Tuesday, January 19, 2016

ရေနံဈေးကျလို့ ချယ်လ်ဆီးနဲ့ အာဆင်နယ် အသင်းပိုင်ရှင်တွေ အရှုံးပေါ်

       နှစ်သစ်ကူး ကာလကတည်းက အခုချိန်ထိ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းကလည်း ဆက်တိုက်ကျဆင်းနေပါတယ်။


ကမ္ဘာတစ်လွှား ရေနံစိမ်း ဈေးနှုန်းတွေ ကျဆင်းနေခဲ့လို့ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းပိုင်ရှင်တွေရဲ့ ဝင်ငွေဆုံးရှုံးမှု ကြီးမားခဲ့တယ်လို့ တယ်လီဂရက်ဖ်သတင်းစာက ရေးသားဖော်ပြပါတယ်။ (၁၀)ရက်အတွင်းမှာတင် အဆမတန် ကျဆင်းလာတဲ့ရေနံဈေးနှုန်းကြောင့် ဘီလျံနာအသင်းပိုင်ရှင်တွေအတွက် ပေါင်သန်း ရာနဲ့ချီပြီး ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့တယ် လို့ ဆိုပါတယ်။
play အာဆင်နယ် ရှယ်ယာရှင် အူစမာနော့ဗ်

ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဗရာဟီမိုဗစ်ခ်ျနဲ့ အာဆင်နယ်အသင်း ဒုတိယရှယ်ယာအများဆုံး ပိုင်ရှင်ဖြစ်တဲ့ အူစမာနော့ဗ်တို့ နှစ်ဦးလုံးဟာ ရုရှားရေနံသဌေးတွေပါ။ ၂၀၁၆ နှစ်သစ်ကူးကာလက စပြီး လက်ရှိအချိန်ထိ ရေနံဈေးနှုန်းတွေ ကျဆင်းနေတာဖြစ်လို့ ချယ်လ်ဆီးသဌေး အေဗရာဟီမိုဗစ်ခ်ျက ကန်ဒေါ်လာ သန်း ၈၂၀ လောက် ဆုံးရှုံးလျှက်ရှိပါတယ်။ အူစမာနော့ဗ်ကလည်း ရက်ပိုင်းအတွင်းမှာပဲ ရေနံ လုပ်ငန်းကနေ ကန်ဒေါ်လာသန်းပေါင်း ၉၁၀ အရှုံးပေါ်လျှက်ရှိပါတယ်။

အူစမာနော့ဗ်က အာဆင်နယ်ရှယ်ယာ ၃၀ ရာခိုနှုန်းကိုပဲ ပိုင်ဆိုင်ထားတာဖြစ်ပေမဲ့ အေဗရာဟီမိုဗစ်ခ်ျကတော့ ချယ်လ်ဆီးကို တစ်ဦးတည်းပိုင်ဆိုင်ရင်းနှီးထားသူ ဖြစ်နေပါတယ်။
Source : Telegraph
Photos : Mirror

No comments: