တက္ကသိုလ်ဝင်းထဲမှာ နောက်ထပ် ဒဏ်ရာရသူနဲ့ သေဆုံးသူတွေ ရှိနေနိုင်သေးတယ်လို့လည်း ပြောပါတယ်။ ကျောင်းထဲမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေ နေရာယူထားလိုက်ပါပြီ။
Source : DailypPakista

No comments: