Friday, January 22, 2016

ညစ်နေရင် လန်းသွားအောင် ကခုန်ပါ

       ကခုန်ခြင်းရဲ့ အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။


ကခုန်ခြင်းဟာ မကောင်းတဲ့ကိစ္စမှ မဟုတ်ဘဲ။ ဒါကြောင့် ရှောင်ကြဉ်နေဖို့လည်း မလိုအပ်ပါဘူး။ ကတတ်သည်ဖြစ်စေ မကတတ်သည်ဖြစ်စေ စိတ်တွေညစ်နေရင်တော့ သီချင်းဖွင့်ပြီးသာ ကလိုက်ပါ။ ကခုန်ခြင်းက စိတ်ကို လန်းဆန်းစေနိုင်တဲ့အပြင် အခြားသော ကောင်းကျိုးတွေလည်း အများကြီး ရှိပါတယ်။
၁။ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိလာစေပါတယ်။
၂။ စိတ်ဖိစီးမှုတွေကို ပျောက်သွားစေပါတယ်။

၃။ ခုန်ပေါက်လှုပ်ရှားရတာကြောင့် နှလုံးကိုလည်း သန်မာစေနိုင်ပါတယ်။
၎။ ခန္ဓာကိုယ်ကို ဟန်ချက်မျှအောင် ထိန်းတတ်လာစေပါတယ်။
၅။ စိတ်ဓာတ်ကျဆင်းမှုကို တိုက်ထုတ်ပေးပါတယ်။

၆။ ကယ်လိုရီတွေကို လောင်ကျွမ်းပေးနိုင်လို့ ဝိတ်ကျချင်ရင်လည်း များများကပါ။
၇။ ခန္ဓာကိုယ်က တောင့်တင်းနေတဲ့ အကြောတွေကို ပြေလျော့စေနိုင်ပါသေးတယ်။
Source : Lifehack

No comments: