Friday, January 29, 2016

သေဒဏ်ကျမြန်မာလုပ်သားနှစ်ဦးကို နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဘန်ခွမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့

သေဒဏ်ကျမြန်မာလုပ်သားနှစ်ဦးကို နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဘန်ခွမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့
Friday, January 29, 2016

လိပ်ကျွန်းလူသတ်မှုအ တွက် သေဒဏ်ချမှတ်ခံထားရ သော မြန်မာလုပ်သားနှစ်ဦးကို ထိုင်းနိုင်ငံတွင် ကြမ်းတမ်းဆိုး သွမ်းမှုနှင့် ပတ်သက်လျှင် နာမည် ကြီးသည့် ဘန်ကောက်မြို့ရှိ အ ကျဉ်းထောင်တစ်ခုသို့ ပြောင်းရွှေ့ခဲ့ကြောင်း သတင်းရရှိသည်။

ပြောင်းရွှေ့ခံရသော ဘန် ခွမ်အကျဉ်းထောင်သည် ထိုင်းနိုင် ငံတွင် ကြမ်းတမ်းဆိုးသွမ်းမှုနှင့် ပတ်သက်ပြီး နာမည်ကြီးသော ကြောင့် ‘‘ကျားထောင်’’ဟုခေါ်ဝေါ် ကြောင်း သတင်းရရှိသည်။

မြန်မာနှစ်ဦးကို ထိုင်းနိုင်ငံ တောင်ပိုင်း နခွန်စီထန်မရ အ ကျဉ်းထောင်တွင်ထားရှိခဲ့ရာမှ ဇန်န၀ါရီ ၂၇ ရက်တွင် ဘန်ကောက်မြို့ရှိ ဘန်ခွမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

မြန်မာလုပ်သားနှစ်ဦးကို အ ကျဉ်းထောင်အတွင်း ၂၄ နာရီ သံ ခြေချင်းများ ခတ်ထားမှုနှင့် ပတ် သက်၍ ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ အထူးကိုယ်စား လှယ်နှင့် ထိုင်းအစိုးရထံသို့ ဇန်န ၀ါရီ ၂၇ ရက်က ကန့်ကွက်စာပေး ပို့ထားကြောင်း မြန်မာလုပ်သား နှစ်ဦးအရေးကို ကူညီဆောင်ရွက် ပေးနေသော ရွှေ့ပြောင်းအလုပ် သမား အခွင့်အရေးကွန်ရက် (MWRN)မှ နိုင်ငံခြားရေးရာ အတိုင်ပင်ခံ အန်ဒီဟောက ပြော သည်။

‘‘သံခြေချင်း ခတ်ထားမှုကို ကုလသမဂ္ဂနဲ့ ထိုင်းအစိုးရထံကို ကန့်ကွက်စာပို့ထားတယ်။ ကုလ သမဂ္ဂကလည်း ဒါကိုစိတ်ဝင်စား တယ် ပြောတယ်။ သေဒဏ်ကျခံ ထားရပေမယ့် လူ့အခွင့်အရေးနဲ့ အညီ နေထိုင်ဖို့အတွက် လုပ်ပေး တာပါ။ သူတို့ကို အခန်းအပြင်ပေး မထွက်ဘူး။ သူတို့အတွက် ပို့ပေး တဲ့ အလှူငွေတွေလည်း ထုတ်ယူ သုံးစွဲခွင့် မရှိဘူး။ ထောင်က နာ မည်ကြီးပေမယ့် မြန်မာသံရုံးနဲ့ အဖွဲ့အစည်းတွေက ပုံမှန်ထောင်ဝင်စာ တွေ့ပေးနေရင် ပြဿနာမရှိပါဘူး’’ဟု အန်ဒီဟောက ပြော ကြားသည်။

ပြောင်းရွှေ့ခံရသော ဘန်ခွမ်အကျဉ်းထောင်သည် နှစ်ကြီးသ မားများသာ ထားရှိသော ထောင်ဖြစ်ပြီး စည်းကမ်းတင်းကျပ်မှုရှိသော ထောင်ဖြစ်ကြောင်း မြန်မာ သံရုံးအထူးအဖွဲ့မှ ဦးထူးချစ်က ပြောသည်။

‘‘မနေ့က ထောင်ပြောင်း ထားလိုက်ပြီလို့ သတင်းပို့လာ တယ်။ ဘန်ကောက်မှာထားတယ် ဆိုတော့ ထောင်ဝင်စာသွားတွေ့ ရတာတွေအတွက် ပိုပြီးအဆင် ပြေလာမယ်လို့ ထင်တယ်’’ဟု ဦး ထူးချစ်ကပြောသည်။ လက်ရှိ တွင် ဘန်ခွမ်အကျဉ်းထောင် ရောက် မြန်မာနှစ်ဦးမှာ ခြေချင်းခတ်ခံထားရဆဲဖြစ်ကြောင်း သိရ သည်။

မြန်မာလုပ်သားနှစ်ဦး၏ အ ယူခံဝင်မှုကို ဖေဖော်ဝါရီ ၂၄ ရက် နောက်ဆုံးထား အယူခံဝင်ရန် ထိုင်းအစိုးရက သတ်မှတ်ထားသောကြောင့် ဖေဖော်ဝါရီ ပထမပတ်အတွင်း အယူခံတင်သွင်း မည်ဟု မြန်မာသံရုံးအထူးအဖွဲ့ရှေ့နေဦးအောင်မျိုးသန့်က ပြော သည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး မှ ဥပဒေပညာရှင် ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မှုခင်းဆေး ပညာဆိုင်ရာ ကျွမ်းကျင်သူ ရဲမှူး ကြီး စိုးနိုင်ဦးနှင့် မြန်မာနိုင်ငံ ရှေ့ နေများကောင်စီမှ အယူခံမှုဆိုင် ရာ ကျွမ်းကျင်သူ ဦးဖေခင်တို့ သည် မြန်မာလုပ်သားနှစ်ဦးအယူ ခံဝင်ရေးကိစ္စများ ဆောင်ရွက်ရန် ဇန်န၀ါရီ ၁၁ ရက်က ထိုင်းနိုင်ငံ သို့ သွားရောက်ခဲ့သည်။

မြန်မာနိုင်ငံသားနှစ်ဦး၏ အ မှုသည် အဆုံးသတ်သွားခြင်း မ ဟုတ်ဘဲ အထက်တရားရုံးများ၌ အစွမ်းကုန် ကြိုးစားမည်ဖြစ်ပြီး မြန်မာပြည်သူများ ထိုင်းနိုင်ငံ၏ တရားရေးကဏ္ဍကို ယုံကြည်ပေး စေလိုကြောင်း အကျိုးဆောင် ပေးနေသော ထိုင်းနိုင်ငံ ရှေ့နေများကောင်စီက သတင်းထုတ်ပြန် ထားသည်။

မြန်မာလူငယ်နှစ်ဦးကို ထိုင်းနိုင်ငံတွင် ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)
7Day Daily


No comments: