Friday, January 22, 2016

ရန်ကုန်မှာ နှစ်ရက်တစ်ယောက်နှုန်း ကိုယ့်ကိုယ်ကိုယ်သတ်သေနေ

       အများစုဟာ ကြိုးဆွဲချသေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။


ရန်ကုန်မှာ နှစ်ရက်ကို တစ်ယောက်နှုန်း ကိုယ့်ကိုယ်ကိုယ်သတ်သေနေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ သေမှုသေခင်းစာရင်းကို ကိုးကားပြီး 7Day Daily ရဲ့ဖော်ပြချက်အရ ရန်ကုန်တိုင်းဒေသအတွင်းမှာ အခုလိုဖြစ်ပွားနေတာဖြစ်ပါတယ်။ ကြိုးဆွဲချခြင်း၊ အဆိပ်သောက်ခြင်းနဲ့ အမြင့်မှ ခုန်ချခြင်းတွေအပါအဝင် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း ကိုယ့်ကိုယ်သတ်သေမှုအပေါင်း ၁၀၅၃ ယောက်ရှိတယ်လို့ သိရပါတယ်။
၂၀၁၅ ခုနှစ်တစ်နှစ်တည်းမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုဟာ ၁၄၉ ယောက်ရှိတာကြောင့် နှစ်ရက်ကိုတစ်ယောက်နှုန်း သေဆုံးနေတာဖြစ်ပါတယ်။ သေဆုံးသူအများစုဟာ ဆွဲကြိုးချကာ သေဆုံးခဲ့ကြတာဖြစ်ပြီး ဒုတိယအများဆုံးကတော့ အဆိပ်သောက်ကြတာဖြစ်ပါတယ်။
လူငယ်တစ်ယောက်ဟာ အဒေါ်ဖြစ်သူရဲ့ဆွဲကြိုးကိုဌားပြီး ရွှေတိဂုံဘုရားညောင်ရေသွန်းပွဲ သွားခဲ့ရာက ဆွဲကြိုးပျောက်သွားတာကြောင့် အိမ်မပြန်ရဲဘဲ လမ်းကသစ်ပင်မှာ ကြိုးဆွဲချသေဆုံးခဲ့တဲ့ဖြစ်ရပ်တစ်ခုလည်း ၂၀၁၅ ခုနှစ် ကိုယ့်ကိုယ်ကိုယ်သတ်သေမှုထဲမှာ ပါဝင်ခဲ့ပါတယ်။
Photo & Source: 7Day Daily

No comments: